Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံဈေးကွက်အတွက် အထူးထုတ်လုပ်ထားသည့် 100PLUS Active Tasty Lemon ထုတ်ကုန်အသစ် စတင်မိတ်ဆက်

မြန်မာနိုင်ငံ၏ ထိပ်တန်း ရေဓာတ်ဖြည့်အချိုရည် (Sports Drink) အမျိုးအစားဖြစ်သော 100PLUS က နွေရာသီ အခါသမယကို ကြိုဆိုသည့်အနေဖြင့် မြန်မာနိုင်ငံတွင် 100PLUS Active Tasty Lemon ထုတ်ကုန်အသစ်ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။

100PLUS အချိုရည် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော Fraser and Neave (F&N) ကုမ္ပဏီအနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် ယခုကဲ့သို့ မြန်မာနိုင်ငံ ဈေးကွက်အတွက် ရေဓာတ်ဖြည့်အချိုရည် အသစ်တစ်မျိုးကို အထူး ထုတ်လုပ်ပေးခြင်း ဖြစ်ပါသည်။

 

၂၀၁၉ ခုနှစ်၊ မတ်လမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝယ်ယူရရှိနိုင်မည့် 380ml အရွယ်အစားရှိ 100PLUS Active Tasty Lemon အချိုရည်ဘူးများသည် 100PLUS အမှတ်တံဆိပ်၏ gas မပါဝင်သည့် ထုတ်ကုန်ဖြစ်ပြီး ပုံစံအသစ် တစ်မျိုးဖြင့် စားသုံးသူများ ၏ နေ့စဉ် လန်းဆန်းတက်ကြွစွာ လှုပ်ရှားသွားလာနေရသည့် လူနေမှုဘဝများကို ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။

 

100PLUS Active Tasty Lemon ထုတ်ကုန်အသစ်ကို ကုမ္ပဏီ၏ ကိုယ်ပိုင်စစ်တမ်းအရ တွေ့ရှိခဲ့သော စားသုံးသူများ ကြိုက်နှစ်သက်သည့် အချက်များအပေါ် မူတည်၍ ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အဓိက ရလဒ်များမှာ အချဉ်အရသာ လီမွန်အနံ့နှင့် ရွှေအဆင်းကို ကိုယ်စားပြုသည့် အဝါရောင်တို့ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။

 

Read More >>>>>  ရေသန့်စက်ရုံများကို တစ်လလျှင် အနည်းဆုံး ၁၆ ခုနှင့်အထက် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်

 

ခြောက်လခန့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးနောက် 100PLUS သည် ဗီတာမင် ဘီ ဓာတ်များ ပေါင်းစပ်ပါဝင်ပြီး ရေဓာတ် ပြန်လည်ဖြည့်တင်းပေးနိုင်သည့် အရသာထူးခြား ကောင်းမွန်သော သောက်သုံးချင်စဖွယ် ထုတ်ကုန်သစ်ကို ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါ ထုတ်ကုန်သစ်သည် ရေထက်ပို၍ မြန်ဆန်စွာ ပြန်လည်ရေဓာတ်ဖြည့်နိုင်ပြီး သိသိသာသာ ထူးခြားကောင်းမွန်သည့် လီမွန်အနံ့အရသာဖြင့် ခန္ဓာကိုယ်အား လန်းဆန်းတက်ကြွစေမည့်အပြင် ဗီတာမင် B3 ၊ B6 နှင့် B12 တို့ဖြင့် ပြန်လည် ပြန်လည်အားပြည့်စေသောကြောင့် မောပန်းနွမ်းနယ်မှုများကို ပြေပျောက်စေမည် ဖြစ်ပါသည်။

 

100PLUS Active Tasty Lemon ထုတ်ကုန်သစ် စတင်မိတ်ဆက်ခြင်းကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် 100PLUS က ဆီဒိုနားဟိုတယ်ရန်ကုန်ရှိ Grand Ballroom တွင် အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက်ကိုယ်စားလှယ်များ၊ စားသုံးသူများနှင့် သတင်းမီဒီယာမှ တာဝန်ရှိသူများက အချိုရည်၏ ထူးကဲကောင်းမွန်သည့် အရသာကို အတူတကွ စတင်မြည်းစမ်းခဲ့ကြသည်။

