Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ပူလွန်းတဲ့ အစားအသောက်တွေစားသုံးပါက ကင်ဆာဖြစ်နိုင်ခြေကို ၂ဆမြင့်တက်စေနိုင်

လူအများစုဟာ မနက်မိုးလင်းတာနဲ့ ကော်ဖီအပါအဝင် အစားအစာတော်တော်များများကို ပူပူနွေးနွေး စားသုံးတတ်ကြပါတယ်။ လေ့လာတွေ့ရှိချက်အသစ်တွေအရ ဆိုရင်တော့ အပူချိန် ၁၄၀ ဒီဂရီ ဖာရင်ဟိုက် (၆၀ဒီဂရီဆဲလ်စီးယက်) ထက်ကျော်လွန်တဲ့ အစားအစာတွေနဲ့

အရည်တွေကို စားသောက်ခြင်းဟာ အစာပြွန်ကင်ဆာအပါအဝင် တခြားသောကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို ၂ ဆခန့်အထိ မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။

 

ဒီသုတေသနလေ့လာချက်ကို အတည်ပြုဖို့အတွက် အီရန်နိုင်ငံ အရှေ့မြောက်ဘက်မှာ တည်ရှိတဲ့ Golestan ပြည်နယ်က လူပေါင်း ၅၀၀၀၀ ခန့်ကို သုတေသန စစ်တမ်းတွေ ကောက်ယူခဲ့တာပဲ ဖြစ်ပါတယ်။

 

“လူတော်တော်များများဟာ အစားအစာတွေနဲ့ အရည်တွေသောက်သုံးတဲ့အခါ ပူပူနွေးနွေးစားမှ ကောင်းတယ်၊ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ထင်တတ်ကြပါတယ်။ အရမ်းပူလွန်းတဲ့ အစားအစာတွေကို စားသောက်ခြင်းဟာ အစာပြွန်ကင်ဆာဖြစ်ခြင်းရဲ့ အဓိကတရားခံဖြစ်ပြီး ပူလွန်းတဲ့ အစားအစာတွေ မစားခင်မှာ အနည်းငယ်အေးသွားတဲ့အထိ အချိန်စောင့်ပြီးမှသာစားသင့်ပါတယ်” လို့ ဒီသုတေသနလေ့လာမှုကို ဦးဆောင်သူ အမေရိကန် ကင်ဆာအဖွဲ့အစည်းက တာဝန်ရှိသူ ဒေါက်တာ Farhad Islami ကဆိုပါတယ်။

 

အစာပြွန်ကင်ဆာဟာဆိုရင်တော့ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ကင်ဆာရောဂါတွေ စာရင်းမှာ တခုအပါအဝင်ပဲဖြစ်ပြီး အစာပြွန်ကင်ဆာကြောင့် နှစ်စဉ်နှစ်တိုင်း လူပေါင်း ၄၀၀၀၀၀ ခန့်ဟာ သေဆုံးလျက်ရှိနေတာ ဖြစ်တယ်လို့ နိုင်ငံတကာကင်ဆာသုတေသနအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အစာပြွန်ကင်ဆာ ