Food & Health
ခရမ်းချဉ်သီး၏ အကျိုးကျေးဇူးများ
Unicode >>>>>
ခရမ်းချဉ်သီး၏ အကျိုးကျေးဇူးများ
ရန်ကုန်မြို့က ခရမ်းချဉ်သီးတွေရဲ့မူလရင်းမြစ်ကတော့ အင်းလေးကပါ။ နယ်ဘက်တွေမှာတော့ ကိုင်းထဲ ယာထဲမှာ စိုက်ပြီး စားကြပါတယ်။ ခရမ်းချဉ်သီးဟာ အရည်ရွှမ်းပြီး အနည်းငယ် ချဉ်တဲ့ အရသာ ရှိပါတယ်။
Ice Cream & Ice Lolly ရေခဲမုန့်နှင့်ရေခဲချောင်းလုပ်ငန်းများ (၃၇၄) ခုကိုရှာရန်နှိပ်ပါ။
ခရမ်းချဉ်သီးမှာ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ဖောဖရိတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဗီတာမင် အေနဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ကိုလက်စထရောနဲ့ ကယ်လိုရီ ပါဝင်မှုက လျော့နည်းနေပြီး သိုင်ယာမင်၊ နိုင်ယာစင်၊ ဗီတာမင် ဘီစစ်နဲ့ ရေဓာတ်လည်း ပြည့်ဝစွာ ပါဝင်ပါတယ်။ ခရမ်းချဉ်သီးဟာ အနီရောင် အသီးတွေမှာ ပိုပြီး ရေဓာတ်ပြည့်ဝပါတယ်။ အကောင်သေးပြီး ဈေးသက်သာတဲ့ ခရမ်းချဉ်သီးမှာ လူတွေ အတွက် အကျိုးကျေးဇူးများစွာ ရှိနေပါတယ်။
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ် ခရမ်းချဉ်သီးဟာ အသားအရေအတွက် အင်မတန်မှ ဆေးဖြစ်တဲ့ အသီးတစ်မျိုးပါ။သူ့မှာ ပါတဲ့ ဘီတာကိုရိုတင်းဓာတ်ကြောင့် အသားအရေကို ခရမ်းလွန်ရောင်ခြည်တွေ တိုက်ရိုက်မထိအောင် ကာကွယ်ပေးနိုင်လို့ပါ။ လိုင်ကိုပင်းဓာတ်ဟာလည်း အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းတို့ကို ဖြစ်ပွားမှု နည်းပါးစေပါတယ်။ ဝက်ခြံနဲ့ တင်းတိတ်တို့ကို သက်သာစေတဲ့ အပြင် ဝက်ခြံအမာရွတ်တွေအပေါ် ခရမ်းချဉ်သီး လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။
အမြင်အာရုံကို တိုးတက် ခရမ်းချဉ်သီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေး ခရမ်းချဉ်သီးမှာ ပါတဲ့ ခရိုမီယမ်ဟာ သွေးတွင်းမှာ ရှိတဲ့ သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။
