Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အပြိင်အဆိုင် ပြင်းထန်နေတဲ့ အသားတု ဈေးကွက်

အာရှမှာ Nestlé ရဲ့ ပထမဆုံး အသားတုစက်ရုံကို တရုတ်ပြည်မှာ ဖွင့်လှစ်လိုက်ပါတယ်။

အာရှရဲ့ အသားတုဈေးကွက်ကို ထိုးဖောက်ယှဉ်ပြိုင်တဲ့ ခြေလှမ်းတစ်လှမ်းလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ အစားအသောက်ကဏ္ဍမှာ ဗီဂင် (vegan )ဆိုတဲ့ အသုံးအနှုန်းက ရေပန်းစားလာပြီး ဝယ်လိုအားလည်း တရိပ်ရိပ် တက်ပါတယ်။ အဲဒီ အသုံးအနှုန်းရဲ့ ဆိုလိုရင်းကတော့
တိရစ္ဆာန်ထွက် အစားအစားကို ရှောင်ကြဉ်တာ ဖြစ်ပါတယ်။ အဲဒီ စားသုံးပုံ ဓလေ့အသစ်အတွက် စားသောက်ကုန်တွေ ထုတ်လုပ်ကြတဲ့အခါ plant-based meat ဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာခဲ့ပါတယ်။ အပင်အခြေပြု အသားလို့ စကားလုံး လှလှဖြင့် ပြောဆိုကြတာ ဖြစ်ပါတယ်။ တကယ်တော့ အသားတု ( faux-meat ) ကို ပြောဆိုနေကြတာ ဖြစ်ပါတယ်။

အာရှမှာ အသားတု အကြီးမားဆုံး ဈေးကွက်ဟာ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုဗစ် ကပ်ရောဂါကြောင့် အသားမစားတော့ဘဲ အသားတုကို ပြောင်းလဲစားသုံးမှု ပိုမိုများပြားလာခဲ့ပါတယ်။

Euromonitor International ၏အဆိုအရ တရုတ်နိုင်ငံရှိ အပင်အခြေပြုအသား ရောင်းအားဟာ ၂၀၁၄ ခုနှစ်တွင်ဒေါ်လာ ၇.၂ ဘီလီယံမှ ၂၀၁၈ ခုနှစ်တွင် ၉.၇ ဘီလီယံသို့ တိုးတက်လာခဲ့တယ်။ ဆွစ် စားသောက်ကုန်ကုမ္ပဏီကြီး Nestlé က ဘီဂျင်းမှ ၇၂ မိုင်မှ ဝေးကွာတဲ့ Tianjin မှာ အသားတု ထုတ်လုပ်ရေး စက်ရုံတည်ဆောက်ဖို့ စီစဉ်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
"မကြာသေးခင်နှစ်များအတွင်း စားသောက်ကုန်ကဏ္ဍမှာ တော်လှန်ပြောင်းလဲမှုများ စတင်ပေါ်‌ပေါက်လာခဲ့ပြီး လျင်မြန်စွာ ကြီးထွားလာတယ်။ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် လူတွေက စားသောက်ပုံကို ပြောင်းလဲနေကြတယ်။ ကျန်းမာရေး၊ အာဟာရပြည့်ဝရေးနဲ့ ပတ်ဝန်းကျင်မ်ိတ်ဖက်ဖြစ်ရေးတို့ကို အလေးထားပြီး စားသောက်ကုန်တွေကို ရွေးချယ်ဝယ်ယူလာကြတယ်" လို့ Nestlé ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားတယ်။

