Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


TOP THAI BRANDS 2018 ပြပွဲကို ရန်ကုန်မြို့တွင် ကျင်းပမည်

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုမြင့်တက်စေရန်ရည်ရွယ်၍ ဇွန် ၇ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ

တပ်မတော်ခန်းမတွင် TOP THAI BRANDS 2018 ပြပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းပြပွဲကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၊ ထိုင်းကုန်သည်ကြီးများအသင်း၊ ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရှိ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းနှင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ပွဲရက်များတွင် နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြသသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါတယ်။

 

ပြပွဲတွင် ထိုင်းနိုင်ငံ၏ နာမည်ကြီး ကုမ္ပဏီများဖြစ်တဲ့ CP, Nok Air, ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း၊ ဗန်ကောက်လေကြောင်းလိုင်းအပါအ၀င် ကုမ္ပဏီများစွာမှ ဆိုင်ခန်းပေါင်း ၁၁၇ ခန်း ပါဝင်ပြသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းပြပွဲတွင် အစားအစာနှင့် အဖျော်ယမကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်အလှကုန်များ ဆေးဝါးများ ဆေးရုံနှင့် ကျောင်းဝန်ဆောင်မှုစသော ၀န်ဆောင်မှုများနှင့် ကုန်ပစ္စည်း ၉၈ မျိုး ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

၎င်းပြပွဲတွင် ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် သစ်သီးအလှပုံဖော်ခြင်း၊ မိတ်ကပ်လိမ်းခြယ်ပြသခြင်းသင်တန်း၊ ထိုင်းရိုးရာအနှိပ်စသော အစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ကံစမ်းမဲအစီအစဉ်များကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:20
Rate this item
(1 Vote)