Food & Health
သင်္ဘောပွင့်သုပ်၏ အကျိုးကျေးဇူးများ
မြန်မာ့တိုင်းရင်းဆေးပညာအရ သင်္ဘောပင်တစ်ပင်လုံး အသုံးမကျတဲ့နေရာမရှိဘူးလို့ဆိုရမှာပါ။ သင်္ဘော တစ်ပင်လုံးမှာ အသီးနဲ့အရွက်က
နေ့စဉ်စားသုံးဖို့ လွယ်ကူပေမယ့် သင်္ဘောပွင့်သုပ် ဟင်းတစ်ခွက် စားရဖို့အတွက်တော့ အတော့်ကို မလွယ်လှပါဘူး။
သင်္ဘောပွင့်မှာလည်း အဖိုပင်ကရတဲ့ အဖူးအငုံလေးတွေက စားရတာပိုအရသာ ရှိပါတယ်။ အထူးသဖြင့် ရခိုင်တိုင်းရင်းသားတွေဟာ သင်္ဘောပွင့်သုပ် ဟင်းတစ်ခွက်ကို မက်မောစွာ စားသုံးတတ်ကြပါတယ်။
ပါဝင်ပစ္စည်းများကတော့ သင်္ဘောပွင့်၊ ငရုတ်ကောင်း၊ ငရုတ်သီးစိမ်းနဲ့ မျှင်ငါးပိ၊ သံပရာသီး၊ ဆီချက်တို့ ပါဝင်ရပါမယ်။
ပထမဦးစွာ အခါးတွေထွက်သွားအောင် အဖူးအငုံလေးတွေကို ခြွေပြီး ရေနွေးနဲ့ ဆူအောင် ပြုတ်ရပါမယ်။ ပြီးနောက်ကြက်သွန်ဖြူ၊ငရုတ်ကောင်း၊ ငရုပ်သီးစိမ်းနဲ့ မျှင်ငပိအနည်းငယ်ကိုပါ ရောထောင်းပြီး ဆီချက်လေးထည့်ပြီး သုပ်လိုက်ပါ။
သံပရာသီးညှစ်ဖို့တော့ မမေ့ပါနဲ့။ အင်မတန်ထမင်းမြိန်တဲ့ သဘာဝစစ်စစ် ဟင်းကောင်းတစ်ခွက်ကို သုံးဆောင်ရပါလိမ့်မယ်။
သင်္ဘောပွင့်ဟာ ဟင်းကောင်းတစ်ခွက်ကိုပေးစွမ်းနိုင်သလို အဖိုးမဖြတ်နိုင်တဲ့ အောက်ပါ အကျိုးကျေးဇူးတွေ ကိုလည်းရရှိနိုင်ပါသေးတယ်။
- အစာချေစနစ်ကို အထောက်အကူပေးခြင်း
- ခံတွင်းကိုမြိန်စေခြင်း
- ရောဂါဖြစ်စေတဲ့ Free Redical တွေကို ချေဖျက်ပေးခြင်း
- သွေးလှည့်ပတ်မှုကို ကောင်းစေခြင်း
- ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်း
- ဆီးချိုကို ကျစေခြင်း
- ကိုယ်အလေးချိန်ကို ကျစေခြင်း
- ကိုလက်စရောကိုလျော့နည်းစေခြင်း
- လေမဖြတ်အောင် ကာကွယ်ပေးနိုင်ခြင်း
- နှလုံးတိုက်ခိုက်ခံရမှုကို ကာကွယ်ပေးနိုင်ခြင်း
အစရှိတဲ့ အကျိုးကျေးဇူးများနဲ့ တန်ဖိုးကြီးလှတဲ့ သင်္ဘောပွင့်သုပ်ကို သုံးဆောင်နိုင်ပါတယ်။