Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သခွားသီးကို တစ်နေ့တစ်လုံး စားပေးရင် ရရှိလာမယ့် ကောင်းကျိုး(၁၃) ချက်

Unicode


သခွားသီးကို တစ်နေ့တစ်လုံး စားပေးရင် ရရှိလာမယ့် ကောင်းကျိုး(၁၃) ချက်


အိန္ဒိယနိုင်ငံမှာ ရှေးခေတ်ကတည်းက သခွားသီးကို အစားအစာအဖြစ်ရော၊ ရိုးရာဆေးအဖြစ်ပါ အသုံးပြုခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံလိုမျိုး ရာသီဥတု ပူတဲ့နိုင်ငံမှာ သခွားသီးက ခန္ဓာကိုယ်မှာ ရေဓာတ်ဖြည့်ဖို့ အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

 

သခွားသီးက အာရုံကြောနဲ့သက်ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်

 

သခွားသီးက ဦးနှောက် ကျန်းမာရေးအတွက် အလွန် အကျိုးပြုပါတယ် ။ သခွားသီးမှာ ဖော့စဖောရပ်လည်း ပါဝင်တာကြောင့် ဖော့စဖောရပ် ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ် ။ သခွားသီးကို မှန်မှန်စားပေးရင် ဦးနှောက်ထက်မြက်လာမှာပါ။

 

Soft Drink & Juice အေအးႏွင့္ေဖ်ာ္ရည္လုပ္ငန္းေပါင္း ၉၃၃ခုကိုရွာရန္ႏွိပ္ပါ။

 

အဆီပိုတွေကိုလည်း ကျစေပါတယ်

သခွားသီးမှာ ရေဓာတ်ပါဝင်တာကြောင့်ဘအစားတွေ အများကြီးမစားမိအောင် ထိန်းချုပ်ပေးပါတယ် ။ သခွားသီးမှာ အဆီလည်း မပါဝင်ပါဘူး ။ ကယ်လိုရီလည်း နည်းနည်းပဲ ပါဝင်ပါတယ် ။ ကိုယ်အလေးချိန် လျှော့ဖို့စဉ်းစားနေရင် သခွားသီးကို ရွေးချယ်သင့်ပါတယ်။

 

အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို နည်းသွားစေပါတယ်

သခွားသီးမှာ fisetin ဒြပ်ပေါင်း ပါဝင်ပါတယ် ။ Fisetin က အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးမှာပါ။

 

အစာချေဖျက်မှုကို တိုးတက်စေပါတယ်

သခွားသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ် ပါဝင်တာကြောင့် အစာချေဖျက်မှုကို အထောက်အကူဖြစ်စေပါတယ် ။ အဲဒါကြောင့် နေ့စဉ်အစားအစာထဲမှာ သခွားသီးကို ထည့်သွင်းစားသင့်ပါတယ်။

 

ခန္ဓာကိုယ်မှာ ရေဓာတ်ပိုပြည့်လာစေပါတယ်

သခွားသီးရဲ့ 95 ရာခိုင်နှုန်းမှာ ရေဓာတ် ပါဝင်ပါတယ် ။ အဲဒါကြောင့် သခွားသီးကို နေ့စဉ်စားပေးရင် ခန္ဓာကိုယ်မှာ ရေဓာတ်ဖြည့်ပြီးသား ဖြစ်စေမှာပါ။

 

အသားအရေကို ပိုပြီး နူးညံ့လာစေပါတယ်

သခွားသီးမှာ ရေဓာတ် ပါဝင်တာကြောင့် အသားအရေအတွက်လည်း အကျိုးရှိပါတယ် ။ဗီတာမင် B,C နဲ့ ဇင့်ဓာတ်က အသားအရေကို လှစေတဲ့ အဓိက အာဟာရ ဓာတ်တွေပါပဲ။

သခွားသီးမှာ ပါဝင်တဲ့ caffeic အက်ဆစ်က အသားအရေ တွန့်ခြင်းကို ကာကွယ်ပေးပါတယ် ။ အဲဒါကြောင့် အရေးအကြောင်းတွေ မဖြစ်ဖို့ဆိုရင် သခွားသီးက အကောင်းဆုံးပါပဲ။

 

