Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကြိုတင်ကာကွယ်ပေးနိုင်တဲ့ မီးဖိုချောင်ထဲက ပစ္စည်း၂ မျိုးကို သင်သိပါသလား

သွေးတိုးနဲ့ နှလုံးရောဂါလို့ ပြောလိုက်ရင် ၂၁ရာစု ဆေးပညာလောကမှာ တိတ်တဆိတ် လူသတ်ရောဂါလို့တောင် တင် စားခေါ်ကြတာ လူတိုင်းနီးပါးကြားဖူးကြမယ်ထင်ပါတယ်။

 

လက်သီးတစ်ဆုပ်စာသာရှိတဲ့ နှလုံးသားဟာ လူသားတွေ အသက်ရှင်ရပ်တည်ရေးအတွက် မိခင်ဝမ်းတွင်းမှာကတည်းက စက္ကန့်မလပ်လှုပ်ရှားနေတာ နောက်ဆုံး ကွယ်လွန် ချိန်အထိပဲဆိုပါတော့။

 

ဒီလိုမရပ်မနားအလုပ်လုပ်တဲ့ နှလုံးဟာ ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့ ဆဲလ်တွေ အလုပ်လုပ်နိုင်ဖို့အတွက် အသက်ရည်နဲ့တူတဲ့ သွေးကို အထောက်အပံ့ပေးနေတာ ဖြစ်ပါတယ်။ ဒီ သွေးတွေကို သွေးလွှတ် ကြော မကြီးကနေတဆင့် ဆံရှည်မျှင် သွေးကြောတွေအထိ ရောက်ဖို့အတွက် ညှစ်တွန်းအားတစ်ခုကို သုံးရပါတယ်။

 

ငယ်ရွယ်စဉ်မှာ သွေးကြောတွေက သန့်ရှင်းပြီး လမ်းကြောင်းရှင်းနေတဲ့အခါ နှလုံးကပင်ပင်ပန်းပန်းမညှစ်ရပေမယ့် စားသုံးနေထိုင်ပုံတွေကြောင့် အသက်အရွယ်ရလာတဲ့အခါ သွေးကြောနံရံတွေမှာ မကောင်းတဲ့ အဆီတွေပိတ်ဆို့လာပြီး သွေးလမ်းကြောင်းတွေကို ပိတ်ဆို့ လာတဲ့အတွက် ခန္ဓာကိုယ်တစ်လျှောက်သွေးရောက်ဖို့အရေး နှလုံးဟာ ပုံမှန် အတိုင်းမဟုတ်ဘဲ ပင်ပန်းကြီးစွာ အားသုံးလာရပါတယ်။ ဒီအချိန်ခါမှာ နှလုံးရောဂါဆိုတဲ့ တိတ်တဆိတ် လူသတ်ရောဂါကြီး စတင် ဝင်ရောက်လာပါတော့တယ်။

 

သွေးအတွင်း မသန့်ရှင်းတဲ့အဆီတွေကနေ အမှိုအမွှားတွေအဖြစ်ပြိုကွဲပြီး ဦးနှောက်သွေးကြောတွေမှာ ပိတ်ဆို့တာ၊ ဒါမှမဟုတ် နှလုံးညှစ်အား(သွေးဖိအား)များပြီး ဦးနှောက်သွေးကြောငယ်လေးတွေ ပေါက်သွားတာတွေကြောင့် လေ ဖြတ်နိုင်သလို အဆင်မသင့်ရင် အသက်ပါပါသွားတတ်ပါတယ်။

 

ဒီလိုသွေးကြောထဲမှာရှိတဲ့ မကောင်းတဲ့ အဆီတွေကို ဖယ်ရှားနိုင်တဲ့ အစားအသောက်၂မျိုး က မြန်မာတို့ရဲ့ မီးဖိုချောင် ထဲမှာရှိပါတယ်။ အဲဒါတွေကတော့ ကြက်သွန်ဖြူ နဲ့ ဆနွင်းပဲ ဖြစ်ပါတယ်။ တန်ဖိုးနည်းပြီး အလွယ်တကူရနိုင်တာမို့ လျှော့တော့မတွက်လိုက်ပါနဲ့။ ကြက်သွန်ဖြူနဲ့ ဆနွင်းမှာ ဒီလိုဂုဏ်သတ္တိတွေရှိပါတယ်။

 

(၁) ကြက်သွန်ဖြူ


ကြက်သွန်ဖြူဟာ သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို ချေဖျက်ရာမှာ အင်မတန်အစွမ်းထက်တဲ့အတွက် တစ်နေ့ကို ကြက်သွန်ဖြူ ၂မွှာ ကနေ ၄မွှာအထိ ဒီအတိုင်းစားသုံးသင့်ပါတယ်။ တကယ်လို့ ဒီအတိုင်းစားဖို့ ခက်ခဲသူတွေ ဆိုရင်တော့ နေ့စဉ်စားတဲ့ အစားအစာထဲမှ ကြက်သွန်ဖြူများများသုံးပြီး ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ကြက်သွန်ဖြူကို ဖြည့်စွက်အာဟာရတစ်ခုအနေနဲ့ ထုတ်လုပ်ရောင်းချနေကြတာတွေရှိပါတယ်။

 

(၂) နနွင်းမှုန့်


ကြက်သွန်ဖြူနည်းတူပဲ။ မီးချောင်းချောင်ထဲက နနွင်းမှုန့်ဟာလည်း သွေးထဲရှိ မကောင်းတဲ့ ကိုလက်စထရောကို လျော့ နည်းစေပါတယ်။ ဒါတင်မကပါဘူး။ နနွင်းမှာပါတဲ့ Curcumin ဟာ အရောင်ကျစေတဲ့အပြင် ဓါတ်တိုးဆန့်ကျင် သတ္တိလည်းရှိတဲ့အပြင် သွေးကြောတွေကို ပိတ်ဆို့တတ်တဲ့ သွေးပြားလေးတွေမဖြစ်ပေါ်အောင်လည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။

 

နနွင်းစားသုံနည်းတစ်ခုက နွားနို့ပူပူထဲကို ပျားရည်နည်းနည်းရောပြီး နနွင်း လဘက်ရည်တစ်ဇွန်းရောမွှေကာ တစ်နေ့ တစ်ကြိမ်ကနေ နှစ်ကြိမ် အထိလည်း သောက်သုံးနိုင်ပါတယ်။ အစားအသောက်တွေချက်ပြုတ်ရာမှာလည်း ပုံမှန်ထည့်ပြီးအသုံးပြုနိုင်သလို ဖြည့်စွက်အာဟာရအနေနဲ့လည်း ထုတ်လုပ်ထားတာတွေရှိပါတယ်။


Source:FoodPrevent

Read times
Rate this item
(1 Vote)