အာရှမှာ Nestlé’ ရဲ့ ပထမဆုံး အသားတုစက်ရုံကို အမေရိကန်ဒေါ်လာ ၁၀၃ သန်း ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာအတွင်း တရုတ်ပြည်တွင်းဈေးကွက် အသားတုလုပ်ငန်းကဏ္ဍမှာ ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာခဲ့တယ်။
ပွင့်သစ်စ လုပ်ငန်းငယ်တစ်ခုဖြစ်ပြီး ဝက်သားအတုကို အဓိကထား လုပ်ကိုင်တဲ့ Zhenmeat ဟာ အခုဆိုရင် သက်တမ်း ၃ နှစ် ရှိပြီ ဖြစ်ပါတယ်။ အဲဒီလို လုပ်ငန်းငယ်တွေက ၁၉၉၃ ခုနှစ်တတည်းက အသားတု စတင်လုပ်ကိုင်ခဲ့တဲ့ Whole Perfect Food ကို ယှဉ်ပြိုင်နေကြတယ်။
ဟောင်ကောင် အခြေစိုက် Green ကုမ္ပဏီက OmniPork အမည်ဖြင့် ဝက်သားတု ထုတ်လုပ်ပြီး တရုတ်ပြည်တွင်း ဈေးကွက်မှ ယှဉ်ပြိုင်နေတယ်။ Alibaba နဲ့ လက်တွဲပြီး အွန်လိုင်းအရောင်းဖြင့် ဈေးကွက်ဝေစု ပိုရအောင် လုပ်ဆောင်နေတယ်။

ပြည်ပလုပ်ငန်းတွေလည်း တရုတ်ပြည်တွင်းဈေးကွက်ကို ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိပါတယ်။ အမေရိကန်မှာ စိုက်ပျိုးထုတ်ကုန်လုပ်ငန်းကြီး Cargill က Yum China နဲ့ အကျိုးတူ ပူးပေါင်းပြီး တရုတ်ပြည်မှာ ရှိတဲ့ KFC ဆိုင်တွေမှာ အသားတုဖြင့် ကြက်သားလုံးကြော် ရောင်းချပါတယ်။ KFC ရဲ့ အရောင်က အနီရင့်ရင့် ဖြစ်ပြီး ကြက်သားတုကိုတော့ ကွဲပြားအောင် အစိမ်းနုရောင်ကို သုံးစွဲပါတယ်။
အမေရိကန်မှ Beyond Meat နဲ့ Impossible Foods တို့ဟာ အသားအစားထိုး စားသောက်ကုန် လုပ်ငန်းနယ်ပယ်မှာ ထင်ရှားကျော်ကြားတဲ့ လုပ်ငန်းများဖြစ်ပြီး မကြာသေးမီက တရုတ်ပြည် ဈေးကွက်ထဲကို ဝင်ရောက်ခဲ့ကြတာ တွေ့ကြရတယ်။

Beyond Meat က Starbucks နဲ့ လက်တွဲပြီး သက်သတ်လွတ် စားသောက်စရာတွေ ရောင်းချပေးတာကို ဧပြီလမှာ စတင်ခဲ့ပါတယ်။

Impossible Foods ကတော့ တရုတ်ပြည်မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဝက်သားတုကို စူးစိုက် လုပ်ကိုင်ပါတယ်။ ကမ္ဘာ့ ဝက်သား စားသုံးမှုရဲ့ ထက်ဝက်နီးပါးဟာ တရုတ်ပြည်မှာ ဝက်သားစားသုံးကြတာဖြစ်လို့ ဝက်သားတုကို စူးစိုက်ထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ အဓိက အသားထုတ်လုပ်တဲ့ လုပ်ငန်းတွေကလည်း အသားတုလုပ်ငန်းကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်ကြတယ်။ ကမ္ဘာ့အကြီးမားဆုံး ဝက်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ WH Group က တရုတ်အပင်အခြေပြုစားသောက်ကုန် မဟာမိတ် China Plant Based Food Alliance မှာ အဖွဲ့ဝင် ဖြစ်ပါတယ်။

 

