Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၁ မှာ ၃ရက်နဲ့ အထက် ဆက်တိုက်အစိုးရရုံးပိတ်ရက်များ

 ခရီးသွားလုပ်ငန်းတွေ ပြန်စကြတော့မှာမို့ သုံးလေးရက် ဆက်တိုက် အစိုးရရုံးပိတ်ရက်တွေ အဓိပ္ပာယ်မဲ့နေခဲ့ရာမှ အဓိပ္ပာယ် ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီတော့ အဓိပ္ပာယ် ပြည့်ဝနေမှာ ဖြစ်တဲ့  ၂၀၂၁ မှာ ၃ရက်နဲ့ အထက် ဆက်တိုက် အစိုးရရုံးပိတ်ရက်များကို ကြည့်ကြရအောင်

ဇန်နဝါရီလမှာ
၂၀၁၉ ဒီဇင်ဘာလ ၃၁ မှ ၂၀၂၀ ဇန်နဝါရီလ ၄ ရက် အထိ နှစ်သစ်ကူးနဲ့ လွတ်လပ်ရေးနေ့ ၅ ရက်ဆက်တိုက် ဟောလီဒေး။
၂၀၁၉ ဒီဇင်ဘာလ ၃၁ ကြာသပတေး၊ နှစ်သစ်ကူး သောကြာ၊ စနေ တနင်္ဂနွေ ပြီးရင် တနင်္လာက လွတ်လပ်ရေးနေ့ပါ။

ဖေဖော်ဝါရီလမှာ
ပြည်ထောင်စုနေ့ သောကြာနေ့ ဖြစ်လို့ စနေ တနင်္ဂနွေ နဲ့ တစ်ဆက်တည်း ဖြစ်နေလို့ ၁၂ ရက်မှ ၁၄ ရက်အထိ ၃ ရက်ဆက်တိုက် ရုံးပိတ်၊
စနေနေ့ ဖေဖော်ဝါရီ ၁၃ Valentine day ရုံးပိတ်။

မတ်လမှာ
တောင်သူလယ်သမားနေ့ မတ်လ ၂ ရက် အင်္ဂါဖြစ်လို့ တစ်ရက်ပဲ ပိတ်မှာ ဖြစ်ပေမဲ့လည်း တပေါင်းလပြည့်နဲ့ တပ်မတော်နေ့ တို့က ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် စနေနေ့မှာ တစ်နေ့တည်း ကျရောက်နေလို့ တပေါင်းလပြည့်အတွက် ရက်စားကို သောကြာ ၂၆ ရက်မှာ ရရှိပြီး တပ်မတော်နေ့ ရက်စားကိုတော့ တနင်္လာ ၂၉ ရက်မှာ ရရှိတာကြောင့် ၂၆ မှ ၂၉ အထိ ၄ ရက် ဆက်တိုက်ပိတ်။

ဧပြီလမှာ
သင်္ကြန်နဲ့ နှစ်သစ်ကူး ၁၃ မှ ၁၉ အထိ ၇ ရက် ဆက်တိုက်ပိတ်။

မေလမှာ
မေလ ၁ ရက် အလုပ်သမားနေ့ ဟောလီဒေးက ဧပြီလ ၃၀ မှ မေလ ၂ ရက်အထိ ၃ ရက် ဆက်တိုက်ပိတ်။
ဖြစ်ပုံက အလုပ်သမားနေ့က စနေနေ့မှာ ကျရောက်နေလို့ သောကြာနေ့ ဧပြီလ ၃၀ ကို ရက်စားပေးလိုက်တော့ သောကြာ ဧပြီ ၃၀ ကနေ တနင်္ဂနွေနေ့ မေလ ၂ ရက်အထိ ဆက်တိုက် ပိတ်သွားတာ ဖြစ်ပါတယ်။

ဇွန်လမှာ
၃ရက်နဲ့အထက် ဆက်တိုက်ပိတ်တာ မရှိပါ။ စနေ တနင်္ဂနွေ အစိုးရ ရုံးပိတ်ရက်တွေပဲ ရှိပါတယ်။