သခွားသီးက ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်

သခွားသီးမှာ ပါဝင်တဲ့ ဗီတာမင် B က ဦးရေပြားနဲ့ ဆံပင် ကျန်းမာရေးအတွက် အကျိုးရှိပါတယ် ။ ဒါ့အပြင် Victim , ဗီတာမင် B5 , B6 , ဗီတာမင် C တို့က အရွယ်မတိုင်ခင် ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ဖြူခြင်းအတွက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

 

နှလုံးသွေးကြော ကျန်းမာရေးကို တိုးတက်စေပါတယ်

သခွားသီးမှာ ပိုတက်ဆီယမ် ၊ မဂ္ဂနီဆီယမ် ၊ ဗီတာမင် K ပါဝင်ပါတယ် ။ အဲဒီအာဟာရသုံးမျိုးက နှလုံးသွေးကြော စနစ်အတွက် အရေးပါပါတယ် ။ သခွားသီးက သွေးထဲက ကိုလက်စထရော level ကိုလည်း ကျစေပါတယ်။

 

သွေးတွင်းသကြားဓာတ်က်လည်း ထိန်းညှိပေးပါတယ်

သုတေသနတွေအရ သခွားသီးဟာ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ် ။ သခွားသီးမှာ phenolic ဒြပ်ပေါင်းနဲ့ caffeic အက်ဆစ် ပါဝင်လို့ပါ။

 

Read More >>>>>  အသက္ႀကီးသူေတြ ပိုစားသင့္တဲ့ အေကာင္းဆံုးအာဟာရ(၁၀)မ်ိဳး

 

အရိုးတွေကို ပိုသန်မာစေပါတယ်

အရိုးတွေအတွက် လိုအပ်တဲ့ ဗီတာမင် K နဲ့ ကယ်လ်ဆီယမ်တွေဟာ သခွားသီးထဲမှာ ပါဝင်ပါတယ် ။ ဗီတာမင် K က အရိုးကျိုးခြင်း ၊ အက်ခြင်းကို နည်းသွားစေပါတယ် ။ အရိုးထဲကို ကယ်လ်ဆီယမ် စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် K က အရေးပါပါတယ်။

 

ခန္ဓာကိုယ်မှာ အဆိပ်အတောက် ကင်းစေပါတယ်

သခွားသီးက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ် ။ သခွားသီးကို ပုံမှန်စားတဲ့အခါ အသည်း ၊ အူထဲက အဆိပ်တွေကင်းသွားပြီး ကျန်းမာရေးပိုကောင်းလာမှာပါ။

 

သွားကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်

သခွားသီးမှာ ဖလိုရိုက် ပါဝင်တာကြောင့် သွားပိုးစားခြင်းကို သက်သာစေပါတယ် ။ သခွားသီးမှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်က သွားတွေကို ခိုင်မာစေပါတယ်။

 

ဟော်မုန်းတွေကိုလည်း ညီမျှစေပါတယ်

ခန္ဓာကိုယ်မှာ ဟော်မုန်းတွေ ညီမျှဖို့အတွက် ဖော့စဖောရပ်က အဓိက အာဟာရ ဓာတ်ပါပဲ ။ သခွားသီးမှာ ဖော့စဖောရပ် 4 ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် အရွယ်ရောက်ပြီးသူတွေက သခွားသီးကို နေ့စဉ် စားပေးသင့်ပါတယ်။

 

Credit – thatinoo

 

 

 

သခြားသီးကို တစ္ေန႔တစ္လုံး စားေပးရင္ ရရွိလာမယ့္ ေကာင္းက်ိဳး(၁၃) ခ်က္

 

အိႏၵိယႏိုင္ငံမွာ ေရွးေခတ္ကတည္းက သခြားသီးကို အစားအစာအျဖစ္ေရာ၊ ႐ိုးရာေဆးအျဖစ္ပါ အသုံးျပဳခဲ့ၾကပါတယ္။ အိႏၵိယႏိုင္ငံလိုမ်ိဳး ရာသီဥတု ပူတဲ့ႏိုင္ငံမွာ သခြားသီးက ခႏၶာကိုယ္မွာ ေရဓာတ္ျဖည့္ဖို႔ အတြက္ မရွိမျဖစ္လိုအပ္ပါတယ္။

 

