Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်ငါးကြင်း လေလံရောင်းချမယ့် ဈေးပွဲတော်

Unicode

ဂျပန်ငါးကြင်း လေလံရောင်းချမယ့် ဈေးပွဲတော်

မြန်မာနိုင်ငံအလှမွေးငါးလုပ်ငန်းရှင်များအသင်း၊ Myanmar Pet Centre (MPC) နှင့် KOIX JAPAN CORPORATION တို့ ပူးပေါင်း၍ ဒီဇင်ဘာအထူး အလှမွေးငါးရောင်းချခြင်း ဈေးပွဲတော်ကို မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံ၊ Kan Thar Yar Recreation Centre (Level 2, 2F-01) တွင် (၂၁.၁၂.၂၀၁၉) မှ (၂၉.၁၂.၂၀၁၉) ရက်နေ့အထိ  ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ပြီး အထူးအစီအစဉ်အနေဖြင့်  KOIX JAPAN CORPORATION မှ အလှမွေးငါးကြင်းများကို (၂၁.၁၂.၂၀၁၉) မှ (၂၂.၁၂.၂၀၁၉) ရက်နေ့ နေ့လည် (၁း၀၀) နာရီမှ ညနေ (၆း၀၀) နာရီအထိ စနေ၊ တနင်္ဂနွေ (၂) ရက် တည်းသာ လေလံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။


မြန်မာနိုင်ငံ အလှမွေးငါးလုပ်ငန်းရှင်များအသင်းနှင့်  Myanmar Pet Centre (MPC) တို့ အနေဖြင့် ဂျပန်နိုင်ငံ  KOIX JAPAN CORPORATION  အားဖိတ်ခေါ်၍ အလှမွေးငါးလုပ်ငန်းရှင် များနှင့် ဝါသနာရှင်များအတွက် ဗဟုသုတ၊ အသိပညာဈေးကွက်နှင့် အရည်အသွေးများ သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံအလှမွေးငါးလုပ်ငန်းရှင်များအသင်း Myanmar Pet Centre (MPC)  တို့ အနေဖြင့် အများပြည်သူ ကျောင်းသား/များအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန်၊ ခြင်မှကူးဆက်တတ်သောရောဂါများ ကာကွယ်ရန်တို့အတွက် ခြင်လောက်လန်းစာငါးများ အကြောင်းအား သိရှိစေရန် ဝေမျှခြင်း၊ ပြည်တွင်းပြည်ပ အလှမွေးငါးများ၏ ဗဟုသုတရဖွယ် စာအုပ်များကိုလည်းဖတ်ရှုလေ့လာနိုင်ပါရန် ခင်းကျင်းပြခြင်း၊ ချောင်းသာမှ အဏ္ဏဝါပုသိမ်အလှမွေးငါးရောင်းဝယ်ရေးလုပ်ငန်း၏ ပင်လယ်အလှမွေး ငါးများနှင့် သန္တာကျောက်တန်းများကိုလည်း ပါဝင်ပြသရောင်းချသွားမည်ဖြစ်ပါကြောင်း  Myanmar Pet Centre (MPC) အနေဖြင့်လည်း အလှမွေးငါးစုံ၊ အပင်ကန်၊ အိမ်မွေးတိရစ္တာန်များနှင့် ၎င်းတို့အတွက် ဆက်စပ်ပစ္စည်းများအား ဆိုင်ခန်းဖွင့်လှစ်ကာ စတင်ရောင်းချသွားမည်ဖြစ်ပါတယ်။

 

Read More >>>>>   သစ်သီးဝလံများ တင်ပို့မှု တုံ့ဆိုင်းနေရခြင်း အပေါ် တောင်သူများ အဆင်ပြေစေရေး ဆွေးနွေး

 

ဈေးပွဲတော်ကို (၂၁.၁၂.၂၀၁၉) မှ (၂၉.၁၂.၂၀၁၉) ထိ၊ နံနက် (၉း၀၀) နာရီမှ ည (၉း၀၀) နာရီအထိ ကျင်းပသွားမှာ  ဖြစ်ပါတယ်။

 

ကျင်းပမယ့်နေရာကတော့ ကန်သာယာပန်းခြံ၊  Kan Thar Yar Recreation Centre (Level 2, 2F-01)၊  မြောက်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပါတယ်။

 

#Myanmar Food Industrial Directory

 

 

 

fish farm


 


 


 



 


 


Read times Last modified on Monday, 03 February 2020 12:45
Rate this item
(0 votes)