Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အသားအရည်နဲ့ အစားအစာ

သင်စားတဲ့အစားအစာနှင့်ပတ်သက်လာရင် ၎င်းအစားအစာက သင့်အလေးချိန်ကိုဘယ်လို အကျိုးသက်ရောက်တယ်ဆိုတာကို သင်စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်။သို့သော် ဒေသခံအစားအသောက်ပညာရှင်တစ်ဦးက သင်ရဲ့အရေပြားကို ဘယ်လို အကျိုးသက်ရောက်ဆိုတာကိုလည်း သင်စဉ်းစားသင့်တယ်လို့ပြောခဲ့ပါတယ်။

 

ကျွန်တော်တို့စားတဲ့ အစားအစာတွေက ကျွန်တော်တို့ရဲ့ အလုံးစုံသောကျန်းမာရေးတစ်ခုလုံးကို ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိရပါမယ်။ သို့သော် သင်မစဉ်းစားနိုင်တဲ့ အရာတစ်ခုက သင်ရဲ့အရေပြားအပေါ် သက်ရောက်တဲ့ အကျိုးသက်ရောက်ပုံပဲဖြစ်ပါတယ်။

 

“သင်ရဲ့အရေပြားက သင်ရဲ့အကြီးမားဆုံးအင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့် သင် အသားအရေဂရုစိုက်တဲ့အခါဖြစ်ဖြစ်၊ဒီကောင်းမွန်တဲ့အစားအစာတွေကိုစားတဲ့အခါဖြစ်ဖြစ် မူတည်ပြီး သင့်ရဲ့အသားအရေက အဲဒီလိုရောင်ပြန်ဟပ်လာပါလိမ့်မယ်” လို့ Melissa Vondrak ကပြောကြားခဲ့ပါတယ်။အာဟာရဗေဒပညာရှင်Melissa Vondrakက သင်ရဲ့ အရေပြားကျန်းမာရေးကိုတိုးတက်စေရန် သင်ပြုလုပ်နိုင်တဲ့ အလွယ်ကူဆုံးခြေလှမ်းက ရေကို များများသောက်သုံးခြင်းပဲ ဖြစ်ပါတယ်။"ရေဓါတ်ကို ပြန်လည်ထိန်းညှိခြင်းက လူအများစုအတွက် အကြီးမားဆုံးသော အရာတစ်ခုဖြစ်ပြီး တစ်နေ့လျှင် အနည်းဆုံးခြောက်ခွက်မှရှစ်ခွက်သောက်ဖို့ ကြိုးစားရပါမယ်။ ၎င်းက သင်ရဲ့အရွယ်အစားနှင့်သင်ရဲ့ လှုပ်ရှားမှုအဆင့်ပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်” လို့ Vondrak ကပြောကြားခဲ့ပါတယ်။

 

ရေဓာတ်ဖြည့်တင်းခြင်းက အရေးအကြောင်းများကို အလွယ်တကူမဖြစ်စေနိုင်ဘူးလို့ သူကဆိုပါတယ်။သူက အစားအစာနဲ့ပတ်သက်ပြီး အသားရေထိန်းညှိဖို့အတွက်ကတော့ ဗီတာမင်များများနဲ့ဓာတ်သတ္တုများများ စားလေ ကောင်းလေလို့ပြောပါတယ်။သင့် အသားအရေအတွက် ကောင်းမွန်တဲ့ အသီးအနှံများနှင့်သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီး၊ သံလွင်ဆီ၊ ပရိုတင်းဓာတ်နှင့်ကြက်သားကဲ့သို့သောသစ်သီးများပါဝင်ပါတယ်။ဒီနွေရာသီမှာ သင်က အိမ်အပြင်မှာ အချိန်များစွာဖြုန်းနေပါက သင့်အသားအရေကိုကာကွယ်ရန် နေရောင်ကာကွယ်ဆေးကို အားကိုးနိုင်ပါတယ်။ဒါပေမယ့် ပြောချင်တာကတော့ ဗီတာမင်စီများများစားဖို့ပါပဲ။

 

“ ငရုတ်ကောင်း၊ citrus-like limesနှင့်လီမွန်များကဲ့သို့သော အရာများကနေရောင်ခြည်(ခရမ်းလွန်ရောင်ခြည်)မှလာတဲ့ UV raysမှကာကွယ်ရန်အတွက် အမျိုးမျိုးသော antioxidants များရှိပါတယ်။”“ ကျွန်တော်က အဓိကအားဖြင့် အကြံပေးချင်တာက ဒီကိစ္စနဲ့ပတ်သက်ပြီး သင်တစ်ဦးချင်းမေးစရာမေးခွန်းတွေများလာရင် အစားအစာမျိုးစုံကိုစား၊ဖြည့်စွက်ဆေးတွေကိုသုံးပြီး အာဟာရပညာရှင်နဲ့သွားပြပြီး စကားပြောဖို့အကြံပေးလိုပါတယ်။ ”လို့Vondrak ကပြောကြားခဲ့ပါတယ်။

 

Ref:HEALTHBEAT

Read times Last modified on Friday, 17 July 2020 13:59
Rate this item
(1 Vote)