Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


မန်ကျည်းရွက်ရဲ့ အကျိုးအာနိသင်များ

မန်ကျည်းပင်က နွေရာသီမှာဆိုရင် အေးမြတဲ့အရိပ်ကိုပေးနိုင်ပါတယ်။ နွေပူပူမှာ မန်ကျည်းရိပ်အေးအေးလေးမှာထိုင် အကြမ်းရည်သောက်ရင်း အညာဓလေ့အတိုင်း ထန်းလျက်လေးစား လက်ဖက်သုပ်လေးဝါးရတာကတော်တော်လေးအရသာရှိပါတယ်။

 

အညာအငွေ့အသက်လေးတွေက တော်တော့်ကိုချစ်စရာကောင်းတာနော်။ မန်ကျည်းပင်ရဲ့ အသုံးတည့်မှုကဒီလောက်နဲ့ပြီးမသွားပါဘူး။ မန်ကျည်းပင်က အရွက်၊ အသီး၊ အခေါက်တစ်ပင်လုံးနီးပါး အသုံးဝင်ပါတယ်။

 

 

အခုတစ်ခေါက်တော့ နွေရာသီရောက်လာတဲ့အခါရာသီစာတစ်ခုအနေနဲ့ စားတတ်ကြတယ် မန်ကျည်းရွက်လေးတွေရဲ့ ဆေးဖက်ဝင်ပုံအချို့ကိုပြောပြပေးမယ်နော်။ မန်ကျည်းရွက်နုနုလေးတွေကို ကြက်သွန်စိမ်း၊ ပုဇွန်ခြောက်မှုန့်၊ မြေပဲမှုန့်၊ ဆီစိမ်း၊ အချို အငန်အရသာထည့်ပြီးသုပ်စားကြတာမျိုးရှိသလို ချဉ်ရည်ဟင်းချက်စားတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲစားစား စားလို့ကောင်းတာကတော့ အမှန်ပဲဖြစ်ပါတယ်။

 

မန်းကျည်းရွက်လေးတွေက စားလို့တင်ကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးအာနိသင်ထူးတွေလည်းရှိနေပါသေးတယ်။

 

 

ဆီးချိုသက်သာစေနိုင်ပြီး မန်ကျည်းရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ပမာဏကိုတိုးလာအောင်လုပ်ဆောင် ပေးနိုင်ပါတယ်။

 

 

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး မန်ကျည်းရွက်က နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။ တွယ်ဆက်တစ်ရှုးတွေ ရောင်ရမ်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

 

 

ငှက်ဖျားသက်သာစေနိုင်ပြီး မန်ကျည်းရွက်ရဲ့ အဆီအနှစ်က ငှက်ဖျားရောဂါပိုးကို ကာကွယ်ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

 

 

ခံတွင်းအနာကို သက်သာစေနိုင်ပြီး မန်ကျည်းရွက်ပြုတ်ရည်က ခံတွင်းအနာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။

 

 

နို့ထွက်ကောင်းစေပြီး မန်ကျည်းရွက်ရဲ့ အဆီအနှစ်က နို့တိုက်မိခင်တွေကို နို့ထွက်ကောင်းအောင်လုပ်ဆောင်ပေးပါတယ်။

 

 

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပြီး လေဒီတွေခံစားရတဲ့ လစဉ်တိုင်းနာကျင်ကိုက်ခဲမှုဝေဒနာသက်သာစေဖို့အတွက် မန်ကျည်းရွက်နဲ့ မန်ကျည်းပင်အခေါက်တို့ကို အသုံးပြုပေးလို့ရပါတယ်။

 

 

ခံတွင်းကျန်းမာရေးအတွက်ကောင်းပြီး ခံတွင်းကျန်းမာရေးက လူတိုင်းအတွက်အရေးပါတာပါ။ ဒါကြောင့်ခံတွင်းအနံ့ဆိုးကင်းအောင် မန်ကျည်းရွက်ကို စားသုံးပေးလို့ရပါတယ်။ သွားကိုက်သွားနာတာအတွက်လည်း မန်ကျည်းရွက်ကို အသုံးပြုလို့ရပါတယ်။

 

 

သွေးတိုးသက်သာစေနိုင်ပြီး ယနေ့ခေတ်ရဲ့ လူနေမှုပုံစံက အလွယ်တကူသွေးတိုးဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကကင်းဝေးစေဖို့ဆိုရင် မန်ကျည်းရွက် ကိုစားသုံးပေးလို့ရပါတယ်။ သွေးတိုးကျအောင်လုပ်ဆောင်နိုင်မှုက လေဖြတ်နိုင်ခြေ၊ နှလုံးသွေးကြောရောဂါနဲ့ အခြားသောရောဂါအမျိုးမျိုးကို ကာကွယ်ရာရောက်မှာဖြစ်ပါတယ်။

 

 

၎င်းအပြင် မန်ကျည်းရွက်က အသည်းရောဂါတွေကိုသက်သာစေနိုင်သလို အသည်းရောင်အသားဝါ ရောဂါ၊ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုးဝေဒနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

 

 

Read times Last modified on Tuesday, 18 September 2018 10:01
Rate this item
(0 votes)