Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ပန်ကိတ်လွယ်ကူစွာဘယ်လိုလုပ်မလဲ ....

အနောက်နိုင်ငံတွေရဲ့ မနက်စာတိုင်းမှာ Pan Cake ( ပန်ကိတ် ) ကို မပါမဖြစ်စားသုံးကြပါတယ်။ပန်ကိတ်ဆိုပြီး နာမည် ဖြစ်လာတဲ့ အကြောင်းအရင်း ကတော့ Pan ဆိုတာ လက်ကိုင်ပါတဲ့ ဒယ်အိုးကို ခေါ်တာပါ။ပန်ကိတ်ဟာလက်ကိုင်ပါတဲ့ ဒယ်အိုးဖြင့် ပြုလုပ်ရတာဖြစ်သောကြောင့် လက်ကိုင်ပါ ဒယ်အိုးဖြင့် ပြုလုပ်သော ကိတ် ( ပန်ကိတ် ) ဆိုပြီးအမည်တွင်လာတာပါ။

 

ပန်ကိတ်ပြုလုပ်ရန် လိုအပ်သည့်ပစ္စည်းများ -

 

အောက်မကပ်တဲ့ လက်ကိုင်ပါတဲ့ ဒယ်အိုး
ခလောက်တံ
ဂျုံမုန့်စစ်သံဇကာ
ဇောက်ပန်းကန် တစ်လုံး
ကြက်ဥတစ်လုံး
သကြားနှစ်ဇွန်း
နွားနို့ ကို ၃ လက်မ ခွက် အပြည့်
ဂျုံမှုန့်တစ်ခွက်စာ
မုန့်ဖုတ် အမှုန့်တစ်ဇွန်း
ဆား တစ်ဇွန်း
ဆီ နှစ်ဇွန်း

 

ပထမဦးစွာ ဇောက်ပန်းကန် အသန့်ထဲကို ကြက်ဥ တစ်လုံးတစ်လုံး ဖောက်ထည့်ပါမယ်၊

သကြားနှစ်ဇွန်းထည့်ကာခလောက်တံ ဖြင့်သမအောင်မွှေပါမယ်။

 

ပြီးနောက် နွားနို့ လောင်းထည့်ပါမယ်။

ထိုဇောက်ပန်းကန်ပေါ်တွင်ဂျုံမုန့်စစ်သံဇကာ တင်ကာ ဂျုံမုန့် လောင်ထည့် စစ်ပါမယ်။

 

မုန့်ဖုတ် အမှုန့်တစ်ဇွန်း ၊ ဆား တစ်ဇွန်း ပါ ထိုဇကာထဲထည့်စစ်ပါတယ်။

သမအောင်မွှေပါမယ်ပြီး ဆီနှစ်ဇွန်း ထပ်ထည့်ကာ မွှေပါမယ်။

 

ပြစ်ပြစ်လေးဖြစ်သည်ထိမွှေပေးပါ။

 

မီးဖိုပေါ်ရှိ အောက်မကပ်တဲ့ လက်ကိုင်ပါတဲ့ဒယ်အိုး ပေါ်သို့ Pan cake ပုံစံ အဝိုင်းပြားလေးလောင်းထည့်ပါ

 

မုန့်သား ခပ်တောင့်တောင့် အနေအထား ရောက်လာပါက တစ်ဖက်ပြန်လှန်ပါ။

 

လှန်ထားတဲ့ အချက် ရွှေအိုရောင်အနေအထား ရောက်ရင် ရပါပြီ။

 

ထိုရရှိလာသော ပန်ကန်လေးများပေါ်တွင် ထောပတ်လေးတင်ပြီး ပျားရည်လေး စမ်းစားပါ။

 

သင့်အနေနဲ့ စတော်ဘယ်ရီ ၊ ချယ်ရီ စတဲ့ အသီးတွေနှင့်လည်းပန်ကိတ်ကို မနက်စာ အဖြစ်တွဲဖက် သုံးဆောင်နိုင်ပါတယ်။

 

Light & Fluffy Malted Pancakes | Recipe | ChefSteps

 

<<< Zawgyi >>>

 

ပန္ကိတ္လြယ္ကူစြာဘယ္လိုလုပ္မလဲ ....

-----------------------

 


 


 

ခလောက်တံ
ဂျုံမုန့်စစ်သံဇကာ
ဇောက်ပန်းကန် တစ်လုံး
ကြက်ဥတစ်လုံး
သကြားနှစ်ဇွန်း
ဂျုံမှုန့်တစ်ခွက်စာ
ဆား တစ်ဇွန်း
ဆီ နှစ်ဇွန်း

 


 


 



 



 


 


 


 


 


 


 

Ref ; Bluebell Recipes

 

 

Read times Last modified on Sunday, 03 May 2020 14:56
Rate this item
(0 votes)