Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အစားအစာများ

လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖြစ်ပြီး၊ ရာသီဥတုပေါ်မူတည်၍ ၎င်းပမာဏထက် အပူချိန် အတက်/အကျ အနည်းငယ်ပြောင်းလဲ တတ်ပါတယ်။

 

ကိုယ်တွင်းအပူများတာကို ဆေးပညာလောကမှာ “heat stress” လို့ ခေါ်ကြပြီး၊ ခန္ဓာကိုယ်တွင်းအပူချိန်က သူ့ အလိုလိုအေးသွားမျိုးမရှိတတ်ပါဘူး။

 

လိုအပ်တာထက် အပူချိန်များနေတဲ့အခါ၊ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ-နှုတ် ခမ်းတွေသာမက အရေပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ဝက်ခြံထွက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့ အန်ခြင်းတို့ အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။

 

ရေခဲရေများ၊ ရေနွေး၊ စွပ်ပြုတ် စတဲ့အရည်ပူပူများ၊ နေပူပူထဲအချိန်အကြာကြီးသွားလာခြင်း၊ ငရုတ်သီး၊ ချင်း၊ မျှစ်ချဉ်၊ ငရုတ်ကောင်း၊ ပတဲကော စတဲ့ ပူပူလောင်လောင်အစပ်တွေ စားခြင်း၊ ရေသောက် နည်းခြင်းတို့ က ကိုယ်တွင်းအပူရှိန် မြင့်တက်လာစေလို့  (အထူး)ရှောင်ကြဉ်ရမယ့် အစားအသောက်တွေဖြစ်ပါတယ်။

 

ခန္ဓာကိုယ်တွင်း အပူငြိမ်းအေးစေဖို့ အတွက်၊ အဓိက ဆေးကတော့ ရေဝဝသောက်၍ တစ်နေ့ ကို ရေ ၂-ကြိမ် ချိုးပေးခြင်းပါဘဲ။ (မိုးရာသီမှလွဲ၍ ချမ်းအေးတဲ့ ဆောင်းရာသီနဲ့  နွေပူပူတို့ မှာ ခန္ဓာကိုယ်တွင်း အပူဓာတ်များ သူတွေအနေဖြင့် ယခင်ကထက် ရေပိုသောက်ရင်း၊ နေ့ စဉ်စားသမျှ အစားအစာတွေထဲမှာ ရေဓာတ်ကြွယ်ဝတဲ့ အအေးစာလေးတွေကို ဖြည့်စွက်စာအဖြစ် စားသုံးသင့်ပါတယ်)  

 

ဖရဲသီး

လူ့ ခန္ဓာကိုယ်ရဲ့  ၃-ပုံ ၂-ပုံကို အရည်ဓာတ်နဲ့ ဖွဲ့ စည်းတည်ဆောက်ထားပါတယ်။ ဖရဲသီးထဲမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းကျော် ပါရှိတာကြောင့် အပူငြိမ်းအေးစေတဲ့ အကောင်းဆုံး သီးနှံဖြစ်ပါတယ်။  

 

သခွားသီး

သခွားသီးလေးတွေမှာ ရေဓာတ်ကြွယ်ဝစွာပါရှိလို့၊ ခန္ဓာကိုယ်ကို ထိ ထိရောက်ရောက် အေးမြစေပါတယ်။ ဒါကြောင့် တန်ဖိုးနည်း သခွားသီးလေးတွေကို နေ့ စဉ် စားပေးသင့်ပါတယ်။

 

ပူစီနံရွက်

ပူစီနံရွက်ဟာ ခန္ဓာကိုယ်တွင်းကို အေးမြစေတာကြောင့် မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ မကာအို စတဲ့ အာရှတိုက်တခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးများက ပူစီနံပင်များကို အပူငြိမ်းဆေးအဖြစ် ဆေးဝါးဖော်စပ် လာခဲ့ကြပါတယ်။

 

Read More >>>>>  ထိုင်းစတိုင်လ် စားလို့အရမ်းကောင်းတဲ့ ကန်စွန်းရွက်ကြော်

 

