Event & Exhibition



အိန္ဒိယက စိုက်ပျိုးရေးဆိုင်ရာ ပြပွဲ (၄) ခုတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင် ပြသနိုင်

အိန္ဒိယနိုင်ငံ၊ ဘန်ဂလောမြို့ရှိ Bangalore International Exhibition Centre (BIEC) တွင် စိုက်ပျိုးရေးနှင့် စားသောက်ကုန်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ပါဝင် ပြသမည့် ကုန်စည်ပြပွဲကို လာမည့် ဩဂုတ်လ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ ကုန်စည်ပြပွဲများကို စိုက်ပျိုးရေး စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အနေဖြင့် အိန္ဒိယ၏ ခေတ်မီအစားအသောက် ထုတ်လုပ်မှု၊ ကြိတ်ခွဲမှု၊ ထုတ်ပိုးသိုလှောင်မှု၊ တင်ပို့မှုတို့အတွက် စိုက်ပျိုးရေးထုတ်ကုန်နှင့် အစားအစာများအား သိရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။

 

ပြပွဲများသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပါဝင် ပြသနိုင်ကြောင်း ကုန်သည်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက ဖိတ်ခေါ်ထားသည်။ ပြပွဲကို…

  • 14th AgriTech India 2023, 
  • 14th India Foodex 2023, 
  • 13th Grain Tech India 2023, 
  • 12th Dairy Tech India 2023 ဟူသည့် ခေါင်းစဉ်များဖြင့် (၃) ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

 

14th AgriTech India 2023 နှင့် 14th India Foodex 2023 တွင် စိုက်ပျိုးရေးနှင့် လယ်ယာသုံး စက်ယန္တရားများ၊ နည်းပညာများ၊ ဓာတ်မြေဩဇာများ၊ ဓာတုပစ္စည်းများ၊ မျိုးစေ့များ၊ နို့ထွက်ပစ္စည်း၊ ကြက်မွေးမြူရေးဆိုင်ရာ ပစ္စည်းများကို ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 

Advertisement

Click Here > Hmwe

 

14th AgriTech India 2023 

> www.agritechindia.com

 

14th India Foodex 2023 

> www.indiafoodex.in  

 

13th GrainTech India 2023 နှင့် 12th Dairy Tech India 2023 တွင် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ကောက်ပဲသီးနှံ ထုတ်ကုန်များကို အရည်အသွေး မြှင့်တင်နိုင်ရေးနှင့်  အိန္ဒိယ၏ ခေတ်မီအစားအသောက် ထုတ်လုပ်မှု၊ ကြိတ်ခွဲမှု၊ ရိတ်သိမ်းပြီးနောက်ပိုင်း ထုတ်ပိုးသိုလှောင်မှု၊ တင်ပို့မှုတို့အတွက် လိုအပ်သော ပစ္စည်းများကို ပြသသွားမည် ဖြစ်သည်။

 

အထက်ပါ ပြပွဲများကို စိတ်ပါဝင်စားပြီး မိမိတို့၏ ကုန်ပစ္စည်းများကို ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဖော်ပြပါ လင့်ခ်များတွင် ပြပွဲဆိုင်ရာ သတင်းအချက်အလက်များနှင့် ပြခန်းဖွင့်လှစ်ခြင်းအတွက် လိုအပ်သည့် ကုန်ကျစရိတ်များကို အသေးစိတ်ဝင်ရောက် လေ့လာနိုင်သည်။

 

13th GrainTech India 2023

> www.graintechindia.com

 

12th DairyTech India 2023 

> https://dairytechindia.in/

 

Read times Last modified on Thursday, 08 June 2023 18:46
Rate this item
(1 Vote)