ဇူလိုင်လမှာ
အာဇာနည်နေ့ ၁၇ မှ ၁၉ အထိ သုံးရက်ဆက်တိုက် ပိတ်။ အာဇာနည်နေ့က တနင်္လာနေ့ ကျရောက်လို့ စနေ တနင်္ဂနွေ တနင်္လာ ၃ ရက် ဆက်ပိတ်တာ ဖြစ်ပါတယ်။
၂၃ မှ ၂၅ အထိလည်း သုံးရက်ဆက်တိုက် ပိတ်ပါတယ်။ ဝါဆို လပြည့် ဓမ္မစကြာနေ့က သောကြာနေ့ ဖြစ်နေတော့ သောကြာ စနေ တနင်္ဂနွေ ၃ ရက် ဆက်တိုက်ပိတ်တာ ဖြစ်ပါတယ်။

ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ
စနေ တနင်္ဂနွေ အစိုးရ ရုံးပိတ်ရက်တွေပဲ ရှိပါတယ်။ ၃ရက်နဲ့အထက် ဆက်တိုက်ပိတ်တာ မရှိပါ။

အောက်တိုဘာလမှာ
၁၉ မှ ၂၁ အထိ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သုံးရက်ဆက်တိုက် ဟောလီဒေး။ သီတင်းကျွတ် ရုံးပိတ်ရက်တွေ ဖြစ်ပါတယ်။

နိုဝင်ဘာလမှာ
တန်ဆောင်တိုင် ရုံးပိတ်ရက် နှစ်ရက် ၁၇ နဲ့ ၁၈ က ဗုဒ္ဓဟူး ကြာသပတေး ဖြစ်လို့ ၂ ရက်ဆက်ပဲ ပိတ်တယ်။
၃ ရက်ဆက်တိုက် ပိတ်မှာကတော့ အမျိုးသားနေ့ ဖြစ်ပါတယ်။ အမျိုးသားနေ့က တနင်္ဂနွေနေ့မှာ ကျရောက်လို့ ရက်စား တနင်္လာ ပိတ်တာမို့ ၂၇ ရက် စနေနေ့ ကနေ ၂၉ ရက် တနင်္လာနေ့အထိ ၃ ရက်ဆက် ပိတ်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလမှာ
ခရစ္စမတ်နေ့က စနေနေ့ ကျနေလို့ သောကြာနေ့ကို ရက်စား ပိတ်ပေးလိုက်တယ်။ ဒီတော့ ၂၄ ရက် သောကြာကနေ ၂၆ ရက် တနင်္ဂနွေနေ့အထိ ၃ ရက်ဆက်ပိတ်တာ ဖြစ်ပါတယ်။


၂၀၂၂ နှစ်ကူးမှာလည်း ၅ ရက် ဆက်တိုက် ပိတ်ဦးမှာ ဖြစ်ပါတယ်။


ရေတွက်ကြည့်ထားတာ ၂၀၂၁ ခုနှစ်မှာ အစိုးရ ရုံးပိတ်ရက် စုစုပေါင်း ၁၃၄ ရက် ရှိပါတယ်။


ယခုနှစ် ၂၀၂၀ ခုနှစ်မှာ အာဆီယံ နိုင်ငံတွေအကြား မြန်မာနိုင်ငံက အစိုးရ ရုံးပိတ်ရက်တွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဘာလို့ ရုံးပိတ်ရက်တွေ အများဆုံးဖြစ်ရသလဲဆိုတာ ပြောပြထားတဲ့ ဗီဒီယိုကားတိုကို အဆုံးသတ်မှာ တင်ပြပေးထားပါတယ်။

နှစ်အလိုက် ပြက္ခဒိန် ကြည့်ဖို့အတွက်လည်း link ချပေးထားပါတယ်။ 


အစိုးရ ရုံးပိတ်ရက်တွေ ထုတ်ပြန် ကြေညာထားတာကို ဖော်ပြအပ်ပါတယ်။


ပြည်ထောင်စုအစိုးရသည် ၂၀၂၁ ခုနှစ်အတွင်း အများပြည်သူရုံးပိတ်ရက်များအနက်မှ စနေ၊ တနင်္ဂနွေနှင့် တိုက်ဆိုင်နေသော ပိတ်ရက်များကို အစားထိုးရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြေညာခဲ့သော အစားထိုးရုံးပိတ်ရက်များမှာ အောက်ပါအတိုင်း လအလိုက် ဖော်ပြထားပြီး တစ်နှစ်အတွင်း အစားထိုးရုံးပိတ်ရက်များသည် ရက် ( ၃၀ ) ရက်ရှိပြီး စနေ၊ တနင်္ဂနွေ အပါအဝင် စုစုပေါင်း (၁၃၄) ရက်တိတိ ရှိသည်။

