Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


လူကြိုက်များတဲ့ ဂျူးဖူးရဲ့  အကျိုးကျေးဇူးများ

ဂျူးဖူးကို ကြော်စားစား၊ ချက်စားစား အရသာရှိပါတယ်။ ဂျူးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ဗီတာမင် အေ

 

ဂျူးဖူးတွင် Beta-Carotene နဲ့ ဖွဲ့စည်းထားတဲ့ ဗီတာမင် အေ  ပါဝင်ပြီး သင့်အမြင်အာရုံကို ကေင်းမွန်စေပါတယ်။ အဆုတ်ရောဂါနဲ့ ခံတွင်းကင်ဆာ မဖြစ်အောင်လည်း အကာအကွယ်ပေးပါတယ်။

 


ဗီတာမင် ကေ

 

ဂျူးဖူးတွင် ဗီတာမင် ကေ ပါဝင်ပြီး သင့်ခန္ဓာကိုယ်ရဲ့  အင်ဇိုင်းကို တက်ကြစေသလို ဆဲလ်တွေကို ဖွံ့ဖြိုးစေပါတယ်။ အရိုးကိုလည်း သန်စွမ်း ကျန်းမာစေပါတယ်။

 

နှလုံးကို ကျန်းမာစေခြင်း

 

ကိုလက်စထရောပါဝင်မှုနည်းပြီး နှလုံးကို ကျန်းမာစေပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း လျော့ချပေးနိုင်ပြီး ကောင်းတဲ့ ကိုလက်စထရောတွေကို မြင့်တင်ပေးပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေသလို သွေးဖိအားကိုလည်း ထိန်းသိမ်း ပေးပါတယ်။

 

အစာခြေစနစ်ကိုကောင်းမွန်စေခြင်း

 

ဂျူးဖူးတွင် အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်အတွင်းက အဆိပ် အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

 

ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းမွန်ခြင်း

 

ဂျူးဖူးတွင် ဖောလိတ်ဓာတ်ပါဝင်ပါတယ်။ ဂျူးဖူးမှာ ဖောလိတ်ဓာတ်များလို့ ကိုယ်ဝန်ဆောင်တွေအတွက်ကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချပေးသလို ကလေးရဲ့  ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။

 

ကျန်းမာပြီး ဥာဏ်ရည်ထက်မြက်တဲ့ ကလေးလေး မွေးဖို့ ဂျူးဖူးကို စားပေးသင့်ပါတယ်။

 

Read More >>>>> နေ့စဉ် လူတိုင်းစားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ

Read times Last modified on Monday, 26 November 2018 10:13
Rate this item
(2 votes)