Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သကြားသီးကြိုက်သူတွေအတွက် သတင်းကောင်း

Unicode

သကြားသီးကြိုက်သူတွေအတွက် သတင်းကောင်း

အရသာရှိတဲ့ သကြားသီးလေးကနေရရှိမယ့် အကျိုးကျေးဇူးတွေကတော့  - 


အသားအရေကျန်းမာစေနိုင်တယ်

သကြားသီးက အသားအရေကို Glowစေနိုင်ပါတယ်။ သကြားသီးမှာ ဗီတာမင် E ပါဝင်နေတာကြောင့် အသားအရေကို အစိုဓါတ်ထိန်းပေးပြီး ကျန်းမာချောမွေ့စေပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို free radicalတွေ အန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

 

Baking Powders မုန့်ဖုတ်ဆော်ဒါလုပ်ငန်းပေါင်း ၂၅ ခုကိုရှာရန်နှိပ်ပါ။

 

မျက်လုံးကျန်းမာစေနိုင်တယ်

ဗီတာမင် A ကြွယ်ဝစွာပါဝင်မှုက အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

ခွန်အားပြည့်စေတယ်

သကြားဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ခွန်အားပြည့်နေစေမှာပါ။

 

ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

သကြားသီးမှာtannins ပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေရောင်ရမ်းမှုကို သိသိသာသာလျော့ကျစေနိုင်မှာပါ။ အစာရေမြိုကို ကျန်းမာစေနိုင်သလို ဝမ်းမှန်ေစေဖို့လည်း ကူညီပေးနိုင်ပါတယ်။

 

ကင်ဆာကာကွယ်ပေးနိုင်တယ်

ဗီတာမင် A နဲ့ ဗီတာမင် B တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်တွင်းက အမြှေးပါးတွေကို ကျန်းမာစေနိုင်သလို အသားအရေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သကြားသီးမှာပါဝင်တဲ့ အမျှင်ဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ၊ ပရိုတင်းနဲ့ အာဟာရဓါတ်တွေက ကင်ဆာကာကွယ်ပေးနိုင်ပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်ပါတယ်။ ဗီတာမင် A ပါဝင်နေမှုက အဆုတ်နဲ့ခံတွင်းကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

အရိုးကျန်းမာစေနိုင်တယ်

သကြားသီးမှာ ကယ်လ်ဆီယမ်၊ ဖော့စဖရိတ်စ် နဲ့ သံဓါတ်တို့ပါဝင်နေမှုကြောင့် အရိုးတွေကို လိုအပ်တဲ့ အာဟာရတွေဖြည့်ပေးနိုင်ပါတယ်။ သကြားသီးစားသုံးပေးမှုက အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။

 

ဝမ်းချုပ်တာကိုသက်သာစေနိုင်တယ်

သကြားသီးက အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ဝမ်းမှန်စေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ သဘာဝ ဝမ်းမှန်ဆေးတစ်ခုပေါ့။ အူမကြီးအမြှေးပါးတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ လှုံ့ဆော်ပေးပြီး ပိုးဝင်ကူးစက်မှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

ကိုယ်ဝန်ဆောင်မေမေတွေနဲ့သင့်တော်တယ်

ကာဗိုဟိုက်ဒရိတ်နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝစွာပါဝင်နေတာကြောင့်မေမေရောဘေဘီလေးကိုပါကျန်းမာစေနိုင်ပါတယ်။ နို့တိုက်မိခင်တွေအနေနဲ့လည်း သကြားသီးစားပေးမယ်ဆိုရင် နို့ထွက်မများစေမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရမယ့် မအီမသာဖြစ်တာ၊ မူးဝေအော့အန်တာ၊ အားနည်းတာမျိုးတွေမဖြစ်စေချင်ဘူးဆိုရင်တော့ သကြားသီးစားပေးတာက အသင့်တော်ဆုံးပါ။

 

Read More >>>>>  အရွယ်စုံ သောက်သုံးနိုင်တဲ့ ပဲနို့ပြုလုပ်နည်း

 

စိတ်ကျန်းမာစေနိုင်တယ်

သကြားသီးက စိတ်ဖိစီးမှုကိုပြေလျော့စေပြီး အာရုံကြောတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အိပ်မပျော်တာ၊ စိတ်ဖိစီးတာနဲ့ စိုးရိမ်ပူပန်မှုများသူတွေအတွက် အထူးသင့်တော်ပါတယ်။