အရိုးအဆစ် သန်မာစေ ဗီတာမင်ကေ နဲ့ ကယ်လ်စီယမ်တို့ကြောင့် အရိုးတွေ သန်မာစေပြီး လိုင်ကိုပင်းဟာ အရိုးတွေကို အားကောင်းစေတဲ့ အပြင် အရိုးပါးရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါကို ကာကွယ်ပေး ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ဟာ လည်ချောင်း၊ ခံတွင်း၊ သားအိမ်ခေါင်း၊ အစာအိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ မမျိုးဥအိမ်နဲ့ ဆီးကျိတ် တွေရဲ့ ကင်ဆာဖြစ်နိုင်စွမ်းကို လျော့ကျပေးပါတယ်။ Antioxidant ၊ ဗီတာမင်အေနဲ့ ဗီတာမင် စီတို့တွေက ဆဲလ်တွေကို ဖျက်ဆီးမယ့် Free Radical တွေကို တိုက်ထုတ်ပေးပါတယ်။
ရောင်ရမ်းနာကျင်မှုကို လျော့ချပြီး ခရမ်းချဉ်သီးမှာ ပါတဲ့ ဘိုင်အိုဖလေဗိုးနွိုက်နဲ့ကာရိုတီးနွိုက်တို့ဟာ ရောင်ရမ်းမှုနဲ့ နာကျင်မှုတို့ကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။
Read More >>>>> ပြည်တွင်းစားသုံးမှုအတွက် စားဖိုးဆောင်သီးနှံများ ပိုလျှံသည့်အခြေအနေတွင်ရှိ
ကိုယ်အလေးချိန်ကို ထိန်းပေး ခရမ်းချဉ်သီးဟာ ကိုယ်အလေးချိန် တိုးမလာအောင် ထိန်းပေးနိုင်စွမ်း ရှိပါတယ်။ ဝိတ်ချနေသူတွေဆိုရင်တော့ နေ့တိုင်း ခရမ်းချဉ်သီး ပါအောင် စားပေးပါ။ ခရမ်းချဉ်သီးမှာ ရေဓာတ်နဲ့ အမျှင်ဓာတ်တွေ အများကြီး ပါဝင်တဲ့အတွက် မြန်မြန် ဗိုက်ပြည့်စေပြီး ကယ်လိုရီနဲ့ အဆီပိုတွေကို တက်မလာစေဘဲ ထိန်းပေးပါတယ်။
Source: mfmyanmar
Zawgyi >>>>>
ခရမ္းခ်ဥ္သီး၏ အက်ိဳးေက်းဇူးမ်ား
ရန္ကုန္ၿမိဳ႕က ခရမ္းခ်ဥ္သီးေတြရဲ႕မူလရင္းျမစ္ကေတာ့ အင္းေလးကပါ။ နယ္ဘက္ေတြမွာေတာ့ ကိုင္းထဲ ယာထဲမွာ စိုက္ၿပီး စားၾကပါတယ္။ ခရမ္းခ်ဥ္သီးဟာ အရည္ရႊမ္းၿပီး အနည္းငယ္ ခ်ဥ္တဲ့ အရသာ ရွိပါတယ္။
Ice Cream & Ice Lolly ေရခဲမုန္႔ႏွင့္ေရခဲေခ်ာင္းလုပ္ငန္းမ်ား (၃၇၄) ခုကိုရွာရန္ႏွိပ္ပါ။
ခရမ္းခ်ဥ္သီးမွာ ဆိုဒီယမ္၊ ပိုတက္စီယမ္၊ ေဖာဖရိတ္၊ ဗီတာမင္ စီ၊ ဗီတာမင္ ေက၊ ဗီတာမင္ ေအနဲ႔ အမွ်င္ဓာတ္မ်ားစြာ ပါ၀င္ပါတယ္။ ကိုလက္စထေရာနဲ႔ ကယ္လိုရီ ပါ၀င္မႈက ေလ်ာ့နည္းေနၿပီး သိုင္ယာမင္၊ ႏုိင္ယာစင္၊ ဗီတာမင္ ဘီစစ္နဲ႔ ေရဓာတ္လည္း ျပည့္၀စြာ ပါ၀င္ပါတယ္။ ခရမ္းခ်ဥ္သီးဟာ အနီေရာင္ အသီးေတြမွာ ပိုၿပီး ေရဓာတ္ျပည့္၀ပါတယ္။ အေကာင္ေသးၿပီး ေစ်းသက္သာတဲ့ ခရမ္းခ်ဥ္သီးမွာ လူေတြ အတြက္ အက်ဳိးေက်းဇူးမ်ားစြာ ရွိေနပါတယ္။
အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းမွ ကာကြယ္ ခရမ္းခ်ဥ္သီးဟာ အသားအေရအတြက္ အင္မတန္မွ ေဆးျဖစ္တဲ့ အသီးတစ္မ်ိဳးပါ။သူ႔မွာ ပါတဲ့ ဘီတာကိုရိုတင္းဓာတ္ေၾကာင့္ အသားအေရကို ခရမ္းလြန္ေရာင္ျခည္ေတြ တိုုက္ရိုက္မထိေအာင္ ကာကြယ္ေပးႏုိင္လို႔ပါ။ လိုင္ကိုပင္းဓာတ္ဟာလည္း အေရးအေၾကာင္းနဲ႔ ပါးေရတြန္႔ျခင္းတို႔ကို ျဖစ္ပြားမႈ နည္းပါးေစပါတယ္။ ဝက္ၿခံနဲ႔ တင္းတိတ္တို႔ကို သက္သာေစတဲ့ အျပင္ ၀က္ၿခံအမာရြတ္ေတြအေပၚ ခရမ္းခ်ဥ္သီး လိမ္းေပးျခင္းျဖင့္ သက္သာေစပါတယ္။
အျမင္အာရံုကို တိုးတက္ ခရမ္းခ်ဥ္သီးမွာ ဗီတာမင္ေအ ပါ၀င္တာေၾကာင့္ အျမင္အာရံုကို ေကာင္းမြန္ေစပါတယ္။ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပး ခရမ္းခ်ဥ္သီးမွာ ပါတဲ့ ခရိုမီယမ္ဟာ ေသြးတြင္းမွာ ရွိတဲ့ သၾကားဓာတ္ကို ထိန္းခ်ဳပ္ေပးႏုိင္စြမ္းရွိပါတယ္။
အရိုးအဆစ္ သန္မာေစ ဗီတာမင္ေက နဲ႔ ကယ္လ္စီယမ္တို႔ေၾကာင့္ အရိုးေတြ သန္မာေစၿပီး လိုင္ကိုပင္းဟာ အရိုးေတြကို အားေကာင္းေစတဲ့ အျပင္ အရိုးပါးေရာဂါ မျဖစ္ေအာင္လည္း ကာကြယ္ေပးႏုိင္ပါတယ္။ ကင္ဆာေရာဂါကို ကာကြယ္ေပး ခရမ္းခ်ဥ္သီးမွာ ပါ၀င္တဲ့ လိုင္ကိုပင္းဓာတ္ဟာ လည္ေခ်ာင္း၊ ခံတြင္း၊ သားအိမ္ေခါင္း၊ အစာအိမ္၊ အူမႀကီး၊ အစာေဟာင္းအိမ္၊ မမ်ိဳးဥအိမ္နဲ႔ ဆီးက်ိတ္ ေတြရဲ႕ ကင္ဆာျဖစ္ႏုိင္စြမ္းကုိ ေလ်ာ့က်ေပးပါတယ္။ Antioxidant ၊ ဗီတာမင္ေအနဲ႔ ဗီတာမင္ စီတို႔ေတြက ဆဲလ္ေတြကို ဖ်က္ဆီးမယ့္ Free Radical ေတြကို တိုက္ထုတ္ေပးပါတယ္။
ေရာင္ရမ္းနာက်င္မႈကို ေလ်ာ့ခ်ၿပီး ခရမ္းခ်ဥ္သီးမွာ ပါတဲ့ ဘိုင္အိုဖေလဗိုးႏြိုက္နဲ႔ကာ႐ိုတီးႏြိဳက္တို႔ဟာ ေရာင္ရမ္းမႈနဲ႔ နာက်င္မႈတို႔ကို ေလ်ာ့က်ေစႏုိင္တဲ့ အစြမ္းသတၱိ ရွိပါတယ္။
Read More >>>>> ျပည္တြင္းစားသံုးမႈအတြက္ စားဖိုးေဆာင္သီးႏွံမ်ား ပိုလွ်ံသည့္အေျခအေနတြင္ရွိ
ကိုယ္အေလးခ်ိန္ကို ထိန္းေပး ခရမ္းခ်ဥ္သီးဟာ ကိုယ္အေလးခ်ိန္ တိုးမလာေအာင္ ထိန္းေပးႏုိင္စြမ္း ရွိပါတယ္။ ၀ိတ္ခ်ေနသူေတြဆိုရင္ေတာ့ ေန႔တိုင္း ခရမ္းခ်ဥ္သီး ပါေအာင္ စားေပးပါ။ ခရမ္းခ်ဥ္သီးမွာ ေရဓာတ္နဲ႔ အမွ်င္ဓာတ္ေတြ အမ်ားႀကီး ပါ၀င္တဲ့အတြက္ ျမန္ျမန္ ဗုိက္ျပည့္ေစၿပီး ကယ္လိုရီနဲ႔ အဆီပိုေတြကို တက္မလာေစဘဲ ထိန္းေပးပါတယ္။
Source: mfmyanmar