Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်ဝမ်မုန်ညှင်းရဲ့ အကျိုးအာနိသင်

ထိုင်ဝမ်မုန်ညှင်းက ဈေးသက်သာတဲ့ အပြင် နေရာတိုင်းလိုလိုမှာ ဝယ်စားနိုင်တဲ့ ထိုင်ဝမ် မုန်ညင်းလို့ ခေါ်ကြတဲ့ မုန်ညင်း စိမ်းလေးတွေက ဘာတွေ အကျိုးရှိသလဲ ဆိုတာ ပြောပြ ချင်ပါတယ်။ 

 

လတ်ဆတ်ချိုမြတဲ့၊ အရသာရှိတဲ့ မုန်ညင်းလေးတွေက ကိုယ်အလေးချိန် လျော့ကျဖို့ ထောက်ကူပေးတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။

 



ထိုင်ဝမ်မုန်ညင်းက ကစီဓာတ်နဲ့ ကယ်လိုရီနည်းတဲ့ အစား အစာဖြစ်ပြီး ထမင်းစားချိန်မှာ များများဖြည့်စွက် စားပေးမယ်ဆိုရင် အဆာလည်းခံသလို အဆီလည်း မတက်နိုင်ပါဘူး။

 



နောက်ပြီး ဓာတ်တိုးဆန့် ကျင်ဂုဏ်သတ္တိလည်း ကြွယ်ဝတာကြောင့် ရောဂါဖြစ်ပွားမှုတွေကိုလည်း ကာကွယ် ပေးနိုင်စွမ်းရှိ ပါတယ်။ ၎င်းအပြင် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်သလို နှလုံးရော ဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 



ဗီတာမင်စီ ပါဝင်တာကြောင့် ဟင်းသီးဟင်းရွက် အစားနည်းလို့ ဗီတာမင်ချို့တဲ့ပြီး ဖြစ်ပွားတဲ့ သွေးရောဂါဖြစ်ခြင်း ကနေ ကာကွယ်ပေးနိုင်တာကြောင့် ထမင်းစားတိုင်း ထည့်စားပေးသင့်ပါ တယ်။

 



သံဓာတ်လည်းကြွယ်ဝတဲ့ အတွက် ကိုယ်ဝန်ဆောင်အမျိုး သမီးတွေစားဖို့ သင့်လျော်တာ ကြောင့် ကိုယ်ဝန်ဆောင် အစား အစာစာရင်းထဲမှာ ထည့်ထားသင့်ပါတယ်။

 



ထိုင်ဝမ်မုန်ညင်းမှာ ပိုတက်ဆီယမ်ကြွယ်ဝ တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ကိုယ်လိုအပ်တဲ့ ပိုတက်ဆီယမ် ပမာဏအတိုင်း နေ့စဉ်စား အစားအစာ စာရင်းထဲမှာ ထည့်သွင်း စားသောက်နိုင်ပါသေးတယ်။

 



မုန်ညှင်းအပြင် အခြားသော အသီးအရွက်စိမ်းတွေကလည်း ကျန်းမာရေးအတွက် အထောက်အကူပြုတာကြောင့် သက်ရှည်ကျန်းမာပြီး ပျော်ရွှင်တဲ့နေ့ရက်တွေရှိလာဖို့အတွက် ဟင်းသီး ဟင်းရွက်တွေကိုမဖြစ်မနေ စားပေးသင့် တယ်လို့ တိုက်တွန်းချင်ပါတယ်။ 

 

Read 3938 times Last modified on Tuesday, 18 September 2018 10:16
Rate this item
(1 Vote)