 

အအေးမိတာနဲ့ချောင်းဆိုးတာကို သက်သာစေနိုင်တယ်

သကြားသီးက နှာစေးနှာပိတ်တာကိုသက်သာစေနိုင်သလို အသက်ရှုလမ်းကြောင်းက ချွဲသလိပ်တွေဖယ်ရှားပေးပါတယ်။ ချောင်းဆိုးတာကိုလည်း သက်သာစေနိုင်ပါတယ်။ အအေးမိတာကြောင့်ဖြစ်တဲ့ နှာစေးချောင်းဆိုးသက်သာချင်တယ်ဆိုရင်တော့ သကြားသီးစားပေးလို့ရပါတယ်။

 

Source: Hellosayawon

 

 

 

သၾကားသီးႀကိဳက္သူေတြအတြက္ သတင္းေကာင္း

 

အရသာရွိတဲ့ သၾကားသီးေလးကေနရရွိမယ့္ အက်ိဳးေက်းဇူးေတြကေတာ့  -  

 

အသားအေရက်န္းမာေစနိုင္တယ္

သၾကားသီးက အသားအေရကို Glowေစနိုင္ပါတယ္။ သၾကားသီးမွာ ဗီတာမင္ E ပါဝင္ေနတာေၾကာင့္ အသားအေရကို အစိုဓါတ္ထိန္းေပးၿပီး က်န္းမာေခ်ာေမြ႕ေစပါတယ္။ ဓါတ္တိုးဆန႔္က်င္အာနိသင္ႂကြယ္ဝတာေၾကာင့္ ခႏၶာကိုယ္ကို free radicalေတြ အႏၲရာယ္ကေန အထိေရာက္ဆုံးကာကြယ္ေပးနိုင္ၿပီး အရြယ္မတိုင္ခင္အိုမင္းရင့္ေရာ္မႈေတြကို ကာကြယ္ေပးနိုင္ပါတယ္။

 

မ်က္လုံးက်န္းမာေစနိုင္တယ္

ဗီတာမင္ A ႂကြယ္ဝစြာပါဝင္မႈက အျမင္အာ႐ုံကို က်န္းမာေစနိုင္ပါတယ္။ အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ အျမင္အာ႐ုံျပႆနာေတြကိုလည္း ကာကြယ္ေပးနိုင္ပါတယ္။

 

ခြန္အားျပည့္ေစတယ္

သၾကားဓါတ္ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ ခႏၶာကိုယ္ကို ခြန္အားျပည့္ေနေစမွာပါ။

 

Baking Powders မုန္႔ဖုတ္ေဆာ္ဒါလုပ္ငန္းေပါင္း ၂၅ ခုကိုရွာရန္ႏွိပ္ပါ။

 

ေရာင္ရမ္းမႈကို သက္သာေစနိုင္တယ္

သၾကားသီးမွာtannins ပါဝင္ေနတာေၾကာင့္ နာက်င္ေရာင္ရမ္းမႈကို သက္သာေစနိုင္ပါတယ္။ ကိုယ္တြင္းအဂၤါေတြေရာင္ရမ္းမႈကို သိသိသာသာေလ်ာ့က်ေစနိုင္မွာပါ။ အစာေရၿမိဳကို က်န္းမာေစနိုင္သလို ဝမ္းမွန္ေေစဖို႔လည္း ကူညီေပးနိုင္ပါတယ္။

 

ကင္ဆာကာကြယ္ေပးနိုင္တယ္

ဗီတာမင္ A နဲ႔ ဗီတာမင္ B တို႔ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ ကိုယ္တြင္းက အေျမႇးပါးေတြကို က်န္းမာေစနိုင္သလို အသားအေရကိုလည္း က်န္းမာေစနိုင္ပါတယ္။ သၾကားသီးမွာပါဝင္တဲ့ အမၽွင္ဓါတ္နဲ႔ ဓါတ္တိုးဆန႔္က်င္အာနိသင္ေတြ၊ ပရိုတင္းနဲ႔ အာဟာရဓါတ္ေတြက ကင္ဆာကာကြယ္ေပးနိုင္ၿပီး ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို အထိေရာက္ဆုံးဖယ္ရွားနိုင္ပါတယ္။ ဗီတာမင္ A ပါဝင္ေနမႈက အဆုတ္နဲ႔ခံတြင္းကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

