Event & Exhibition
×
Warning
JUser: :_load: Unable to load user with ID: 540
ကုန်သည်စက်မှုအသင်းချုပ် အခြေခံစားသောက်ကုန်များကို သက်သာ နှုန်းထား ရောင်းချမည့် အချိန်ဇယား ထုတ်ပြန်
ကုန်သည်စက်မှုအသင်းချုပ် အခြေခံစားသောက်ကုန်များကို သက်သာ နှုန်းထား ရောင်းချမည့် အချိန်ဇယား ထုတ်ပြန်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သည် ညီနောင်အသင်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၊ အောက်ပါ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတို့နှင့် ပူးပေါင်း၍ ဖော်ပြပါ နေ့ရက်များတွင် ဆန်၊ ဆီ နှင့် အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ပြည်သူများသို့ ရောင်းချမည် ဖြစ်ပါသည်။
စဉ် နေ့ရက် နေရာ
(၁) ၃၀-၃-၂၀၂၀ (တနင်္လာနေ့) ရွှေပြည်သာစက်မှုဇုန် (၁) (၂) (၃) (၄)
(၂) ၃၁-၃-၂၀၂၀ (အင်္ဂါနေ့) ရွှေလင်ဗန်းစက်မှုဇုန်
(၃) ၁-၄-၂၀၂၀ (ဗုဒ္ဓဟူးနေ့) တောင်ဒဂုံစက်မှုဇုန်
၄) ၂-၄-၂၀၂၀ (ကြာသပတေးနေ့) ဒဂုံဆိပ်ကမ်းစက်မှုဇုန်
(၅) ၃-၄-၂၀၂၀(သောကြာနေ့) လှိုင်သာယာစက်မှုဇုန် (၁) (၂) (၃) (၄) (၆) (၇)
• ရောင်းချပေးမည့်နေရာ - သက်ဆိုင်ရာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးရှေ့
• အချိန် - ညနေ (၄) နာရီတိတိ
၂။ ယင်းသို့လှည့်လည်ရောင်းချခြင်းဖြင့် လတ်တလော COVID-19 အရေးကြောင့် အများပြည်သူ ဝယ်ယူစားသုံးနေသည့် အခြေခံစားသောက်ကုန်များ ဈေးကွက်အတွင်း ပြတ်လပ်ခြင်း မရှိစေရန်နှင့် ဈေးနှုန်း ကြီးမြင့်ခြင်းမရှိစေရန်အတွက် ညှိနှိုင်းထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဒေသတွင်းဖွင့်လှစ်ရောင်းချနေသည့် အိမ်ဆိုင်များ၊ လက်လီ၊ လက်ကားလုပ်ငန်းများ ထိခိုက်မှုမရှိစေရန် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပုံကို နှိပ်ပါ
Screenshot from 2020 03 26 08 49 32
ပြီးခဲ့သည့် မတ်လ (၂၆) ရက်နေ့ ညနေပိုင်းတွင် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးရှေ့တွင် အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ပြည်သူများသို့ ရောင်းချပေးခဲ့ပါသည်။
ယနေ့တွင် ဆန် ၅ ပြည် ထည့်ထားသော အိတ်ရေ ၂၀၀၀၊၂၄ ပြည်ခွဲဝင် ဆန်အိတ်ရေ ၂၀၀၊ စားအုန်းဆီ ၅၀ သားဆန့် ဗူး ၁၀၀၀၊ ဆား အထုပ်ရေ ၁၅၀၀ တို့ကို ဆန်တစ်ပြည်လျှင် ၁၀၀၀ ကျပ်၊ ဆားတစ်ထုတ်လျှင် ၁၀၀ ကျပ်၊ Meizan ဟင်းသီးဟင်းရွက်ဆီတစ်ဗူး ကျပ် ၁၅၀၀၊ ရာသက်ပန် နေကြာဆီတစ်ဗူး ကျပ် ၈၀၀၊ ရာသက်ပန် ဟင်းသီးဟင်းရွက်ဆီတစ်ဗူး ၁၄၀၀ နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ရာ ခန့်မှန်းလူဦးရေ ၁၄၀၀ ဝန်းကျင်ခန့် ဝယ်ယူခဲ့ကြသည်။
လတ်တလော COVID-19 အရေးကြောင့် လှိုင်သာယာစက်မှုဇုန်ရှိပြည်သူများထံ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ဆားများကို ဈေးကွက်အတွင်း ပြတ်လပ်ခြင်း မရှိစေရန်နှင့် ဈေးနှုန်း ကြီးမြင့်ခြင်းမရှိစေရန်အတွက် ညှိနှိုင်းထိန်းသိမ်းရန် ရည်ရွယ်၍ သက်သာသော နှုန်းထားဖြင့် ယခုကဲ့သို့ လိုက်လံရောင်းချပေးခဲ့ခြင်းဖြစ်ပါသည်။
zawgyi
(၂၀၂၀ ခုနှစ်၊ မတ်လ ၂၈ ရက်၊ ရန်ကုန်မြို့)
စဉ် နေ့ရက် နေရာ
၎) ၂-၄-၂၀၂၀ (ကြာသပတေးနေ့) ဒဂုံဆိပ်ကမ်းစက်မှုဇုန်
• အချိန် - ညနေ (၄) နာရီတိတိ
Read times
Rate this item
(0 votes)