 

100PLUS အနေဖြင့် အလားတူ ဂုဏ်ပြု ကြိုဆိုသည့် အခမ်းအနားများကို လာမည့် ရက်သတ္တပတ်များတွင် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ကလေး၊ ပြည်၊ တောင်ကြီး နှင့် ပဲခူးမြို့များတွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ထောင်ပေါင်း များစွာသော လူအများအတွက် 100PLUS Active Tasty Lemon အရသာသစ်အား မြည်စမ်းနိုင်ရန် အခမဲ့ တိုက်ကျွေးသွားမည် ဖြစ်ပါသည်။

 

“100PLUS က အားကစားကဏ္ဍ တိုးတက်ရေးနဲ့ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝ ရရှိနိုင်ဖို့အတွက် အစွမ်းကုန် ကူညီ ပံ့ပိုးနေချိန်မှာ အလုပ်တာဝန်တွေ များပြားလှတဲ့ ကျောင်းသားတွေနဲ့ ပရော်ဖက်ရှင်နယ်တွေလို မတူညီတဲ့ စားသုံးသူ အုပ်စုတွေကနေ အရသာကောင်းကောင်းနဲ့ သောက်သုံးနိုင်တဲ့ ရေဓာတ်ဖြည့်အချိုရည်မျိုးကို သောက်သုံးချင်ကြတယ် ဆိုတာ တွေ့ရှိခဲ့ပါတယ်။

 

လပေါင်းများစွာ အကောင်အထည်ဖော် ဆောင်ရွက်အပြီးမှာတော့ မြန်မာနိုင်ငံအတွက် အထူး ထုတ်လုပ်ထားတဲ့ 100PLUS Active Tasty Lemon ထုတ်ကုန်သစ်ကို ဝမ်းမြောက်ဂုဏ်ယူစွာ မိတ်ဆက်လိုက်ပါပြီ။ ဒီ ရေဓာတ်ဖြည့် အချိုရည်သစ်ကို တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေဖို့ အလိုအပ်ဆုံးဖြစ်တဲ့ တစ်နှစ်တာအတွင်း အပူချိန် အမြင့်ဆုံး အချိန်ကာလမှာ မိတ်ဆက်လိုက်တာဖြစ်လို့ လှုပ်ရှားသွားလာနေရတဲ့သူတွေအားလုံး 100PLUS Active Tasty Lemon ကို နေ့စဉ် ပုံမှန် သောက်သုံးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

 

အချိုရည်အသစ်ကို ခမ်းခမ်းနားနား ကြိုဆို ဂုဏ်ပြုတဲ့အနေနဲ့ ဘယ်သူမဆို အလွယ်တကူ ပါဝင်ကံစမ်းနိုင်ပြီး မြန်မာကျပ်ငွေ သိန်း ၅,၀၀၀ ကျော် တန်ဖိုးရှိ ဆုပေါင်းများစွာကို ပေးအပ်သွားမယ့် 100PLUS ရဲ့ ပထမဦးဆုံး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကံစမ်းမဲအစီအစဉ်ကြီးတစ်ခုကို ပြုလုပ်နေပါတယ်။” ဟု F&N Myanmar ၏ Country Manager ဖြစ်သူ Mr Freddy Oh က ပြောသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်သွားမည့် 100PLUS ပရိုမိုးရှင်းအစီအစဉ်

100PLUS က မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်သွားမည့် အရောင်းမြှင့်တင်ရေး ကံစမ်းမဲအစီအစဉ်တစ်ခုကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ  ပြုလုပ်သွားမည် ဖြစ်ပါသည်။

 

380ml အရွယ်အစားရှိ မည်သည့် 100PLUS အချိုရည်ဘူး (100PLUS ပုံမှန်အရသာ၊ 100PLUS ဘယ်ရီအရသာ၊ 100PLUS လိမ္မော်အရသာ နှင့် 100PLUS လီမွန်အရသာ) ကိုမဆို ဝယ်ယူ  သောက်သုံးသူများအနေဖြင့် အောက်ပါကံစမ်းမဲများကို ဆွတ်ခူးနိုင်မည့် အခွင့်အရေး ရရှိနိုင်မည် ဖြစ်ပါသည်။


