Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


မငိုရတဲ့ ပြင်သစ်ကြက်သွန်

မငိုရတဲ့ ပြင်သစ်ကြက်သွန်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကြက်သွန်မွှန်ပြီး မျက်ရည်ကျရတဲ့ အဖြစ်ကို မကြုံစေရတဲ့ ပြင်သစ်ကြက်သွန် Orion ကို "0% မျက်ရည်၊ 100% နူးညံ့မှု"“0% tears, 100% mildness” လို့ အာမခံချက် ပေးထားပါတယ်။

 

orion-.png

.

Bejo France နှင့် ပြင်သစ်မှ ကြက်သွန်ခင်းများ စိုက်ပျိုးထုတ်လုပ်သူ ၅ ဦး  ပူးပေါင်း၍ တီထွင်ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၂ အောက်တိုဘာလထဲမှာ ဈေးကွက်ထဲ စတင်ပေးပို့ခဲ့ပါတယ်။

 

orion-orion-.png

.

"ကြက်သွန် မွှန်တာကြောင့် ကြက်သွန်ကို မစားချင်တဲ့သူတွေ၊ လက်မှာ အနံ့ စွဲကျန်တာကို မနှစ်သက်တဲ့သူတွေ၊ ကြက်သွန် အခွံနွှာ၊ လှီးဖြတ်တဲ့အခါ ငိုရတာကို မလိုလားတဲ့သူတွေ သက်သောင့်သက်သာဖြင့် Orion ကြက်သွန်ကို သုံးဖို့ အဆင်ပြေပါတယ်။ Orion ကြက်သွန်က ကြက်သွန်မှာ ပါနေကျဖြစ်တဲ့ ပိုင်ရူဗစ်အက်စစ် pyruvic acid မပါဘူး။ ဒီတော့ အသားက နူးညံ့ပါတယ်။ အရသာ လုံးဝကွဲပြားပါတယ်" လို့ Bejo France မှ ဈေးကွက်မန်ဂျော Yannick Chevray က ပြောကြားပါတယ်။

Orion ကို အစိမ်းဖြစ်ဖြစ်၊ ဟင်းချက်ရာတွင် ထည့်သုံး၍ဖြစ်ဖြစ် စားလို့ရပါတယ်။ ဟင်းထဲ ထည့်ချက်ရင် အနည်းငယ်ချိုတဲ့ အနှစ်အဖြစ် ပြောင်းလဲသွားပါတယ်။ 

ကြက်သွန်က ၈ လအထိ အထားခံပါတယ်။ 

.

orion-orion-orion-.png

 

"ကျွန်တော်တို့နဲ့ လက်တွဲတဲ့ ကြက်သွန် ထုတ်လုပ်သူ ၅ ဦးကို ၂၀၂၁ ခုနှစ်မှာပရောဂျက်ကို တင်ပြခဲ့ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်လိုသော ဦးတည်ချက်ကို ရှင်းပြပါတယ်။ ကျွန်တော်တို့အနေဖြင့် သူတို့နဲ့ ရေရှည်လက်တွဲသွားဖို့ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်" လို့ သူက ပြောကြားပါတယ်။

"စမ်းသပ်အဆင့်အဖြစ် တစ်ဧက မြေဧရိယာမှာ စိုက်ခင်း ၅ ခု စိုက်ပျိုးပါတယ်"လို့ သူက ပြောပြပါတယ်။

 စားသုံးသူတွေက ကြက်သွန်အမျိူအမည်အသစ် Orion ကို လက်ခံမှု ဘယ်အတိုင်းအတာအထိ ရှိသလဲဆိုတဲ့အပေါ်မူတည်ပြီး ထပ်မံစိုက်ပျိုးမယ့် စိုက်ခင်းဧရိယာကို ဆုံးဖြတ်မှာ ဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။

Source freshplaza

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Sunday, 13 November 2022 12:46
Rate this item
(0 votes)