Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အသက်ကြီးသူများ နွားနို့သောက်ပေးပါ

ငယ်စဉ်ကလေးဘဝက အရိုးများ ကျန်းမာသန်စွမ်းစေရန် နွားနို့သောက်ရန် ပြောကြားခံခဲ့ကြရသည်။ သို့သော် ကြီးပြင်းလာ သောအခါ အာဟာရပြည့်ဝသော ယင်းအစားအစာကို ကျွန်တော်တို့ ရှောင်ရှားလာခဲ့ကြသည်။

 

အကြောင်းမှာ နွားနို့သည် ကလေးဘဝနှင့် အလွန်ဆက်စပ်နေ ပြီး အရွယ်ရောက်သူများအနေဖြင့် ကော်ဖီနှင့် လက်ဖက်ရည်ကို ပိုမိုသောက်သုံးလိုသောကြောင့်ဖြစ်သည်။


သို့သော် နွားနို့တွင် ကျန်းမာရေးအကျိုးကျေးဇူးအများအပြား ရှိပြီး ကယ်လ်ဆီယမ်ကြွယ်ဝသောကြောင့် အထူးသဖြင့် အရိုးကျန်း မာရေးအတွက် အလွန်ကောင်းမွန်သည်။

 

နွားနို့တွင် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာ မင်နှင့် သတ္တုဓာတ်များ အများအပြားပါဝင်သည်။ စွမ်းအင်လိုအပ် သော ဗီတာမင်ဒီ၊ ဖော့စ်ဖောရပ်စ်နှင့် ဗီတာမင်ဘီအုပ်စု ပါဝင်သလို ကိုယ်ခံအားစနစ်ကောင်းပြီး အရေပြားကျန်းမာရေးအတွက် ကောင်းသော ဗီတာမင်အေလည်း ပါဝင်သည်။

 

အရသာရှိသော နွားနို့သည် အရေးပါသော ပရိုတင်းအရင်းအမြစ်လည်းဖြစ်ပြီး ပုံမှန်နို့တစ်ခွက်တွင် ကြွက်သားတစ်သျှူးများ ပြုပြင်တည်ဆောက်ရာ၌ အကူအညီပေးသော ပရိုတင်းရှစ်ဂရမ်ခန့် ပါဝင်သည်။

 

အသက်(၁၂)နှစ်အောက် ကလေးများသည် ၂၅၀ မီလီမီတာ ပါဝင်သော နွားနို့နှစ်ခွက် ပုံမှန်သောက်သုံးခြင်းဖြင့် လုံလောက်သော ဗီတာမင်၊ ပရိုတင်းနှင့် ကယ်လ်ဆီယမ်များ ရရှိနိုင်သည်။

 

အလားတူပင် လူကြီးများလည်း နံနက်တစ်ကြိမ်၊ ညအိပ်ရာ မဝင်မီ တစ်ကြိမ် ဖန်ခွက်နှင့်အပြည့် နွားနို့သောက်သုံးပါက လိုအပ် သော အာဟာရဓာတ်များ ရရှိနိုင်သည်။

 

အရေးကြီးသောအချက်မှာ နွားနို့သောက်ခြင်းကို နံနက်စာ၊ ညစာများအတွက် အစားထိုးခြင်းမဟုတ်ဘဲ ကျန်းမာရေးပိုကောင်းရန် ဖြည့်စွက်စာအနေဖြင့် သောက်သုံးခြင်းဖြစ်သည်။

 

—Ref: The Star

Credit: 7 days news

Read times
Rate this item
(1 Vote)