·       အထူးဆုကြီး - 2018 Suzuki Swift ကား - ၁ ဆု

·       ရွှေပြား (တစ်ကျပ်သား) - ၅၀ ဆု

·       ငွေကျပ် ၁၀၀,၀၀၀ - ၁၀၀ ဆု

·       မည်သည့် ဆက်သွယ်ရေးအော်ပရေတာ ဖုန်းနံပါတ်မဆို ဖြည့်သွင်းနိုင်သည့် ကျပ် ၁,၀၀၀ တန် ငွေဖြည့်ကုဒ် နံပါတ် - ၅၀၀,၀၀၀ ဆု

 

စားသုံးသူများသည် ဘူးအဖုံးအတွင်းဘက်အား စစ်ဆေးပြီး ချက်ချင်းထုတ်ယူနိုင်သော ဆုမဲများ ရှိ၊ မရှိ စစ်ဆေးရမည် ဖြစ်ပါသည်။ ပရိုမိုကုဒ် ကံထူးပါက ၎င်းပရိုမိုကုဒ်ကို +၉၅၉ ၉၆၉၆၉၆၁၀၀ သို့ မက်ဆေ့ပေးပို့ကာ ကျပ် ၁,၀၀၀ ဖုန်းငွေဖြည့်ဆုများ ရယူနိုင်မည် ဖြစ်ပါသည်။


နွေရာသီတွင် ရေဓာတ်ဖြည့်တင်းနိုင်မှု၏ အရေးပါပုံ

နွေရာသီတွင် မြင့်တတ်လာသောအပူရှိန်ကြောင့် လူအများသည် ရေဓာတ်ဆုံးရှုံးနိုင်ခြေပိုမို လွယ်ကူလာပြီး အပူ၊ အအေး ပြောင်းလဲမှုကြောင့်  ဖြစ်တတ်သော ရောဂါများဖြစ်သည့် ကြွက်တက်ခြင်း၊ အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်း နှင့် အပူကြီးခြင်းကြောင့် လေဖြတ်ခြင်း စသည်တို့ ဖြစ်ပွားနိုင်ပါသည်။

 

 နွေရာသီတွင် အမိုးအကာ အပြင်ဘက်၌ အချိန်ကြာမြင့်စွာကုန်ဆုံးသူများသည် ခန္ဓာကိုယ်မှ ရေနှင့် ဓာတ်ဆား ဆုံးရှုံးမှုကြောင့် အလွယ်တကူ ရေဓာတ်ခန်းခြောက်ခြင်းကို ခံစားရနိုင်ပါသည်။ ထိုကဲ့သို့အချိန်မျိုးတွင် ရေဓာတ်အပြင် ခန္ဓာကိုယ်၏ ဆဲလ်များ၊ အရည်များနှင့် သွေးတွင်း လိုအပ်သော အငန်ဓာတ်ဖြစ်သည့် ဓာတ်ဆားကို ပြန်လည်ဖြည့်တင်းပေးနိုင်ရန် လိုအပ်ပါသည်။

 

100PLUS သည် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသည့် ရေဓာတ်နှင့် စွမ်းအင်တို့ကို ပြန်လည်ဖြည့်တင်းပေးပြီး ရေဓာတ် ခမ်းခြောက်ခြင်း၊ အပူဒဏ်နှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ကို တိုက်ဖျက်ပေးသောကြောင့်  နေ့စဉ် လုပ်ငန်းဆောင်တာ များကို အကောင်းဆုံးစွမ်းဆောင်နိုင်ရန် အထူးစီမံထုတ်လုပ်ထားသော အချိုရည် ဖြစ်ပါသည်။

 

ကယ်လိုရီ နှင့် သကြားဓာတ်ပါဝင်မှုနည်းသည့် 100PLUS သည် နေ့စဉ်လှုပ်ရှားသွားလာမှုများနှင့် အားကစား လှုပ်ရှားမှုများ ပြုလုပ်ရာတွင် လုံလောက်သည့်စွမ်းအင်ကို  ဖြည့်တင်းပေးနိုင်ပါသည်။

Read times Last modified on Thursday, 28 February 2019 10:40
Rate this item
(1 Vote)