Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


လှီးထားတဲ့ သစ်သီးလေးတွေ အညိုရောင် ပြောင်းမသွားအောင် ဘယ်လိုလုပ်ရမလဲ

လှီးထားတဲ့ သစ်သီးလေးတွေ အညိုရောင် ပြောင်းမသွားအောင် ပြုလုပ်လို့ရမယ့် နည်းလမ်း သုံးခုကို ဖော်ပြပေးလိုက်ပါတယ်။

 

ဆားရည်

အရင်ဆုံး ရေခွက် နှစ်ခွက်ထဲကို ဆား အနည်းငယ်ထည့်လိုက်ပါ။ ပြီးလျှင် သေချာမွှေပေးပါ။

 

ပြီးနောက် လှီးထားတဲ့ အသီးကိုထည့်ပြီး ၅ မိနစ်ခန့် စိမ်ပေးထားပါ။ ပြီးရင်တော့ ပြန်ဆယ်ပြီး ရေစစ်ပေးပါ။ နာရီကြာကြာ အထားခံပါတယ်။ စားခါနီးရင်တော့ ရေနဲ့ ထပ်ဆေးလိုက်လို့လည်းရပါတယ်။

 

ပျားရည်

ရေနွေးတစ်ခွက်ထဲကို ပျားရည်အနည်းငယ်ထည့်ပါ။ ပြီးလျှင် သေချာမွှေပေးပါ။ ပြီးနောက် လှီးထားတဲ့ အသီးကို ထည့်လိုက်ပါ။ စက္ကန့် ၃၀ လောက်စိမ်ပြီးရင် ဆယ်ပေးထားပါ။

 

သံပရာသီး

ရေခွက်တစ်ခုထဲသို့ သံပရာရည်အနည်းငယ်ထည့်လိုက်ပါ။ ပြီးလျှင် သေချာမွှေပေးပါ။ ပြီးနောက် လှီးထားတဲ့အသီးကို စိမ်ပေးလိုက်ပါ။

 

၅ မိနစ်ခန့်စိမ်ပြီးရင်တော့ ပြန်ဆယ်နိုင်ပါတယ်။

 

Source: www.febhow.com

Read times Last modified on Friday, 08 February 2019 17:12
Rate this item
(3 votes)