Event & Exhibition
အစားကောင်းကောင်းကြိုက်သူများအတွက် Duwun Food Carnival 2018
မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး အွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ Duwun ကနေ စီစဉ်ပြီး မက်ဂီ
ခရုဆီနဲ့ ပဲငံပြာရည်မှ အဓိက တင်ဆက်လိုက်တဲ့ Duwun Food Carnival ပွဲကို ၂၀၁၇ ခုနှစ် မတ်လတုန်းက ပထမအကြိမ်ကျင်းပခဲ့ပြီး ယခု ဒုတိယအကြိမ်ကိုတော့ လာမည့် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နဲ့ ၂၈ ရက် တွေမှာ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။
ယခုပွဲအစီအစဉ်တွင် ယခင်နှစ်ကထက်ပို၍ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ပါဝင်ပြီး စုံလင်တဲ့ နာမည်ကျော်စားသောက်ကုန်လုပ်ငန်းကြီးတွေ၊ စားသောက်ဆိုင်တွေက ပူးပေါင်းပါဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
နိုင်ငံတကာစံနှုန်းများနဲ့အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး Duwun အစားအသောက်ပွဲတော်ကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် ပြည်သူ့ရင်ပြင် ကွင်းအမှတ် (၁) တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လူကြီးနှင့်လူငယ်များအတွက် နာမည်ကျော်အဆိုတွေဖြစ်တဲ့ ဇော်ပိုင်၊ G-Latt, အောင်ထက်၊ ကျော်ဇင်မင်း၊ အိမ့်ချစ်၊ L-ဆိုင်းဇီ၊ ဂျူဝယ်၊ Hangover Acappella အဖွဲ့၊ Born4U Music Band နှင့် Kingsman မျက်လှည့်အဖွဲ့တို့ရဲ့ သီဆိုဖျော်ဖြေမှုများအပါအ၀င် K-Pop Cover Dance ဖျော်ဖြေမှုများ၊ အခြားဖျော်ဖြေရေး အစီအစဉ်များစွာ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
ကလေးများအတွက်ကတော့ Mo Mo Play ကစားကွင်းတွင် ကစားနိုင်ပါတယ်။ Wi-Fi ကိုလည်း ပြပွဲအချိန်အတွင်း Free လွှင့်ထားမည်ဖြစ်ကြောင်းနှင့် ပွဲအတွင်းတွင် ထိခိုက်ဒဏ်ရာအနာတရ ရရှိလျှင်လည်း ဆရာဝန်များ၏ အကူအညီကို ရယူထားကြောင်း သိရပါတယ်။
Duwun Food Carnival 2018 ကို မက်ဂီ ခရုဆီနဲ့ ပဲငံပြာရည်မှ အဓိက တင်ဆက်ပြီး Co-Sponsor အဖြစ် YKKO နဲ့ YES မြေပဲဆီ၊ Nutrition Partner အဖြစ် အားဖြည့်ဆန်၊ Media Partners များအဖြစ် Ayathar နှင့် Skynet Up-to-Date Channel, Medical Partner အဖြစ် Enzyplex Myanmar, Fun Corner Sponsor အဖြစ် Momoplay တို့က ပါဝင်၍ ကူညီပံ့ပိုးပေးထားကြောင်း သိရပါတယ်။
ပွဲဝင်ကြေးကိုတော့ အခမဲ့သတ်မှတ်ထားပြီး ပွဲကျင်းပမည့်အချိန်က နံနက် ၁၁ နာရီမှ ည ၉ နာရီအထိ နှစ်ရက်ဆက်တိုက် ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။