မုန်လာဥအဖြူ

အဖြူရောင် မုန်လာဥလေးတွေမှာ ဗီတာမင်စီပါရှိတဲ့အပြင်၊ ကိုယ်တွင်းအပူရှိန်ကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေ အလုံအလောက်ပါရှိနေပါတယ်။ ဒါကြောင့် “heat stress” ကို တိုက်ထုတ်ပေးနိုင်တဲ့ မုန်လာဥအဖြူတွေကို စားဖြစ်အောင် စားပေးပါ။

 

နှမ်း

နှမ်းစေ့လေးတွေက အပူငြိမ်းအေးစေတဲ့ အိမ်တွင်းဆေးဝါး တစ်မျိုး ဖြစ်တာကြောင့် နှမ်းစားရင်း ရေများများသောက်ပါ။ (နှမ်းပျစ်၊ နှမ်းယို လေးတွေကလည်း အပူငြိမ်းအေးစေအောင် အထောက်အပံ့ပေးပါတယ်)

 

စမုံစပါး

စမုံစပါးအစေ့လေးတွေကို သောက်ရေခွက်ထဲ တစ်ညအိပ်စိမ်ထားပြီး၊ နံနက်အိပ်ယာထတဲ့အခါ ရေသောက်ရင်း အဖတ်တွေပါ ကုန်အောင်ဝါးစားပေးပါ။ တစ်နေ့ တာလုံး အပူငြိမ်းအေးစေနိုင်တဲ့အပြင် ခံတွင်းရနံ့ ကိုပါ ရှင်းသန့် စေပါတယ်။

 

အုန်းစိမ်းရေ

အုန်းသီးစိမ်းနုနုမှရတဲ့ အုန်ုးစိမ်းရည်ဟာလည်း ခန္ဓာကိုယ်တွင်းအပူငြိမ်းစေတဲ့ ဆေးကောင်းတလက် ဖြစ်တာမို၊ ကိုယ်တွင်းအပူဓာတ်များသူတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်လောင်းများ မှီဝဲသင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

 

သလဲသီး

သလဲသီးနဲ့ သလဲသီးဖျော်ရည်တွေက ခန္ဓာကိုယ်ကိုအေးမြပြီး၊ ကိုယ်တွင်းအပူတွေကို သူ့ အလိုလိုစုပ်ယူပစ်တာမို့ နေ့ စဉ်စားသုံးသင့်တဲ့ သီးနှံတစ်ခုပါဘဲ။

 

ဘိန်းစေ့ (ဘိန်းမုန့်ထဲထည့်တဲ့အစေ့)

ဘိန်းမုန့် ၊ ဆနွင်းမကင်း စတဲ့ သရေစာမုန့် တွေမှာအသုံးပြုလေ့ရှိတဲ့ ဘိန်းစေ့လေးတွေကလည်း ကိုယ်အပူရှိန်ကို ပုံမှန်ဖြစ်အောင် အထောက်အပံ့ပေးပါတယ်။ ညအိပ်ယာဝင်ခါနီး ဘိန်းစေ့ လက်တစ်ဆုပ်စာဝါးစားပြီး ရေသောက်အိပ်တဲ့အခါ နှစ်ခြိုက်စွာ အိပ်မောကျစေတဲ့အပြင် နောက်တစ်နေ့ လုံး အပူငြိမ်းအေးစေပါတယ်။


နွားနို့

ကိုယ်တွင်းအပူငြိမ်းလိုသူများ ကျိုချက်ပြီးနွားနိုကို အအေးခံ၍ နံနက်တိုင်းသောက်ပေးပါ (သို့) နွားနို့ ကို ပျားရည် အနည်းငယ်ထည့်၍ သောက်နိုင်ပါတယ်။

 

သံပရာသီး

နံနက်အိပ်ယာထ သံပရာရည်တစ်ခွက် သောက်ခြင်းကလည်း ကိုယ်တွင်းအပူငြိမ်းအေးစေရုံမျှမက၊ နေရထိုင်ရတာ ပေါ့ပါးလန်းဆန်းလာပြီး တစ်နေကုန် သက်လုံကောင်းစေပါတယ်။  


Credit: Pauk Pauk (American Health Digest)

Read times Last modified on Friday, 03 May 2019 16:50
Rate this item
(2 votes)