Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


နိုင်ငံတကာ စားသောက်ကုန်နှင့် ဟိုတယ်ပိုင်းဆိုင်ရာ ကုန်ပစ္စည်းပြပွဲ ကျင်းပမည်

Unicode ဖြင့်ဖတ်ရန်

နိုင်ငံတကာ စားသောက်ကုန်နှင့် ဟိုတယ်ပိုင်းဆိုင်ရာ ကုန်ပစ္စည်းပြပွဲ ကျင်းပမည်

နိုင်ငံတကာ အဆင့်မီ စားသောက်ကုန်နှင့် ဟိုတယ်ပိုင်းဆိုင်ရာ ကုန်ပစ္စည်းပြပွဲကို အောက်တိုဘာ ၃၁ ရက်မှ နို်ဝင်ဘာ ၂ ရင်အထိ ရန်ကုန်တိုင်းဒေသကြီး သာကတမြို ့နယ် မင်းနန္ဒာလမ်းရှိ Myanmar Expo Hall (ME) ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများအသင်း (MHPA) မှ သိရပါတယ်။

 

Hotel Services & Training ဟိုတယ်ဝန်ဆောင်မှုသင်တန်းပေါင်း ၃၁ ခုကိုရှာရန်နှိပ်ပါ။

 

ပြပွဲနှင့်အတူ မြန်မာ့စားသောက်ကုန်နည်းပညာပြပွဲ၊ ဟိုတယ်သုံးအဆင့်မြင့် ပရိဘောဂပြပွဲနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာပြပွဲကိုလည်း မလေးရှား၊ တရုတ်တိုင်ပေ၊ စင်္ကာပူ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အီတလီစသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၀၀ ကျော် ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ပြပွဲတွင် ဟင်းချက်ပြိုင်ပွဲများ၊ ဟိုတယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပြိုင်ပွဲများနှင့် ကော်ဖီပြိုင်ပွဲများကိုလည်း ကျင်းပမည်ဖြစ်ပြီး အစားအသောက်နှင့် ဟိုတယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပစ္စည်းများ၊ စားသောက်ကုန်ထုပ်ပိုးမှုနှင့် ထုတ်ကုန်ပစ္စည်းများ၊ နိုင်ငံတကာအဆင့်မီ ပရိဘောဂပစ္စည်းများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

ယခုပြပွဲကို မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများအသင်း (MHPA) မှ အဓိကပံ့ပိုးကူညီပေးထားပါတယ်။  ၎င်းအပြင် Myanmar Executive Chef Club နှင့် Golden Brown Coffee Co., Ltd. တို့မှ ကြီးမှူးပြီး အောက်ပါပြိုင်ပွဲမျာကိုလည်း ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>   ၈ ကြိမ်မြောက်ထပ်မံကျင်းပမယ့် နိုင်ငံတကာဆိုင်ရာ ပလတ်စတစ်ရာဘာ၊ ပုံနှိပ်ခြင်းနှင့် ကုန်ထုတ်ပိုးမှုဆိုင်ရာ စက်မှုပြပွဲကြီး၏ စာနယ်ဇင်းမိတ်ဆက်ပွဲ

 

(၁) ဟင်းချက်ပြိုင်ပွဲများ၊


(၂) ဟိုတယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပြိုင်ပွဲများ နှင့်


(၃) Latte Art Championship  ကော်ဖီပြိုင်ပွဲများကိုလည်း ခမ်းနားစွာဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။


Myanmar Food Industry Directory

 

 

 


 

နိုင်ငံတကာ အဆင့်မီ စားသောက်ကုန်နှင့် ဟိုတယ်ပိုင်းဆိုင်ရာ ကုန်ပစ္စည်းပြပွဲကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရင်အထိ ရန်ကုန်တိုင်းဒေသကြီး သာကတမြို့ နယ် မင်းနန္ဒာလမ်းရှိ Myanmar Expo Hall (ME) ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း


 

Hotel Services & Training ဟိုတယ်ဝန်ဆောင်မှုသင်တန်းပေါင်း ၃၁ ခုကိုရှာရန်နှိပ်ပါ။

 


 


 


 

Read More >>>>>   ၈ ကြိမ်မြောက်ထပ်မံကျင်းပမယ့် နိုင်ငံတကာဆိုင်ရာ ပလတ်စတစ်ရာဘာ၊ ပုံနှိပ်ခြင်းနှင့် ကုန်ထုတ်ပိုးမှုဆိုင်ရာ စက်မှုပြပွဲကြီး၏ စာနယ်ဇင်းမိတ်ဆက်ပွဲ

 






 


 

 

 

Read times Last modified on Thursday, 13 February 2020 09:19
Rate this item
(0 votes)