Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောဖူးစားခြင်းရဲ့ အကျိုးကျေးဇူးများ

ငယ်ငယ်ကဆို အိမ်က ငှက်ပျောဖူး မကြာခဏဆိုသလို ချက်ကျွေးလေ့ရှိပါတယ်။ သိပ်ကိုအရသာရှိပါတယ်။ အခုတော့ ငှက်ပျောဖူး

ကိုစားချင်တိုင်း ဆိုင်တွေမှာ ဈေးကြီးပေးပြီး ၀ယ်စားနေရတယ်။

 

လူကြီးမင်းတို့ကော ငှက်ပျောဖူးကို စားဖူးကြလား။ တိုင်းရင်းသားရိုးရာစားသောက်ဆိုင်တွေမှာ ငှက်ပျောဖူးဟင်းလျာကို ထည့်သွင်းရောင်းချကြပါတယ်။ ငှက်ပျောဖူး ဟာအရသာရှိရုံသာမက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။

 

ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဆေးဝါးတွေကို အထူးတလည်မှီဝဲစရာမလိုပါဘူး။ ကျွန်မတို့နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ ကျန်းမာပျော်ရွှင်ခြင်းရဲ့ အခြေခံအရင်းအမြစ်တွေပါပဲ။

 

ဒီတော့ ငှက်ပျောဖူးစားတာ ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲဆိုတာကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

သွေးအားနည်းရောဂါကို ကုသပေးနိုင်ပါတယ်။

 

အစာအိမ်နာတာကို သက်သာစေပါတယ်။

 

ဆီးချိုရောဂါဝေဒနာရှင်တေနဲ့ နို့တိုက်မိခင်တွေအတွက် အထူးကောင်းမွန်ပါတယ်။

 

အမျိုးသမီးတွေအတွက် လစဉ်ဓမ္မတာမှန်စေပါတယ်။

 

ကျောက်ကပ်ရဲ့လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။

 

ဝမ်းချုပ်တာကိုလည်းလျှော့ကျစေပါတယ်။

 

၎င်းအပြင် သားအိမ်ကိုလည်း ကြံ့ခိုင်စေလို့ သားအိမ်ကျတာမဖြစ်နိုင်ပါဘူး။

 

သွေးတိုးတာကိုလည်းကျစေပါတယ်။

 

Ref: myfoodmyanmar

Read times Last modified on Thursday, 20 December 2018 13:27
Rate this item
(1 Vote)