Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


China (Chongquing) - Myanmar Friendship Week and Cooperation Forum တွင် မြန်မာစားသောက်ကုန်များ ခင်းကျင်းပြသသွားမည်

တရုတ်နိုင်ငံ၊ ချုံချင့်ဒေသတွင် ယခုနှစ်၊ မတ်လပထမပတ်အတွင်း ၅ ရက်ကြာ ကျင်းပပြုလုပ်မည့် China(Chongqing) - Myanmar Friendship Week and Cooperation Forum တွင် မြန်မာ့ထုတ်ကုန် ပစ္စည်းများအား ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဖိုရမ်တွင် မြန်မာနိုင်ငံမှ အဆင့်မြင့် ထုတ်လုပ်ထားသော စားသောက်ကုန်ပစ္စည်းများ၊ အဖျော်ယမကာ များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ သစ်သီးဝလံများ၊ မြန်မာ့လက်မှုပစ္စည်းများ၊ အမှတ်တရလက်ဆောင်ပစ္စည်း များနှင့် အခြားထွက်ကုန်ပစ္စည်းများအား မိတ်ဆက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ပါဝင်ပြသလိုသော ပြည်တွင်းမှ လုပ်ငန်းရှင်များအနေနှင့် ယင်းတို့၏ ထုတ်ကုန်ပစ္စည်းနမူနာ အနည်းငယ်စီ ကို တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ကုန်ကျစရိတ်အား မြန်မာသံရုံးမှ ကျခံပေးသွားမည်ဖြစ်ကြောင်း၊ ထိုနမူနာပစ္စည်းများကို တရုတ်နိုင်ငံရှိ မြို့ကြီးများတွင်ဖွင့်လှစ်မည့် မြန်မာ့ ထွက်ကုန် မြှင့်တင်ရေးပြခန်းများတွင် ဆက်လက်ပြသကာ မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုများ တိုးမြင့်လာစေရန်၊ ကုန်ပစ္စည်းထုတ်လုပ်သူ များနှင့် ကုန်သည်များအကြား ပိုမိုချိတ်ဆက်ဆောင်ရွက်လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါ China(Chongqing) - Myanmar Friendship Week and Cooperation Forum ကို ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖိုရမ်သို့ တရုတ်နိုင်ငံ၊ ချုံချင့်ဒေသနှင့် အခြားဒေသများမှ ကုန်သည်ကြီးများ၊ ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

myotaw.news/

Read times
Rate this item
(0 votes)