Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ASEAN-Korea Excellent Design Exhibition Awards

စားသောက်ကုန်များကို တာရှည်ခံအောင် ပြုပြင်စီမံပြီး ထုပ်ပိုးရောင်းချသည့်အခါ စွဲလမ်းစရာ အရသာမွန် ဖြစ်ဖို့လိုသည့်အပြင် ကျန်းမာရေးအတွက် သန့်သန့်ရှင်းရှင်း ဖြစ်ဖို့လိုသည်။ သို့မှသာ ရေရှည်ဝယ်လိုအားကို ရရှိနေမည်။ ဝယ်ယူသူမှ ဝယ်လိုဖို့ ဆုံးဖြတ်ချက်ချဖြစ်ဖို့ဆိုသည်မှာ ထုပ်ပိုးထားပုံက လိုချင်စရာလေး ဖြစ်နေဖို့ လိုသည်။ တစ်မူထူးခြားနေဖို့လည်း လိုသည်။ သို့ဖြစ်ရာ ထုပ်ပိုးဒီဇိုင်းများသည် အထဲမှာ ထည့်ထားသည့် စားသောက်ကုန်နည်းတူ အရေးပါပေသည်။


 

ASEAN-Korea Excellent Design Exhibition Award ထုပ်ပိုးဒီဇိုင်း ပြိုင်ပွဲသို့ အာဆီယံကိုးနိုင်ငံဖြစ်သောဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် 

တို့မှ ဒီဇိုင်းအေဂျင်စီများနှင့် အလွတ်တန်းဒီဇိုင်းသမားများ စုစုပေါင်း ၂၉ ဦးတို့ထံမှ တင်သွင်းသည် ထုတ်ပိုးဒီဇိုင်း ၄၆ ခုမှ ၉ ခုကို ရွေးချယ်ခဲ့ပါသည်။


ဘရူနိုင်းမှ DREAM FOODS မှ ထုတ်လုပ်သော Rojak B.A.R
အင်ဒိုနီးရှားမှ TROINUM မှ Boenbeans Chocolate Bar
မြန်မာနိုင်ငံမှ GREENOVATION DESIGN & PACKAGING SOLUTIONS ၏ Dr.Face skin care
ဖိလစ်ပိုင်မှ KALINGA FOOD TREAT ၏ Heirloom Unay Rice
ဖိလစ်ပိုင်မှ TOGETHER WE DESIGN ၏ Cravewell Crisps
စင်ကာပူမှ TRIA ၏ 4Fingers Hands-on
စင်ကာပူမှ CREATIVEANS ၏ Pek Sin Choon's DIY Chinese tea preparation kit
ထိုင်းမှ APAUL ၏ Thai Herbal Inhaler
ဗီယက်နမ်မှ REAL BEAN COFFEE ၏ CA PHE Vietpresso

 

 

Read times Last modified on Tuesday, 01 December 2020 10:18
Rate this item
(0 votes)