သခြားသီးက အာ႐ုံေၾကာနဲ႔သက္ဆိုင္တဲ့ေရာဂါေတြကို ကာကြယ္ေပးပါတယ္

သခြားသီးက ဦးေႏွာက္ က်န္းမာေရးအတြက္ အလြန္ အက်ိဳးျပဳပါတယ္ ။ သခြားသီးမွာ ေဖာ့စေဖာရပ္လည္း ပါဝင္တာေၾကာင့္ ေဖာ့စေဖာရပ္ ခ်ိဳ႕တဲ့ျခင္းေၾကာင့္ ျဖစ္တဲ့ ေရာဂါေတြကို ကာကြယ္ၿပီးသားလည္း ျဖစ္ေစပါတယ္ ။ သခြားသီးကို မွန္မွန္စားေပးရင္ ဦးေႏွာက္ထက္ျမက္လာမွာပါ။

 

Soft Drink & Juice အေအးႏွင့္ေဖ်ာ္ရည္လုပ္ငန္းေပါင္း ၉၃၃ခုကိုရွာရန္ႏွိပ္ပါ။

 

အဆီပိုေတြကိုလည္း က်ေစပါတယ္

သခြားသီးမွာ ေရဓာတ္ပါဝင္တာေၾကာင့္ဘအစားေတြ အမ်ားႀကီးမစားမိေအာင္ ထိန္းခ်ဳပ္ေပးပါတယ္ ။ သခြားသီးမွာ အဆီလည္း မပါဝင္ပါဘူး ။ ကယ္လိုရီလည္း နည္းနည္းပဲ ပါဝင္ပါတယ္ ။ ကိုယ္အေလးခ်ိန္ ေလွ်ာ့ဖို႔စဥ္းစားေနရင္ သခြားသီးကို ေ႐ြးခ်ယ္သင့္ပါတယ္။

 

အူမႀကီးကင္ဆာ ျဖစ္ႏိုင္ေျခကို နည္းသြားေစပါတယ္

သခြားသီးမွာ fisetin ျဒပ္ေပါင္း ပါဝင္ပါတယ္ ။ Fisetin က အူမႀကီးကင္ဆာ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးမွာပါ။

 

အစာေခ်ဖ်က္မႈကို တိုးတက္ေစပါတယ္

သခြားသီးမွာ အမွ်င္ဓာတ္နဲ႔ ေရဓာတ္ ပါဝင္တာေၾကာင့္ အစာေခ်ဖ်က္မႈကို အေထာက္အကူျဖစ္ေစပါတယ္ ။ အဲဒါေၾကာင့္ ေန႔စဥ္အစားအစာထဲမွာ သခြားသီးကို ထည့္သြင္းစားသင့္ပါတယ္။

 

ခႏၶာကိုယ္မွာ ေရဓာတ္ပိုျပည့္လာေစပါတယ္

သခြားသီးရဲ႕ 95 ရာခိုင္ႏႈန္းမွာ ေရဓာတ္ ပါဝင္ပါတယ္ ။ အဲဒါေၾကာင့္ သခြားသီးကို ေန႔စဥ္စားေပးရင္ ခႏၶာကိုယ္မွာ ေရဓာတ္ျဖည့္ၿပီးသား ျဖစ္ေစမွာပါ။

 

အသားအေရကို ပိုၿပီး ႏူးညံ့လာေစပါတယ္

သခြားသီးမွာ ေရဓာတ္ ပါဝင္တာေၾကာင့္ အသားအေရအတြက္လည္း အက်ိဳးရွိပါတယ္ ။ဗီတာမင္ B,C နဲ႔ ဇင့္ဓာတ္က အသားအေရကို လွေစတဲ့ အဓိက အာဟာရ ဓာတ္ေတြပါပဲ။

 

သခြားသီးမွာ ပါဝင္တဲ့ caffeic အက္ဆစ္က အသားအေရ တြန႔္ျခင္းကို ကာကြယ္ေပးပါတယ္ ။ အဲဒါေၾကာင့္ အေရးအေၾကာင္းေတြ မျဖစ္ဖို႔ဆိုရင္ သခြားသီးက အေကာင္းဆုံးပါပဲ။

 

