Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သကြားဘာကြောင့် လျှော့စားသင့်သလဲ


သကြားဓာတ်က အရမ်းစားမယ်ဆိုရင် ကျန်းမာရေး အတွက်ထိခိုက်နိုင်မယ်ဆိုတာကို သိပြီးသားဖြစ်ကြပေမယ့် ဘယ်လိုထိခိုက်တယ်ဆိုတာမျိုးကိုတော့ သတိမထားမိကြပါဘူးလို့ထင်ပါတယ်။

 

သကြားလွန်ကဲစွာစားသုံးမယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်ပွားစေပါတယ်။ ဗိုက်ပူ ဗိုက်ရွှဲစေပြီး သကြားကြောင့် အဝလွန်သူတွေလည်း များလာတာတွေ့ရပါတယ်။

 

၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဆေးသုတေသနတစ်ခုအရ ကလေးတွေမှာ သကြားစားသုံးမှုများတဲ့အတွက်ကြောင့် ကိုယ်ခန္တာထဲက ကလီစာတွေ အဆီများလာပြီး ဗိုက်ရွှဲစေပါတယ်။ ပြီးနောက် နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေလည်း ဖြစ်စေပါတယ်။

 

သကြားက ဦးနှောက်ကိုလည်း ဒုက္ခပေးနိုင်ပါသေးတယ်။ လွန်ကဲတဲ့သကြားဓာတ်က ကိုယ်ခန္တာက ဆဲလ်တွေကို အိုမင်းစေပါတယ်။ သကြားအရမ်းစားတဲ့ လူတွေမှာ သတိမေ့ခြင်း၊ ဦးနှောက်အားလျော့ခြင်းတွေ ပိုပြီးဖြစ်တတ်ပါတယ်။

 

နောက်ဆုံးအနေနဲ့တော့ သကြားစားသုံးခြင်းက အဝလွန်စေတယ်ဆိုတာကိုတော့ သိပြီးသားဖြစ်မှာပါ။ သကြားစားသုံးတဲ့အခါ ဗိုက်ပြည့်သွားတာမျိုးမဖြစ်တဲ့အတွက် ခဏခဏဗိုက်ဆာပြီး စားပြီးရင်း စားဖြစ်နေလို့ ဝလာတာဖြစ်ပါတယ်။ ဒါကြောင့် အချိုတွေ သကြားတွေ လျှော့စားဖို့ လမ်းညွှန်ပေးလိုက်ပါတယ်နော်။

 

 

Read times Last modified on Thursday, 20 September 2018 13:01
Rate this item
(1 Vote)