Food & Health
ပိန္နဲသီးစားခြင်း၏ အကျိုးကျေးဇူးများ
ပိန္နဲသီးထဲမှာ potassium ပါဝင်မှုကြောင့် body blood pressure ကို ကောင်းကောင်းထိန်းပေးထားပါတယ်။ ရုတ်တရက် သွေးအား တက်ခြင်းကျခြင်းကို ကောင်းကောင်း ထိန်းပေးထားနိုင်ပါတယ်။
ပိန္နဲသီးအမြစ်မှ ထုတ်ထားတဲ့ အဆီဟာ ၀မ်းလျှောဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေပါတယ်။ ပိန္နဲသီးအမြစ်ဟာ ပန်းနာရင်ကျပ်ရောဂါကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
ပိန္နဲသီးထဲမှာပါဝင်တဲ့ isoflavones , antioxidants and phytonutrients ဓါတ်တွေဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။
ပိန္နဲသီးဟာဆိုရင် ခန္ဓာကိုယ်တွင်းမှာပေါက်တက်တဲ့ ဖက်ခွက်နာပြည်တည်နာစတဲ့ရောဂါ တွေနဲ့ အစာမကျေဖြစ်ခြင်းကို လည်းကောင်း ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် ပိန္နဲသီးဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း ထိရောက်စွာ ကာကွယ်ပေးပါတယ်။
ခန္မာကိုယ်ထဲက ဆဲလ်တွေတဖြည်းဖြည်းယိုယွင်းပျက်စီးမှုမှ ကာကွယ်ပေးပြီး အသားအရေဟာ နုပျိုပြီး အရိုးတွေကိုအလွယ်တကူ ကျိုးခြင်းမှ ကာကွယ်ပေးပါတယ်။
ပိန္နဲသီးဟာ ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ protein (အသားဓါတ်) ၊ carbohydrates(ကစီဓါတ်) ၊ minerals(သတ္တုဓါတ်) တို့ကိုလည်း အမြောက်အမြားထောက်ပံ့ပေးပါတယ်။
ပိန္နဲသီးဟာ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုတို့ကိုလည်း ကောင်းကောင်းပျောက်ကင်းစေပါတယ်။ ပိန္နဲသီးပါဝင်တဲ့ calories နဲ့ fat တွေဟာ အလွန်နည်းတဲ့ အတွက်ခန္ဓာကိုယ်အလေးချိန် လျှော့ချသူတွေအတွက် အထူးကောင်းမွန်ပါတယ်။
ပိန္နဲသီး ကိုပုံမှန်စားသုံးချင်းဖြင့် ၀မ်းချုပ်ခြင်းဝေဒနာကိုလည်း ပျောက်ကင်းစေပါတယ်။ နောက်ဆုံးတစ်ခု အနေနဲ့ကတော့ ပိန္နဲသီးရဲ့အမြစ်က အရေ ပြားပေါ်မှာဖြစ်တက်တဲ့ရောဂါ တော်တော်များများကိုပျောက်ကင်းစေပါတယ်။ ပိန္နဲသီး ထဲမှာပါတဲ့ vitamin ဟာ မျက်လုံးအတွက်အလွန်ကောင်းစေပါတယ်။
ပိန္နဲသီး ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ဆီးချိုရာဂါသည်တွေ၊ အစာအိမ်ရောဂါသည်တွေ အနေနဲ့ အလွန်အကျွံ မစားသင့်ပါဘူး။
အဲ့လိုစားမယ်ဆိုရင်တော့ အစာကိုချေဖြတ်ပေးတဲ့ acid ဓါတ်ဟာ တဖြည်းဖြည်း တိုးလာပြီးအစာအိမ် သွေးကြောပေါက်ခြင်း တွေဖြစ်တတ်ပါတယ်။ ထို့ အပြင် အမျိုးသမီးများ ဓမ္မတာလာစဉ်မှာလည်း မစားသင့်ပါဘူး။ estrogen hormone ကိုပျက်စီးစေနိုင်ပါတယ်။
( NSD )
Ref : wiki-fitness