Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ထန်းရည်အချို၏ အကျိုးအာနိသင်များ

ထန်းရည်အချိုက ချိုပြီး အရသာလည်း ရှိတဲ့သဘာဝထန်းပင်ကနေရတဲ့ဝိုင် တစ်မျိုးပေါ့နော်။ ကမ္ဘာပေါ်မှာလည်း နာမည်ကြီးတဲ့သောက်စရာ တစ်မျိုးပါ။

အနောက်အာဖရိက၊ အာဖရိက အလယ်ပိုင်း၊ အာရှ၊ တောင်အမေရိက စတဲ့နိုင်ငံတွေမှာ ထန်းရည်အချိုကိုသောက်သုံးကြပါတယ်။

 

ကင်ဆာရောဂါကိုတိုက်ဖျက်ပေးတဲ့အပြင် ထန်းရည်အချိုမှာ ဗီတာမင် B2 လို့လူသိများကြတဲ့ Riboflavin ဓာတ်ပါဝင်နေပါတယ်။ ဒီဓာတ်က Antioxidant တစ်မျိုးဖြစ်တာကြောင့် Free Radicals တွေကို တိုက်ဖျက်ပေးပါတယ်။ သာမန် ထန်းရည်အချိုကို အသင့်အတင့် သောက်သုံးပေးရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင် B2 ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

 

အမြင်အားကို ကောင်းစေတဲ့အပြင် ထန်းရည်မှာ Antioxidant၊ ဗီတာမင်စီဓာတ်ပါဝင်တာကြောင့် မျက်စိအမြင်အားကို ကောင်းစေပါတယ်။ အဲ့ဒီအပြင်ဗီတာမင် B1 (Thiamine) ဓာတ်လည်းပါဝင်တာကြောင့်မျက်စိအမြင်ကို မြှင့်တင်ပေးပါတယ်။

 

အသားအရေ၊ ဆံသားနဲ့လက်သည်း ကျန်းမာရေးကို မြှင့်တင်ပေးတဲ့အပြင် ထန်းရည်မှာ သံဓာတ်၊ ဗီတာမင် B Complex တွေပါဝင်တာကြောင့်အသားအရေ၊ ဆံသားနဲ့လက်သည်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

 

သံဓာတ်က ခန္ဓာကိုယ်ထဲကဆဲလ်တွေ ကြီးထွားဖို့အတွက်အဓိက လိုအပ်ပါတယ်။ ဒါ့ကြောင့်အနာအကျက်မြန်စေဖို့၊ ကျန်းမာတဲ့ဆဲလ်တွေအတွက်ထန်းရည်က အရေးကြီးပါတယ်။

 

နှလုံးရောဂါ ဖြစ်နိုင်ချေကိုလျော့ချပေးတဲ့အပြင် ထန်းရည်မှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့်နှလုံးရောဂါကိုကာကွယ်ပေးပြီး သွေးတိုးကိုကျစေပါတယ်။ ဒါပေမယ့်အလွန်အကျွံသောက်ရင်တော့ အသည်းကို ပျက်စီးစေပါတယ်။

 

သတိထားသင့်တဲ့ထန်းရည်ရဲ့ ဆိုးကျိုးများထန်းရည်ကို တစ်ခါသောက်ရင်တစ်ခွက်လောက်ပဲ သောက်သုံးသင့်ပါတယ်။ အလွန်အကျွံသောက်ရင်အသည်းမှာ အဆီဖုံးတာ၊ သွေးကျဲတာ၊ နှလုံးကြွက်သားတွေ အားနည်းပြီး သွေးကိုမပို့ဆောင်နိုင်တာ၊ အသည်းလုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်တာ၊ ကြွက်သားတွေ အားနည်းတာတို့ဖြစ်နိုင်ပါတယ်။

 

Credit : News Green

Read 1974 times
Rate this item
(1 Vote)