Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


Myanmar International Franchise & SME Expo

981 Creative Myanmar Company မှကြီးမှူးကျင်းပမည့်

Myanmar International Franchise and SME Expo 2017 အမည်ရှိ နိုင်ငံတကာ ကုန်ပစ္စည်းများရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ရက်နေ့ မနက် (၉:၃၀) အချိန်တွင် Gandamar Wholesale ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

 

အဆိုပါ အခမ်းအနားသို့ ဒေါ်အေးအေးဝင်း (ညွှန်ကြားရေးမှူးချုပ်)၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၊ စက်မှုဝန်ကြီးဌာန၊ ဒေါ်နော်မူတာကပေါ (ဒုတိယညွှန်ကြားရေးမှူးချုပ်) မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Mr. Walikar APYASIRI, Counsellor (Commercial), Office of Commercial Affairs, Royal Thai Embassy, Assist. Prof. Dr. Nuttapon Nimmanphatcharin, Ph.D, Executive Vice President, National Food Institute, Ministry of Industry, Thailand နှင့် 981 Creative Myanmar Company မှ CEO အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်မှာဖြစ်ပြီး ကုမ္ပဏီအသီးသီးမှ လူကြီးမင်းများနှင့် မီဒီယာအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

 

ထိုပြပွဲကို ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ မှ ၂၁ ရက်နေ့အထိ (၃) ရက် တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ထိုင်း၊ ကိုရီးယား၊ ထိုင်ဝမ်၊ မြန်မာ၊ စင်္ကာပူနှင့် ဂျပန် အစရှိသည့် နိုင်ငံပေါင်း (၆) နိုင်ငံက အဓိက ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

ပြပွဲတွင်ပါဝင်ပြသမည့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များက Food & Beverage, Education, Services, Health & Beauty နှင့် အသင်းအဖွဲ့များက ပါဝင်ပြသမည်ဖြစ်ပြီး အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းရှင် များမှလည်း Manufacturer & OEM, IT Solution for SME နှင့် အခြားစီးပွားရေး အခွင့်အလမ်းများကို ပြသသွားမည်ဖြစ်ပါသည်။

 

၎င်းအပြင် နိုင်ငံပေါင်း (၆) နိုင်ငံမှ ပါဝင်ဆွေးနွေးမည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ၁၉-၁-၂၀၁၇ ညနေ၄း၃၀မှ ၅း၃၀အထိ ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်ဆွေးနွေးသူများအား ညနေစာတည်ခင်း ဧည့်ခံမည် ဖြစ်ကြောင်း သိရသည်။ ပါဝင်ဆွေးနွေးလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ် စာရင်းပေးသွင်း နိုင်ပါသည်။

 

နဒီလင်းလက်

ဖုန်း -၀၉၉၆၄၆၆၆၅၄၆၊ ၀၉၉၆၄၈၅၅၅၁၉၊ ၀၉၄၂၀၂၉၀၂၉၉

Read times Last modified on Wednesday, 19 September 2018 13:51
Rate this item
(1 Vote)