Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ပဉ္စမအကြိမ် နိုင်ငံတကာ စိုက်ပျိုးရေး လုပ်ငန်းသုံး ပစ္စည်းများဆိုင်ရာ ကုန်စည်ပြပွဲ ကျင်းပမည်

ပဉ္စမအကြိမ်မြောက် နိုင်ငံတကာ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာ၊ ဓာတုဆေးဝါးများနှင့် စက်ပစ္စည်းများဆိုင်ရာ

ကုန်စည်ပြပွဲကို နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ အပါအဝင် ပြည်ပမှ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတ်မြေသြဇာ၊ ဓာတုဆေးဝါးများနှင့် စက်ပစ္စည်းများ ထုတ်လုပ်နေသော ကုမ္ပဏီများက ပွဲရက်များတွင် နေ့စဉ် နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ရောင်းချပေးမည် ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်လေ့လာ ကြည့်ရှုနိုင်သည်။ ထို့ပြင် ပွဲတွင်ပါဝင်ပြသ ကြမည့် ကုမ္ပဏီ၊ လုပ်ငန်းများ အချင်းချင်း လုပ်ငန်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ရန် ဆွေးနွေးမှု အစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။

 

ထို့ပြင် ပြည်တွင်းပြည်ပမှ စိုက်ပျိုးရေးလုပ်ငန်း ကဏ္ဍနှင့်ပတ်သက်သော ပညာရှင်တချို့က စိုက်ပျိုးရေးနှင့် သက်ဆိုင်သော အကြောင်းအရာများကို ဟောပြောပေးမည် ဖြစ်ပြီး ပါဝင်ပြသလိုသော ကုမ္ပဏီများ အနေဖြင့် ဖုန်း-ဝ၉-၄၂ဝဝ၂၅၆၈၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

Source: Myawady

Read 1053 times Last modified on Friday, 26 October 2018 21:24
Rate this item
(1 Vote)