Food & Health
အုန်းဆီရဲ့ အကျိုးကျေးဇူးများ
မြန်မာလူမျိုး အများစုရဲ့ အုန်းဆီအသုံးပြုပုံကတော့ ရိုးရှင်းလှပါတယ်။ ဆံကေသာ ကောင်းခြင်းတွေအတွက် အများဆုံး အသုံးပြုကြပြီး ချက်ပြုတ်ရာမှာလည်း အသုံးပြုကြပါတယ်။
အုန်းဆီကို အသုံးပြုပုံ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ လူသိနည်းတဲ့ နည်းလမ်းတွေ ဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ အသုံးဝင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
အိမ်မွေးတိရစ္ဆာန်များအတွက် အသုံးဝင်ခြင်း
သင့်ရဲ့ ချစ်စရာ ခွေးလေးဟာ ပြေးလွှား ကစားရတာ နှစ်သက်တဲ့ သတ္တ၀ါလေး ဖြစ်ပါတယ်။ သူတို့ ပြေးလွှားကစားရင်း သူတို့ခြေဖ၀ါးတွေ အက်ကွဲပြီး ကြမ်းတမ်းတာတွေ ဖြစ်လေ့ရှိပါတယ်။ တစ်ခါတရံ နာကျင်တတ်ပြီး ခုန်ဆွ ခုန်ဆွ ဖြစ်နေတတ်ပါတယ်။
ဒါတွေ သက်သာအောင် ခြေဖ၀ါးလေးတွေကို အုန်းဆီနဲ့ သုတ်လိမ်းပေးလို့ ရပါတယ်။ အက်ကွဲနေတာတွေကို သက်သာစေပြီး ချောမွေ့စေပါတယ်။ Moisturizing ပါဝင်တာကြောင့် ပိုးကို သန့်စင်စေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ခြေထောက်က အနံ့ဆိုးတွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။
Cast Iron ဒယ်အိုးပြားအတွက် အသုံးဝင်ခြင်း
ဂျိုးတွေ ကပ်သွားလို့ ဖြစ်ဖြစ်၊ အသားတွေရဲ့အဆီတွေ ကပ်နေလို့ ဖြစ်ဖြစ် ဒယ်အိုးပြားဟာ ညစ်ပတ်သွားပါတယ်။ သာမာန် ဆပ်ပြာတွေ ရေနွေးတွေနဲ့ ဆေးကြောလို့ မပြောင်စင်နိုင်ပါဘူး။ ဒီအခြေအနေကို အုန်းဆီက ဖြေရှင်းပေးနိုင်ပါတယ်။ အုန်းဆီကို တစ်ရှူးနဲ့ အိုးအပြင်ရော အတွင်းပါ အနှံ့သုတ်ပြီး ပွတ်ပေးပါ။ ပြီးရင် တစ်ရှူးနောက်တစ်ခုနဲ့ ခြောက်အောင် ပြန်သုတ်လိုက်ပါ။ သန့်စင်သွားတဲ့ ဒယ်အိုးအဖြစ် ပြန်မြင်ရမှာပါ။
အဝတ်တွေကို သန့်စင်နိုင်ခြင်း
အုန်းဆီကို အိမ်တွင်းလုပ် အဝတ်လျှော် ဆပ်ပြာအနေနဲ့ သုံးလို့ ရပါတယ်။ ဘာကြောင့်လဲဆို ဓာတုပစ္စည်း တစ်မျိုးအနေနဲ့ ဓာတ်ပြုပြီး ဆပ်ပြာမြုပ်ကောင်းကောင်း ထွက်ပါတယ်။
အနာတွေကို သက်သာစေနိုင်ခြင်း
အပူနာတွေ၊ ပြည်တည်နာတွေကို အုန်းဆီလိမ်းပေးရင် သက်သာစေပါတယ်။ အုန်းဆီဟာ ပိုးမွှားတွေကို သတ်ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ လူတွေရဲ့ အနာတွေကို လိမ်းပေးနိုင်သလို အိမ်မွေး တိရိစ္ဆာန်တွေရဲ့ အနာတွေကိုလည်း လိမ်းပေးနိုင်ပါတယ်။
အလွယ်တကူ မီးမွှေးနိုင်ခြင်း
အကြောင်းတစ်စုံတရာကြောင့် မီးမွှေးဖို့ လိုတဲ့ နေရာတွေမှာ မီးမွှေးနေကျ မဟုတ်လို့ အခက်အခဲ ဖြစ်နေရင် ဝါဂွမ်းစလေးနဲ့ အုန်းဆီကို တို့ပြီး မီးရှို့ပေးလိုက်ပါ။ ခဏလေးနဲ့ မီးတောက်စေပါတယ်။
သစ်သားစဉ်းနှီပြားကို သန့်စင်နိုင်ခြင်း
သစ်သားစဉ်းနှီပြားတွေ ကြာလာတဲ့ အခါ ညစ်လာပြီး အရောင်မကောင်းတော့တာ ကြုံဖူးမှာပါ။ အုန်းဆီဟာ မူလအတိုင်း ပြန်ပြီး ကောင်းမွန်ဖို့ ကူညီနိုင်ပါတယ်။ ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် စဉ်းနှီးပြားပေါ်က အညစ်အကြေးတွေ အားလုံးကို သန့်စင်ပြီးသား ဖြစ်စေပါတယ်။
ဆံပင်ကို သန်စေရုံမက အခြား အသုံးဝင်တဲ့ အရာတွေ ရှိနေတဲ့ အုန်းဆီကို ဆောင်ထားဖို့ မမေ့နဲ့နော်။
Credit: Prevention.com