 

အရိုးက်န္းမာေစနိုင္တယ္

သၾကားသီးမွာ ကယ္လ္ဆီယမ္၊ ေဖာ့စဖရိတ္စ္ နဲ႔ သံဓါတ္တို႔ပါဝင္ေနမႈေၾကာင့္ အရိုးေတြကို လိုအပ္တဲ့ အာဟာရေတြျဖည့္ေပးနိုင္ပါတယ္။ သၾကားသီးစားသုံးေပးမႈက အရိုးေတြ ႀကံ့ခိုင္သန္စြမ္းေစဖို႔ အေကာင္းဆုံးအေထာက္အပံ့ေပးနိုင္မွာပါ။

 

ဝမ္းခ်ဳပ္တာကိုသက္သာေစနိုင္တယ္

သၾကားသီးက အမၽွင္ဓါတ္ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ ဝမ္းမွန္ေစဖို႔ အေကာင္းဆုံးအေထာက္အပံ့ေပးနိုင္ပါတယ္။ သဘာဝ ဝမ္းမွန္ေဆးတစ္ခုေပါ့။ အူမႀကီးအေျမႇးပါးေတြကို အေကာင္းဆုံးလုပ္ေဆာင္နိုင္ေစဖို႔ လႈံ႔ေဆာ္ေပးၿပီး ပိုးဝင္ကူးစက္မႈေတြမျဖစ္ေအာင္ ကာကြယ္ေပးနိုင္ပါတယ္။

 

 

Read More >>>>>  အရြယ္စံု ေသာက္သံုးႏိုင္တဲ့ ပဲႏို႕ျပဳလုပ္နည္း

 

ကိုယ္ဝန္ေဆာင္ေမေမေတြနဲ႔သင့္ေတာ္တယ္

ကာဗိုဟိုက္ဒရိတ္နဲ႔ ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ အာဟာရဓါတ္ေတြျပည့္ဝစြာပါဝင္ေနတာေၾကာင့္ေမေမေရာေဘဘီေလးကိုပါက်န္းမာေစနိုင္ပါတယ္။ နို႔တိုက္မိခင္ေတြအေနနဲ႔လည္း သၾကားသီးစားေပးမယ္ဆိုရင္ နို႔ထြက္မမ်ားေစမွာပါ။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ခံစားရမယ့္ မအီမသာျဖစ္တာ၊ မူးေဝေအာ့အန္တာ၊ အားနည္းတာမ်ိဳးေတြမျဖစ္ေစခ်င္ဘူးဆိုရင္ေတာ့ သၾကားသီးစားေပးတာက အသင့္ေတာ္ဆုံးပါ။

 

စိတ္က်န္းမာေစနိုင္တယ္

သၾကားသီးက စိတ္ဖိစီးမႈကိုေျပေလ်ာ့ေစၿပီး အာ႐ုံေၾကာေတြကိုလည္း က်န္းမာေစနိုင္ပါတယ္။ အိပ္မေပ်ာ္တာ၊ စိတ္ဖိစီးတာနဲ႔ စိုးရိမ္ပူပန္မႈမ်ားသူေတြအတြက္ အထူးသင့္ေတာ္ပါတယ္။

 

အေအးမိတာနဲ႔ေခ်ာင္းဆိုးတာကို သက္သာေစနိုင္တယ္

သၾကားသီးက ႏွာေစးႏွာပိတ္တာကိုသက္သာေစနိုင္သလို အသက္ရႈလမ္းေၾကာင္းက ခၽြဲသလိပ္ေတြဖယ္ရွားေပးပါတယ္။ ေခ်ာင္းဆိုးတာကိုလည္း သက္သာေစနိုင္ပါတယ္။ အေအးမိတာေၾကာင့္ျဖစ္တဲ့ ႏွာေစးေခ်ာင္းဆိုးသက္သာခ်င္တယ္ဆိုရင္ေတာ့ သၾကားသီးစားေပးလို႔ရပါတယ္။

 

Source: Hellosayawon

 

 

Read times Last modified on Monday, 10 February 2020 14:58
Rate this item
(0 votes)