Event & Exhibition
အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲဗဟိုဌာန၌ ကျင်းပမည့် ဒုတိယအကြိမ်ကမ္ဘာ့ဆန်နှင့် ဂျုံခေါက်ဆွဲပြပွဲတွင်မြန်မာကုန်သည်များပြသနိုင်ရန်ဖိတ်ခေါ်
ဒုတိယအကြိမ်ကမ္ဘာ့ဆန်နှင့်ဂျုံခေါက်ဆွဲပြပွဲ(2nd World Rice & Flour Noodle Industry Expo ) ကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နန်နင်းမြို့ရှိအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲဗဟိုဌာနတွင်
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက် မှ နိုဝင်ဘာလ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး၊ မြန်မာကုန်သည်များအား ဖိတ်ကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဒေါ်နော်မူတာကပေါက ဆင်ဟွာသို့ အောက်တိုဘာ၂၇ ရက်တွင်ပြောကြားသည်။
“COVID-19 ရောဂါအခြေအနေကြောင့် လူကိုယ်တိုင်သွားဖို့မဖြစ်နိုင်ရင် အွန်လိုင်းကနေတက်ရောက်လို့ရမယ်လို့သိရတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာကျွန်မတို့မြန်မာစီးပွားရေးသံမှူးတွေရှိပါတယ်။
နန်နင်းမှာလည်းရှိပါတယ်။ E-commerce နဲ့လုပ်လို့ရအောင်စီစဉ်ပေးဖို့လုပ်ထားတယ်။အွန်လိုင်းကနေချိတ်ဆက်ဆောင်ရွက်နိုင်တယ်’’ဟု၎င်းကဖြည့်စွက်ပြောကြားသည်။
အဆိုပါပြပွဲ၌မြန်မာနိုင်ငံ၏အဓိကအစားအစာယဉ်ကျေးမှုနှင့်အရေးပါသည့်ကုန်ပစ္စည်းများကိုခင်းကျင်းပြသနိုင်ရန်နန်နင်းမြို့၊မြန်မာကောင်စစ်ဝန်ချုပ်ရုံးအတွက် (၃၆) စတုရန်းမီတာအကျယ်ရှိသောပြခန်းအားအခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံ၏အဓိကအစားအစာယဉ်ကျေးမှုနှင့်အရေးပါသည့်ကုန်ပစ္စည်းများကိုခင်းကျင်းပြသရန်တရုတ်နိုင်ငံတွင်ရုံးခွဲများဖွင့်လှစ်ထားသောမြန်မာနိုင်ငံမှခေါက်ဆွဲနှင့်ဟင်းခပ်အမွှေးအကြိုင်လုပ်ငန်းများကလာရောက်ပြသရေးအတွက် အထောက်အကူပြုပေးရန်ဖိတ်ကြားထားကြောင်းသိရသည်။
ပြပွဲနှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက Web:
Email- emilyhuangxq@163.com ၊
Tel: + 86-771-2268022
သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့်ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊
ရုံးအမှတ်(၃)၊နေပြည်တော်၊
ဖုန်း-၀၆၇-၃၄၀၈၆၀၈၊
၀၆၇-၃၄၀၈၆၂၂၊
၀၆၇-၃၄၀၈၆၂၃ နှင့်
email: moctradefair@gmail.comနှင့်
သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှသိရသည်။ (Xinhua)