ဇန်နဝါရီလ ( ရုံးပိတ်ရက်ပေါင်း - ၃ ရက် )
နိုင်ငံတကာနှစ်သစ်ကူးနေ့ - ၁ ရက် ( ၁.၁.၂၀၂၁ )
လွတ်လပ်ရေးနေ့ - ၁ ရက် ( ၄.၁.၂၀၂၁ )
ကရင်နှစ်သစ်ကူးနေ့ - ၁ ရက် ( ၁၃.၁.၂၀၂၁ )

ဖေဖော်ဝါရီလ ( ရုံးပိတ်ရက် - ၁ ရက် )
ပြည်ထောင်စုနေ့ - ၁ ရက် ( ၁၂.၂.၂၀၂၁ )

မတ်လ ( ရုံးပိတ်ရက်ပေါင်း - ၅ ရက် )
တောင်သူလယ်သမားနေ့ - ၁ ရက် ( ၂.၃.၂၀၂၁ )
တပေါင်းလပြည့်နေ့ - ၂ ရက် ( ၂၆ - ၂၇.၃.၂၀၂၁ )
တပ်မတော်နေ့ - ၃ ရက် ( ၂၇ - ၂၉.၃. ၂၀၂၁ )

ဧပြီလ ( ရုံးပိတ်ရက်ပေါင်း - ၇ ရက် )
မြန်မာ့နှစ်သစ်ကူးပိတ်ရက်များ - ၇ ရက် ( ၁၃ - ၁၉.၄.၂၀၂၁ )

မေလ ( ရုံးပိတ်ရက် - ၂ ရက် )
ကမ္ဘာအလုပ်သမားနေ့ - ၂ ရက် ( ၃၀.၄..၂၀၂၁ -၂.၅.၂၀၂၁ )
ကဆုန်လပြည့်နေ့ - ၁ ရက် ( ၂၅.၅.၂၀၂၁ )

ဇွန်လတွင် အစားထိုးရုံးပိတ်ရက် မရှိပေ။

ဇူလိုင်လ ( ရုံးပိတ်ရက် - ၂ ရက် )
အာဇာနည်နေ့ - ၁ ရက် ( ၁၉.၇.၂၀၂၁ )
ဝါဆိုလပြည့်နေ့ - ၁ ရက် ( ၂၃.၇.၂၀၂၁ )

ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် အစားထိုးပိတ်ရက် မရှိပေ။

အောက်တိုဘာလ ( ရုံးပိတ်ရက်ပေါင်း - ၃ ရက် )
သီတင်းကျွတ်ရုံးပိတ်ရက်များ - ၃ ရက် ( ၁၉ - ၂၁.၁၀.၂၀၂၁ )

နိုဝင်ဘာလ ( ရုံးပိတ်ရက်ပေါင်း - ၄ ရက်)
တန်ဆောင်တိုင်ရုံးပိတ်ရက်များ - ၂ ရက် ( ၁၇ - ၁၈.၁၁.၂၀၂၁ )
အမျိုးသားအောင်ပွဲနေ့ - ၂ ရက် ( ၂၈ - ၂၉.၁၁.၂၀၂၁ )

ဒီဇင်ဘာလ ( ရုံးပိတ်ရက်ပေါင်း - ၂ ရက်)
ခရစ္စမတ်နေ့ - ၁ ရက် ( ၂၅.၁၂.၂၀၂၁)
နိုင်ငံတကာနှစ်သစ်ကူးနေ့ - ၁ ရက် ( ၃၁.၁၂.၂၀၂၁)

ဒီပါဝါလီနေ့၊ အီဒုလ်အဿွာဟာနေ့များကို သီးခြား ဘဏ်ပိတ်ရက်များကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းမှ ကြေညာသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

အများပြည်သူ အလုပ်ပိတ်ရက်များအတွက် ခံစားခွင့် မနစ်နာစေရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ရုံးများ​၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ (၂၅) အရ တစ်ဆက်တည်းဖြစ်သော ရုံးဖွင့်ရက်များဖြင့် အစားထိုးဖြည့်စွက် ပိတ်ပေးလိုက်ခြင်း ဖြစ်သည်။

2021_holiday.jpg

ဆရာကြီး 

 

 

 

နှစ်အလိုက် ပြက္ခဒိန် ကြည့်ရှုရန် ပုံကို ထိပါ

safe_image.png

 

Read times Last modified on Wednesday, 23 December 2020 15:23
Rate this item
(0 votes)