အၿပိင္အဆိုင္ ျပင္းထန္ေနတဲ့ အသားတု ေဈးကြက္


အာရွမွာ Nestlé ရဲ႕ ပထမဆုံး အသားတုစက္႐ုံကို တ႐ုတ္ျပည္မွာ ဖြင့္လွစ္လိုက္ပါတယ္။ အာရွရဲ႕ အသားတုေဈးကြက္ကို ထိုးေဖာက္ယွဥ္ၿပိဳင္တဲ့ ေျခလွမ္းတစ္လွမ္းလည္း ျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ႏွစ္ႏွစ္ကစလို႔ အစားအေသာက္က႑မွာ ဗီဂင္ (vegan )ဆိုတဲ့ အသုံးအႏႈန္းက ေရပန္းစားလာၿပီး ဝယ္လိုအားလည္း တရိပ္ရိပ္ တက္ပါတယ္။ အဲဒီ အသုံးအႏႈန္းရဲ႕ ဆိုလိုရင္းကေတာ့
တိရစာၦန္ထြက္ အစားအစားကို ေရွာင္ၾကဥ္တာ ျဖစ္ပါတယ္။ အဲဒီ စားသုံးပုံ ဓေလ့အသစ္အတြက္ စားေသာက္ကုန္ေတြ ထုတ္လုပ္ၾကတဲ့အခါ plant-based meat ဆိုတဲ့ အသုံးအႏႈန္း ေပၚေပါက္လာခဲ့ပါတယ္။ အပင္အေျချပဳ အသားလို႔ စကားလုံး လွလွျဖင့္ ေျပာဆိုၾကတာ ျဖစ္ပါတယ္။ တကယ္ေတာ့ အသားတု ( faux-meat ) ကို ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။

အာရွမွာ အသားတု အႀကီးမားဆုံး ေဈးကြက္ဟာ တ႐ုတ္ႏိုင္ငံ ျဖစ္ပါတယ္။ အထူးသျဖင့္ ကိုဗစ္ ကပ္ေရာဂါေၾကာင့္ အသားမစားေတာ့ဘဲ အသားတုကို ေျပာင္းလဲစားသုံးမႈ ပိုမိုမ်ားျပားလာခဲ့ပါတယ္။

Euromonitor International ၏အဆိုအရ တ႐ုတ္ႏိုင္ငံရွိ အပင္အေျချပဳအသား ေရာင္းအားဟာ ၂၀၁၄ ခုႏွစ္တြင္ေဒၚလာ ၇.၂ ဘီလီယံမွ ၂၀၁၈ ခုႏွစ္တြင္ ၉.၇ ဘီလီယံသို႔ တိုးတက္လာခဲ့တယ္။ ဆြစ္ စားေသာက္ကုန္ကုမၸဏီႀကီး Nestlé က ဘီဂ်င္းမွ ၇၂ မိုင္မွ ေဝးကြာတဲ့ Tianjin မွာ အသားတု ထုတ္လုပ္ေရး စက္႐ုံတည္ေဆာက္ဖို႔ စီစဥ္ေနေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။
"မၾကာေသးခင္ႏွစ္မ်ားအတြင္း စားေသာက္ကုန္က႑မွာ ေတာ္လွန္ေျပာင္းလဲမႈမ်ား စတင္ေပၚ‌ေပါက္လာခဲ့ၿပီး လ်င္ျမန္စြာ ႀကီးထြားလာတယ္။ တိတ္တိတ္ဆိတ္ဆိတ္ျဖင့္ လူေတြက စားေသာက္ပုံကို ေျပာင္းလဲေနၾကတယ္။ က်န္းမာေရး၊ အာဟာရျပည့္ဝေရးနဲ႔ ပတ္ဝန္းက်င္မ္ိတ္ဖက္ျဖစ္ေရးတို႔ကို အေလးထားၿပီး စားေသာက္ကုန္ေတြကို ေ႐ြးခ်ယ္ဝယ္ယူလာၾကတယ္" လို႔ Nestlé ရဲ႕ ထုတ္ျပန္ေၾကညာခ်က္မွာ ေဖာ္ျပထားတယ္။

