Food & Health
ရေနွေးသောက်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးများ
ရေနွေးသောက်တဲ့အကျင့်
လူတော်တော် များများမှာ အယူအဆ မှားနေတာ လေးတွေ ရှိတတ် ကြပါတယ်။ ဥပမာ- မနက် စောစော အိပ်ရာထ တာနဲ့ စိတ်အာရုံ လန်းဆန်းအောင် ကော်ဖီပူပူ၊ လက်ဖက်ရည် ပူပူလေးတွေ သောက်ချင် ကြတာ မျိုးပေါ့။
ကျန်းမာရေးနဲ့ သင့်တော်တဲ့ ရေကျတော့ ဘယ်သူမှ သိပ်မသောက်ချင် ကြဘူး။ သောက်ရင်လဲ ရိုးရိုးရေ မဟုတ်ဘဲ ရေခဲရေမှ သောက်ချင်သူ တွေကလဲ အများသားလား။ အေးမှ သောက်ချင်တာ လူ့သဘာဝပါ။
ငယ်စဉ်ကာလ ကလေးဘဝ ကတည်းက ရေအေး တိုက်ခဲ့ကြတဲ့ လူကြီးတွေရဲ့ အပြစ်လဲ ပါလိမ့်မယ်။ အသက်ကြီး လာပြန်တော့လဲ ရေဆိုအေးမှ သောက်တဲ့ အကျင့်ရလာ ပါတယ်။
ဒီလိုဆိုရင် ရေအေး သောက်တာ မကောင်းဘူးလား၊ ကျန်းမာရေး ဆိုးကျိုး ရှိလို့လား၊ ရေပူနဲ့ ရေအေး ဘာကွာ ခြားလဲ မေးစရာ ရှိပါတယ်။
အပေါ်ယံ ကြည့်ရင်တော့ ရေတိုင်း နီးပါး အတူတူ ပါပဲ။ ရေရဲ့ အဓိက အာနိသင်က ဆဲလ်တွေရဲ့ သယ်ယူ ပို့ဆောင်မှု၊ လုပ်ငန်း ဆောင်တာတွေ ကောင်းမွန် စေဖို့သာ ဖြစ်တယ်။
ရေမှာ စွမ်းအင်၊ အာဟာရဓာတ် မည်မည်ရရ မပါဝင် ပေမယ့် သတ္တုဓာတ် တွေတော့ ပါဝင်တတ် ကြတယ်။
တကယ်တော့ ရေနွေးသောက်တာဟာ ကျန်းမာရေးအတွက် အများကြီး အကျိုးရှိပါတယ်။
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်ခြင်း
ရေနွေးတစ်ခွက်ကို မနက်ခင်းမှာသောက်သုံးရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပိုပြီး အရသာရှိပြီး အာနိသင်ကောင်းချင်ရင် သံပုရာသီးတစ်စိတ်ကို ရေနွေးထဲထည့်ပြီးသောက်ပါ။ဗီတာမင် စီက ခန္ဓာကိုယ်တွင်းရှိဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
နာကျင်မှုကို သက်သာစေနိုင်ခြင်း
ရေနွေးက ခေါင်းကိုက်တာတို့၊ ရာသီလာတာတို့ကြောင့်ဖြစ်တတ်တဲ့ ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။
စိတ်ဖိစီးမှုကို လျော့ချပေးခြင်း
ရေနွေးစိမ်ပြီး ရေချိုးတာပဲ စိတ်ဖိစီးမှုကို လျော့ချပေးတာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုဖြစ်နေချိန်မှာ ရေနွေးနွေးလေး တစ်ခုသောက်ရင်လည်း စိတ်ဖိစီးမှုကို ကျစေပါတယ်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက်ရင် Cortisol ဆိုတဲ့ဓာတ်ပိုထွက်ပြီး အဲ့ဒီဓာတ်က စိတ်ဖိစီးမှုကို ဖြစ်စေတာပါ။
ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း
ရေနွေးသောက်ရင် ဇီဝကမ္မဖြစ်စဉ်တွေကိုအားကောင်းစေပြီး ခန္ဓာကိုယ်အပူချိန်ကို မြင့်စေပါတယ်။ ပုံမှန်အပူချိန်ပြန်ရောက်ဖို့ ခန္ဓာကိုယ်က လုပ်ဆောင်ရတာကြောင့် ကယ်လိုရီတွေစတင်လောင်ကျွမ်းပါတယ်။
သွေးလည်ပတ်မှုကို အားကောင်းစေခြင်း
ရေအေးက သွေးကြောတွေကို ကျဉ်းစေပြီး ရေနွေးက သွေးအလွယ်တကူ စီးဆင်းနိုင်အောင်ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် သွေးလည်ပတ်မှုအားကောင်းစေပါတယ်။
အစာခြေစနစ်ကို အားကောင်းစေခြင်း
ရေဓာတ်ခမ်းခြောက်ရင် ဝမ်းချုပ်တာကိုဖြစ်စေပါတယ်။ ရေနွေးက အစာအိမ်ဟောင်းရဲ့လှုပ်ရှားမှုကိုမြှင့်တင်ပေးကာ ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။