Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဆီကြော်အစားအစာများ စားခြင်းကြောင့် သေဆုံးနိုင်သည့် အန္တရာယ်မြင့်မား

BMJ ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှုအသစ်တစ်ရပ်အရ ကြော်ထားသော အစားအစာများ ပုံမှန်စားသည့် အသက်(၅၀) ကျော် အမျိုးသမီးများသည် သေဆုံးနိုင်သည့် အန္တရာယ်မြင့်မားနိုင်ကြောင်း ဖော်ပြသည်။

 

ကြော်ထားသော အစားအစာများ မကြာခဏ စားသုံးခြင်းကြောင့် မလိုလားအပ်သော ကျန်းမာရေးနောက်ဆက်တွဲပြဿနာများဆီ ဦးတည်နိုင်ကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။

 


ကြော်ထားသော အစားအစာများစားခြင်းက နှလုံးသွေးကြော ကျန်းမာရေးကို ထိခိုက်နိုင်ပြီး အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများစေကြောင်း အထောက်အထားပြထားသည်။

 

အမေရိကန်နိုင်ငံမှ အသက်(၅၀)ကျော် အမျိုးသမီးများအား လေ့လာရာတွင် အိုင်အိုဝါတက္ကသိုလ် သုတေသီများက ကြော်ထားသော အစားအစာများ စားပါက လူတစ်ဦး၏ သေဆုံးနိုင်သည့် အန္တရာယ်ကို အကြောင်းရင်းများစွာမှ မြင့်တက်စေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

 

သုတေသီများက ကျန်းမာရေးအတွက် အန္တရာယ်အရှိဆုံး ကြော်ထားသော စားစရာအမျိုးအစားကိုလည်း လေ့လာခဲ့သည်။  

 

သုတေသီများက ၁၉၉၃ နှင့် ၁၉၉၈ အကြား အသက်(၅၀)နှင့် (၇၉)နှစ်ကြားအရွယ် အမျိုးသမီးတစ်သိန်းကျော်ကို လေ့လာခဲ့ပြီး ၂၀၁၇ ဖေဖော်ဝါရီအထိ ၎င်းတို့၏အခြေအနေကို စောင့်ကြည့်လေ့လာခဲ့သည်။

 

လေ့လာမှုကာလအတွင်း လူ ၃၁,၅၈၈ ဦး သေဆုံးပြီး  သေဆုံး သူများအနက် ၉,၃၂၀ ဦးသည် ကျန်းမာရေးပြဿနာများကြောင့် ဖြစ်ပြီး ၈,၃၅၈ ဦးမှာ ကင်ဆာနှင့်ဆက်စပ်၍ သေဆုံးသူများဖြစ် ကာ ၁၃,၈၈၀ ဦးမှာ အခြားသောအကြောင်းရင်းများနှင့် ဆက်စပ်၍ သေဆုံးသည်။

 

သုတေသီများက ၎င်းတို့စားသုံးသော ကြော်ထားသည့် အစား အစာများအနက် ကြက်ကြော်၊ ငါးကြော်၊ ငါးအသားညှပ်ပေါင်မုန့် နှင့် ပင်လယ်စာကြော် အာလူးကြော်ကဲ့သို့ အခြားကြော်ထားသည့်   အစားအစာ စားသုံးသူများကို အုပ်စုခွဲ၍ လေ့လာခဲ့သည်။

 

ကြော်ထားသော အစားအစာများ ပုံမှန်စားသုံးမှုကြောင့် မည်သည့် အကြောင်းကြောင့်မဆို သေဆုံးနိုင်သည့် အန္တရာယ်မြင့်မားပြီး အထူးသဖြင့် နှလုံးပြဿနာများဖြင့် သေဆုံးနိုင်သည့် အန္တရာယ်မြင့်မားကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

 

Ref: UPI

Read 3109 times Last modified on Wednesday, 30 January 2019 16:17
Rate this item
(1 Vote)