Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


မနက်စာပုံမှန်စားခြင်းဖြင့် နှလုံးကျန်းမာရေးကို ဂရုစိုက်ကြပါစို့

လေ့လာမှုတစ်ခုအရ မနက်စာမစားတဲ့ အမျိုးသားတွေက မနက်စာ စားတဲ့သူတွေထက် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ ၂၇ ရာခိုင်နှုး ပိုများပါတယ်။

 

ထို့အပြင် မနက်စာ မစားတဲ့သူတွေက နာတာရှည် နှလုံးသွေးကြောရောဂါတွေဖြစ်တဲ့ သွေးတိုး၊ လေဖြတ်ခြင်း စတာတွေ ဖြစ်နိုင်ခြေပိုများပါတယ်။


အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များခြင်း

မနက်စာ စားကျင့်မရှိတဲ့ အမျိုးသမီးတွေက နေ့စဉ် မနက်စာ စားတဲ့သူတွေနဲ့ယှဉ်ရင် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ပိုဆိုးတာက မနက်စာ မစားဘဲ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေက ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၅၄ ရာခိုင်နှုန်း ပိုများပါတယ်။

 


ကိုယ်အလေးချိန် တက်စေနိုင်ခြင်း

လေ့လာမှုတွေအရ မနက်စာ မစားတာရဲ့ နောက်ထပ်ဆိုးကျိုးတစ်မျိုးကတော့ ကိုယ်မှန်းထားသလောက် ကိုယ်အလေးချိန်မကျဘဲ ပိုတက်လာစေပါတယ်။

 


စိတ်ခံစားမှုနဲ့ အားအင်တွေအပေါ် မကောင်းတဲ့ အကျိုးသက်ရောက်စေခြင်း

မနက်စာ မစားတာက အားအင်ကို လျော့ကျစေပြီး မှတ်နိုင်စွမ်းအားကိုလည်း နည်းစေပါတယ်။

 


ကင်ဆာဖြစ်နိုင်ခြေများခြင်း

မနက်စာ မစားတဲ့အတွက် နေ့ဘက်တွေမှာ အစာပိုစားမိလာကာ အဝလွန်လာပါတယ်။ အဝလွန်တဲ့သူတွေက ကင်ဆာဖြစ်နိုင်ခြေများပါတယ်။

 


သိမြင်နိုင်စွမ်းကို လျော့ကျစေခြင်း

မနက်စာစားခြင်းက သိမြင်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့အတွက် မနက်စာမစားပါက ဒီလုပ်ငန်းစဉ်ကို လျော့ကျစေပါတယ်။

 


ခေါင်းတစ်ခြမ်းကိုက်ခဲခြင်း

တစ်ညလုံး ၁၂ နာရီလောက် အစာမရှိဘဲ နေ့တစ်နေ့ရဲ့ မနက်ခင်းမှာ စားရတဲ့ ပထမဆုံးအစာကို မစားတာ ဖြစ်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး ခေါင်းတစ်ခြမ်းကိုက်စေပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တာ ပျောက်ချင်တယ်ဆိုရင် မနက်စာ ပုံမှန်စားသုံးသင့်ပါတယ်။

 

 

ဆံပင်ကျွတ်ခြင်းကို ပိုဆိုးရွားစေခြင်း

မနက်စာ မစားတဲ့ အဓိကဆိုးကျိုးများအနက် တစ်ခုကတော့ ဆံပင်ကျွတ်တာပါ။ မနက်စာဆိုတာ နေ့တစ်နေ့အတွက် မရှိမဖြစ် အရေးကြီးပြီး ဆံပင်မွေးညင်းပေါက်တွေ ကြီးထွားဖို့အတွက် အားပေးပါတယ်။ ထို့ကြောင့် ဆံပင်မကျွတ်ဘဲ တောက်ပြောင်တဲ့ဆံသားတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အသားဓာတ်ကြွယ်ဝတဲ့ မနက်စားကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။

 

Read more >>>   ငှက်ပျောသီးကောက်ညှင်းထုပ်

 

ဇီဝကမ္မဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှုရှိခြင်း

ကားတွေက လောင်စာဆီမရှိရင် အလုပ်မလုပ်သလိုဘဲ လူတွေမှာလည်း ဇီဝကမ္မဖြစ်စဉ် လည်ပတ်ဖို့အတွက် မနက်စာစားဖို့ လိုအပ်ပါတယ်။

 


အရက်နာကျတာကို ပိုဆိုးစေခြင်း

ညဘက်မှာ အရက် အလွန်အကျွံ သောက်ထားပါက နောက်တစ်နေ့မနက်မှာ အာဟာရပြည့်ဝတဲ့ မနက်စာကို စားသုံးလိုက်မယ်ဆိုရင် အရက်နာကျတာကို သက်သာစေပါတယ်။ ဒီလိုမဟုတ်ဘဲ မနက်စာ မစားဘူးဆိုရင် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး အရက်နာကျတာကို ပိုဆိုးစေကာ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အရက်နာကျတာကို သက်သာစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို စားသုံးသင့်ပါတယ်။


Source: Thazin Media

Read times Last modified on Friday, 14 June 2019 09:38
Rate this item
(1 Vote)