Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲစောင်းလျားသီး၏ အကျိုးကျေးဇူးများ

ပဲစောင်းလျားသီးဟာ အရသာရှိပြီး အဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပဲဖြစ်ပါတယ်။ ပဲစောင်းလျားသီးရဲ့  အရွက်၊ အမြစ်၊ အသီး၊ အပွင့်အားလုံးကိုစားလို့ရပါတယ်။

 

အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း
Antioxidant တွေကြွယ်ဝစွာပါဝင်တဲ့ ပဲစောင်းလျားသီးဟာ အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးနိုင်ပါတယ်။

 

ခေါင်းကိုက်ခြင်းကိုသက်သာစေခြင်း
ခေါင်းနှစ်ဖက်လုံးကိုက်တာ ခေါင်းတစ်ခြမ်းထဲကိုက်တာတွေက လူတိုင်းလိုလိုကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ပဲစောင်းလျားသီးဟာ ခေါင်းတစ်ခြမ်း ကိုက်တာတွေကိုသက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သံဓါတ်မြင့်မားစွာပါဝင်လို့ မွေးလာတဲ့ကလေးပေါင်မပြည့်တာမျိုးကိုကာကွယ်ပေးနိုင်သလို ကိုယ်ဝန်ဆောင်မိခင်ကိုလည်း ကျန်းမာစေပါတယ်။

 

အမြင်အာရုံကိုကောင်းမွန်စေခြင်း
ပဲစောင်းလျားသီးဟာ အမြင်အာရုံကို ကောင်းမွန်စေပြီး မျက်လုံးနဲ့ ဦးနှောက်ကို ကျန်းမာစေပါတယ်။

 

ကိုယ်အလေးချိန်ကျစေခြင်း
အစာချေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်မှုကိုသက်သာစေလို့ နေရထိုင်ရတာ သက်တောင့်သက်တာဖြစ်စေသလို ကိုယ်အလေးချိန်တက်မလာအောင်လည်း ကာကွယ်ပေးပါတယ်။

 

ဆီးချိုရာဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း
ဗီတာမင်Dနဲ့ကယ်လ်ဆီယမ်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ဆီးချိုရာဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

 

ပန်းနာရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း
အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုဖြစ်တဲ့ ပန်းနာရောဂါကိုကာကွယ်ပေးပြီး အသက်ရှုတာကို ပုံမှန်ဖြစ်စေဖို့အတွက် ပဲစောင်းလျားသီးက ကူညီပေးပါတယ်။ မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အကောင်းဆုံးဆေးတစ်လက်ပဲဖြစ်ပါတယ်။

 

ကိုယ်ခံအားနစ်ကိုကောင်းမွန်စေခြင်း
ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး တခြားရောဂါပိုးတွေအလွယ်တကူဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုဖြစ်ပွားမှုကိုကာကွယ်ပေးမယ့်အပြင်လူသိနည်းတဲ့ ပဲစောင်းလျားသီးရဲ့  အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

 

Source: Food

Read times
Rate this item
(2 votes)