Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ကုန်စက်ရုံများတွင် COVID-19 တည်ပြု လူနာများတွေ့ရှိမှုတိုးလာသော်လည်း ယာယီပိတ်မည်မဟုတ်ဟုဆို

COVID-19 ဒုတိယလှိုင်းကာလတွင် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၁ ရက်ထိ CMP လုပ်ငန်း စက်ရုံ၊အလုပ်ရုံများအားပိတ်ထားရန်

ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားပြီး စားသောက်ကုန်လုပ်ငန်းများနှင့် လူသုံးကုန်၊ တစ်ကိုယ်ရည်သုံးပစ္စည်းစက်ရုံများကိုအစိုးရမှဖွင့်ခွင့်ပေးထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ စားသောက်ကုန်စက်ရုံများတွင် ကိုဗစ် လူနာများ တွေ့ရှိမှုများပြာလာသော်လည်း လတ်တလောတွင် စက်ရုံများအား ယာယီပိတ်မည်မဟုတ်ဘဲ စနစ်တကျကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူမှုဖူလုံရေးအကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်းများအား လူမှုဖူလုံရေး ထောက်ပံ့ငွေများ ခွင့်ပြုထုတ်ပေးနေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ အလုပ်သမားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို အောက်တိုဘာ ၈ ရက်တွင် Video Conference စနစ်ဖြင့်ကျင်းပခဲ့ရာပြည်ထောင်စုဝန်ကြီးကအဆိုပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

Read times
Rate this item
(0 votes)