သခြားသီးက ဆံပင္ကြၽတ္ျခင္းကို သက္သာေစပါတယ္

သခြားသီးမွာ ပါဝင္တဲ့ ဗီတာမင္ B က ဦးေရျပားနဲ႔ ဆံပင္ က်န္းမာေရးအတြက္ အက်ိဳးရွိပါတယ္ ။ ဒါ့အျပင္ Victim , ဗီတာမင္ B5 , B6 , ဗီတာမင္ C တို႔က အ႐ြယ္မတိုင္ခင္ ဆံပင္ကြၽတ္ျခင္းနဲ႔ ဆံပင္ျဖဴျခင္းအတြက္ ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္။

 

ႏွလုံးေသြးေၾကာ က်န္းမာေရးကို တိုးတက္ေစပါတယ္

သခြားသီးမွာ ပိုတက္ဆီယမ္ ၊ မဂၢနီဆီယမ္ ၊ ဗီတာမင္ K ပါဝင္ပါတယ္ ။ အဲဒီအာဟာရသုံးမ်ိဳးက ႏွလုံးေသြးေၾကာ စနစ္အတြက္ အေရးပါပါတယ္ ။ သခြားသီးက ေသြးထဲက ကိုလက္စထေရာ level ကိုလည္း က်ေစပါတယ္။

 

ေသြးတြင္းသၾကားဓာတ္က္လည္း ထိန္းညႇိေပးပါတယ္

သုေတသနေတြအရ သခြားသီးဟာ ေသြးတြင္း သၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္ပါတယ္ ။ သခြားသီးမွာ phenolic ျဒပ္ေပါင္းနဲ႔ caffeic အက္ဆစ္ ပါဝင္လို႔ပါ။

 

Read More >>>>>  အသက္ႀကီးသူေတြ ပိုစားသင့္တဲ့ အေကာင္းဆံုးအာဟာရ(၁၀)မ်ိဳး

 

အ႐ိုးေတြကို ပိုသန္မာေစပါတယ္

အ႐ိုးေတြအတြက္ လိုအပ္တဲ့ ဗီတာမင္ K နဲ႔ ကယ္လ္ဆီယမ္ေတြဟာ သခြားသီးထဲမွာ ပါဝင္ပါတယ္ ။ ဗီတာမင္ K က အ႐ိုးက်ိဳးျခင္း ၊ အက္ျခင္းကို နည္းသြားေစပါတယ္ ။ အ႐ိုးထဲကို ကယ္လ္ဆီယမ္ စုပ္ယူႏိုင္ဖို႔အတြက္ ဗီတာမင္ K က အေရးပါပါတယ္။

 

ခႏၶာကိုယ္မွာ အဆိပ္အေတာက္ ကင္းေစပါတယ္

သခြားသီးက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတဲ့ သဘာဝ အသီးအႏွံ ျဖစ္ပါတယ္ ။ သခြားသီးကို ပုံမွန္စားတဲ့အခါ အသည္း ၊ အူထဲက အဆိပ္ေတြကင္းသြားၿပီး က်န္းမာေရးပိုေကာင္းလာမွာပါ။

 

သြားက်န္းမာေရးကိုလည္း တိုးတက္ေစပါတယ္

သခြားသီးမွာ ဖလို႐ိုက္ ပါဝင္တာေၾကာင့္ သြားပိုးစားျခင္းကို သက္သာေစပါတယ္ ။ သခြားသီးမွာ ပါဝင္တဲ့ ကယ္လ္ဆီယမ္က သြားေတြကို ခိုင္မာေစပါတယ္။

 

ေဟာ္မုန္းေတြကိုလည္း ညီမွ်ေစပါတယ္

ခႏၶာကိုယ္မွာ ေဟာ္မုန္းေတြ ညီမွ်ဖို႔အတြက္ ေဖာ့စေဖာရပ္က အဓိက အာဟာရ ဓာတ္ပါပဲ ။ သခြားသီးမွာ ေဖာ့စေဖာရပ္ 4 ရာခိုင္ႏႈန္းခန႔္ ပါဝင္တာေၾကာင့္ အ႐ြယ္ေရာက္ၿပီးသူေတြက သခြားသီးကို ေန႔စဥ္ စားေပးသင့္ပါတယ္။

 

Credit – thatinoo

Read times Last modified on Tuesday, 18 February 2020 09:40
Rate this item
(1 Vote)