Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


Yum Yum မှ ကျန်ရှိနေသေးသည့် Nissan Sunny ကားကံထူးရှင်ကို မဲနှိုက်ရွေးချယ်

Yum Yum ပုစွန်ချဉ်စပ်နှင့် X-Cite ခေါက်ဆွဲ စားသုံးသူများအား Nissan Sunny ကားသစ် (၈) စီး ကံစမ်းမဲမှ နောက်ဆုံးကျန်ရှိနေသေးသည့်

ကားသစ်တစ်စီးအတွက် ကံထူးရှင်အား မီဒီယာများရှေ့မှောက်တွင် မဲနှိုက်ရွေးချယ်ပေးသည့် အခမ်းအနားကို နိုဝင်ဘာလ (၁၀) ရက်နေ့က ရန်ကုန်မြို့၊ Park Royal Hotel တွင် ကျင်းပခဲ့ပါတယ်။

 

အခမ်းအနားတွင် ရသာချို စက်မှုလုပ်ငန်းမှ ဈေးကွက်မြှင့်တင်ရေး ဒုတိယအထွေထွေမန်နေဂျာဖြစ်သူ ဦးဝေဖြိုးအောင်မှ “အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေတဲ့ ကံထူးရှင်တစ်ဦးကို မဲနှိုက်ရွေးချယ်ပေးသွားပါတယ်။

 

ကျွန်တော်တို့ပြောထားတဲ့အတိုင်း အဲဒီကားသစ်ကြီးကို ကုမ္ပဏီမှာ လုံးဝချန်မထားဘဲ စားသုံးသူလက်ထဲသို့ မရောက်ရောက်အောင် ပို့ပေးသွားမှာပါ ”ဟု ပြောကြားခဲ့ပါတယ်။

 

ယင်း ကားသစ်တစ်စီးမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ ပြုလုပ်ခဲ့သည့် ကား (၈) စီး ကံစမ်းမဲအစီအစဉ်တွင် ရသာချိုစက်မှုလုပ်ငန်းမှ အကြိမ်ကြိမ် မဲနှိုက်ရွေးချယ်ပေးခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စားသုံးသူလက်ဝယ် မရောက်ရှိဘဲ ကျန်ရှိနေဆဲဖြစ်နေရာ ယခုနောက်ဆုံးအနေနှင့် စားသုံးသူများထံမှ ယမ်ယမ်အိတ်ခွံများကို စာတိုက်သေတ္တာအမှတ် (၇၀၄) သို့ ပေးပို့စေခဲ့ပြီး ရွေးချယ်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ဒီကနေ့ မဲနှိုက်ရွေးချယ်ပွဲတွင် ကံထူးရှင်ကို ဖုန်းဆက်၍ တိုက်ရိုက်အကြောင်းကြားပေးခဲ့ပြီး ကံထူးရှင်က နိုဝင်ဘာလ (၂၀) ရက်နေ့ နောက်ဆုံးထားကာ ကားဆုကို လာရောက်ထုတ်ယူရမည်ဖြစ်ပြီး ကံထူးရှင်မှာ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့မှ ကိုဇော်ဝင်းဖြစ်ကာ ပေါက်မဲနံပါတ်မှာ AA28P74P39 ဖြစ်ကြောင်း သိရပါတယ်။

Read times
Rate this item
(0 votes)