Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး MSME Expo 2020 ကျင်းပမည်

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး MSME Expo 2020 ကျင်းပမည်

 

ပြည်တွင်းရှိ အငယ်စား အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် MSME Association Yangon မှ ပထမအကြိမ် MSME Expo 2020 ကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၃ ရက်က ရန်ကုန်မြို့ရှိ Fortune Plaza  တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။

 

MSME Expo 2020 ကို ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ရန်ကုန်မြို့ Fortune Plaza  တွင် ကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် နာမည်ကြီး Brand များအပြင် MSME  လုပ်ငန်းရှင်များ၏ ထူးခြားကောင်းမွန်လှတဲ့ ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် ရရှိနိုင်ပါတယ်။

 

၎င်းအပြင် စားသောက်ကုန်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးကဏ္ဍ၊ မော်တော်ယာဉ်ကုမ္ပဏီနှင့် ဆေးဝါးအစရှိတဲ့ ကုန်ပစ္စည်းများကို ဆိုင်ခန်းပေါင်း ၂၄၀ ကျော်ခန့်ဖြင့် ပြသထားမည်ဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>  ဒုတိယအႀကိမ္ေျမာက္ ေသြးခ်င္းတို႔ပြဲေတာ္ဆီ စာနယ္ဇင္းမိတ္ဆက္ပြဲ

 

ယင်းပြပွဲကို ပြည်တွင်းရှိ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို တစ်စုတစ်စည်းတည်းပြသနိုင်ရန် MSME လုပ်ငန်းများ၏ ထုတ်ကုန်များကို ဈေးကွက်အတွင်း ပြည်ပသွင်းကုန်များ တန်းတူရောင်းချလာနိုင်ရန်အတွက်ဖြစ်ပါတယ်။

 

မြန်မာ့ MSME လုပ်ငန်းများ တိုးတက်လာစေရန် အခြားနိုင်ငံအသီးသီးမှ SME လုပ်ငန်းများ ကုန်သွယ်လုပ်ကိုင်လာနိုင်ပြီး နည်းပညာဖလှယ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ပြပွဲနေရာကတော့ Fortune Plaza (သာကေတ)၊ ဆိုင်ခန်းပေါင်း ၂၄၀ ကျော်ခန့် ပြသထားမှာဖြစ်ပါတယ်။  ကျင်းပမည့်နေ့ရက်ကတော့ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိဖြစ်ပြီး အချိန်ကတော့ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

#Myanmar Food Industry Directory

 

 

ျမန္မာႏိုင္ငံရဲ ႔ ပထမဦးဆံုး MSME Expo 2020 က်င္းပမည္

 

ျပည္တြင္းရွိ အငယ္စား အေသးစားႏွင့္ အလတ္စား (MSME) လုပ္ငန္းမ်ား ဖြံ႔ၿဖိဳးတိုးတက္ေစေရးအတြက္ MSME Association Yangon မွ ပထမအႀကိမ္ MSME Expo 2020 က်င္းပမည္ျဖစ္ေၾကာင္း ဇန္နဝါရီလ ၁၃ ရက္က ရန္ကုန္ၿမိဳ ႔ရွိ Fortune Plaza  တြင္ က်င္းပခဲ့ေသာ သတင္းစာရွင္းလင္းပြဲမွ သိရပါတယ္။

 

MSME Expo 2020 ကို ဇန္နဝါရီလ ၃၁ ရက္မွ ေဖေဖာ္ဝါရီလ ၂ ရက္ေန႕အထိ ရန္ကုန္ၿမိဳ ႔ Fortune Plaza  တြင္ က်င္းပမည္ျဖစ္ၿပီး ျပပြဲတြင္ နာမည္ႀကီး Brand မ်ားအျပင္ MSME  လုပ္ငန္းရွင္မ်ား၏ ထူးျခားေကာင္းမြန္လွတဲ့ ကုန္ပစၥည္းမ်ားကို တစ္ေနရာတည္းတြင္ ရရွိႏိုင္ပါတယ္။

 

၎အျပင္ စားေသာက္ကုန္လုပ္ငန္း၊ ဝန္ေဆာင္မႈလုပ္ငန္း၊ ပညာေရးက႑၊ ေမာ္ေတာ္ယာဥ္ကုမၸဏီႏွင့္ ေဆးဝါးအစရွိတဲ့ ကုန္ပစၥည္းမ်ားကို ဆိုင္ခန္းေပါင္း ၂၄၀ ေက်ာ္ခန္႕ျဖင့္ ျပသထားမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>  ဒုတိယအႀကိမ္ေျမာက္ ေသြးခ်င္းတို႔ပြဲေတာ္ဆီ စာနယ္ဇင္းမိတ္ဆက္ပြဲ

 

ယင္းျပပြဲကို ျပည္တြင္းရွိ MSME လုပ္ငန္းရွင္မ်ား၏ ထုတ္ကုန္မ်ားကို တစ္စုတစ္စည္းတည္းျပသႏိုင္ရန္ MSME လုပ္ငန္းမ်ား၏ ထုတ္ကုန္မ်ားကို ေစ်းကြက္အတြင္း ျပည္ပသြင္းကုန္မ်ား တန္းတူေရာင္းခ်လာႏိုင္ရန္အတြက္ျဖစ္ပါတယ္။

 

ျမန္မာ့ MSME လုပ္ငန္းမ်ား တိုးတက္လာေစရန္ အျခားႏိုင္ငံအသီးသီးမွ SME လုပ္ငန္းမ်ား ကုန္သြယ္လုပ္ကိုင္လာႏိုင္ၿပီး နည္းပညာဖလွယ္ႏိုင္ရန္အတြက္ ရည္ရြယ္က်င္းပရျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

ျပပြဲေနရာကေတာ့ Fortune Plaza (သာေကတ)၊ ဆိုင္ခန္းေပါင္း ၂၄၀ ေက်ာ္ခန္႕ ျပသထားမွာျဖစ္ပါတယ္။  က်င္းပမည့္ေန႕ရက္ကေတာ့ ဇန္နဝါရီလ ၃၁ ရက္မွ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕အထိျဖစ္ၿပီး အခ်ိန္ကေတာ့ နံနက္ (၉) နာရီမွ ညေန (၅) နာရီအထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

#Myanmar Food Industry Directory

Read times Last modified on Thursday, 30 January 2020 14:55
Rate this item
(1 Vote)