အာရွမွာ Nestlé’ ရဲ႕ ပထမဆုံး အသားတုစက္႐ုံကို အေမရိကန္ေဒၚလာ ၁၀၃ သန္း ရင္းႏွီးျမႇဳပ္ႏွံၿပီး တည္ေဆာက္သြားမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ႏွစ္တာအတြင္း တ႐ုတ္ျပည္တြင္းေဈးကြက္ အသားတုလုပ္ငန္းက႑မွာ ၿပိဳင္ဆိုင္မႈေတြ ပိုမိုျပင္းထန္လာခဲ့တယ္။
ပြင့္သစ္စ လုပ္ငန္းငယ္တစ္ခုျဖစ္ၿပီး ဝက္သားအတုကို အဓိကထား လုပ္ကိုင္တဲ့ Zhenmeat ဟာ အခုဆိုရင္ သက္တမ္း ၃ ႏွစ္ ရွိၿပီ ျဖစ္ပါတယ္။ အဲဒီလို လုပ္ငန္းငယ္ေတြက ၁၉၉၃ ခုႏွစ္တတည္းက အသားတု စတင္လုပ္ကိုင္ခဲ့တဲ့ Whole Perfect Food ကို ယွဥ္ၿပိဳင္ေနၾကတယ္။
ေဟာင္ေကာင္ အေျခစိုက္ Green ကုမၸဏီက OmniPork အမည္ျဖင့္ ဝက္သားတု ထုတ္လုပ္ၿပီး တ႐ုတ္ျပည္တြင္း ေဈးကြက္မွ ယွဥ္ၿပိဳင္ေနတယ္။ Alibaba နဲ႔ လက္တြဲၿပီး အြန္လိုင္းအေရာင္းျဖင့္ ေဈးကြက္ေဝစု ပိုရေအာင္ လုပ္ေဆာင္ေနတယ္။

ျပည္ပလုပ္ငန္းေတြလည္း တ႐ုတ္ျပည္တြင္းေဈးကြက္ကို ဝင္ေရာက္ယွဥ္ၿပိဳင္လ်က္ ရွိပါတယ္။ အေမရိကန္မွာ စိုက္ပ်ိဳးထုတ္ကုန္လုပ္ငန္းႀကီး Cargill က Yum China နဲ႔ အက်ိဳးတူ ပူးေပါင္းၿပီး တ႐ုတ္ျပည္မွာ ရွိတဲ့ KFC ဆိုင္ေတြမွာ အသားတုျဖင့္ ၾကက္သားလုံးေၾကာ္ ေရာင္းခ်ပါတယ္။ KFC ရဲ႕ အေရာင္က အနီရင့္ရင့္ ျဖစ္ၿပီး ၾကက္သားတုကိုေတာ့ ကြဲျပားေအာင္ အစိမ္းႏုေရာင္ကို သုံးစြဲပါတယ္။
အေမရိကန္မွ Beyond Meat နဲ႔ Impossible Foods တို႔ဟာ အသားအစားထိုး စားေသာက္ကုန္ လုပ္ငန္းနယ္ပယ္မွာ ထင္ရွားေက်ာ္ၾကားတဲ့ လုပ္ငန္းမ်ားျဖစ္ၿပီး မၾကာေသးမီက တ႐ုတ္ျပည္ ေဈးကြက္ထဲကို ဝင္ေရာက္ခဲ့ၾကတာ ေတြ႕ၾကရတယ္။

Beyond Meat က Starbucks နဲ႔ လက္တြဲၿပီး သက္သတ္လြတ္ စားေသာက္စရာေတြ ေရာင္းခ်ေပးတာကို ဧၿပီလမွာ စတင္ခဲ့ပါတယ္။

Impossible Foods ကေတာ့ တ႐ုတ္ျပည္မွာ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလကတည္းက စတင္လုပ္ကိုင္ခဲ့ပါတယ္။ ဝက္သားတုကို စူးစိုက္ လုပ္ကိုင္ပါတယ္။ ကမာၻ႔ ဝက္သား စားသုံးမႈရဲ႕ ထက္ဝက္နီးပါးဟာ တ႐ုတ္ျပည္မွာ ဝက္သားစားသုံးၾကတာျဖစ္လို႔ ဝက္သားတုကို စူးစိုက္ထားတာ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံမွ အဓိက အသားထုတ္လုပ္တဲ့ လုပ္ငန္းေတြကလည္း အသားတုလုပ္ငန္းက႑မွာ ဝင္ေရာက္လုပ္ကိုင္ၾကတယ္။ ကမာၻ႔အႀကီးမားဆုံး ဝက္ေမြးျမဴထုတ္လုပ္ေရးလုပ္ငန္းျဖစ္တဲ့ WH Group က တ႐ုတ္အပင္အေျချပဳစားေသာက္ကုန္ မဟာမိတ္ China Plant Based Food Alliance မွာ အဖြဲ႕ဝင္ ျဖစ္ပါတယ္။

 

 

 

 

Read times
Rate this item
(0 votes)