Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံ၏ အကြီးမားဆုံး အစားအသောက်နှင့် ဧည့်ခံမှုဆိုင်ရာပြပွဲဖြစ်တဲ့ Food & Hotel Myanmar 2018 ကို ဖွင့်လှစ်ခဲ့ ကမ္ဘာတစ်လွှားရှိ F & B လုပ်ငန်းနယ်ပယ်မှ လုပ်ငန်းလုပ်ကိုင်သူ ၁၈၁ ဦးတို့၏ ပဉ္စမအကြိမ်မြောက် ခင်းကျင်းပြသမှု

ခရီးသွားလုပ်ငန်းတိုးတက်လာမှုနှင့်အတူ ကမ္ဘာတလွှားမှ အစားအသောက်နှင့် ဧည့်ခံကြိုဆိုမှုဆိုင်ရာ လုပ်ငန်းရှင်များသည်

Food & Hotel Myanmar 2018 ပြပွဲပေါင်းကူးမှတစ်ဆင့် တိုးတက်နေသော ဈေးကွက်ကို လာရောက်ရှာဖွေကြပါတယ်။

 

ပြပွဲတွင် ကမ္ဘာအနှံ့ရှိ လုပ်ငန်းရှင် ၂၀၀ တို့၏ စိတ်ဝင်စားမှုများကို ရရှိထားသော အစီအစသ်များလည်း ပါဝင် မည်ဖြစ်ပါတယ်။

 

ယင်းအပြင် ထိုပြပွဲတွင် ၀ယ်ယူသူများရှာဖွေရန်၊ အလားအလာရှိသော လုပ်ဖော်ကိုင်ဖက်များ၊ အရောင်း ကိုယ်စားလှယ်များနှင့် ဆက်ဆံရေးတည်ဆောက်နိုင်ရန် အလွန်ကောင်းမွန်တဲ့ အခွင့်အလမ်းကောင်းများကို ယူဆောင်လာပါတယ်။

 

SamPar Oo1

ယခုကျင်းပသော Food & Hotel Myanmar 2018 တွင် နိုင်ငံပေါင်း ၂၀ တို့မှ ထိပ်တန်းထောက်ပံ့သူ (၂၀၀) ကျော်တို့သည် ယင်းတို့၏ နောက်ဆုံးပေါ် ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို တင်ဆက်ပြသခဲ့ကြပါတယ်။

 

ယင်းအပြင် ယခုနှစ်တွင် လာရောက်ကြည့်ရှုမည့် ဧည့်သည်တော် ၇၅၀၀ တို့သည် ဖိလစ်ပိုင်၊ စင်္ကာပူ၊ တူရကီ၊ အမေရိက၊ ကိုရီးယားမှ နိုင်ငံတကာ ပြခန်းတွဲ ၂ ခန်း အပါအ၀င် နိုင်ငံတကာပြခန်းတွဲ ၆ ခန်းကို လည်း တွေ့မြင်နိုင်ပါတယ်။

 

Food & Hotel Myanmar သည် မြန်မာနိုင်ငံတွင် အခိုင်မာဆုံး ထောက်ပံ့မှုများကို ရရှိထားသော ပြပွဲဖြစ်ကာ Ministry of Hotels & Tourism, Myanmar Hotelier Association, Myanmar Restaurant Association, Myanmar Chefs’ Association, Myanmar Retailers Association, Myanmar Food Processors and Exporters Association, Food Science and Technology Association (Myanmar), Barista Association of Myanmar, Myanmar Coffee Association, World Association of Chefs Societies (WACS) နှင့် World Chefs Without Boarders (WCWB) တို့၏ ထောက်ပံ့မှုများကိုလည်း ရရှိထား ပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:17
Rate this item
(2 votes)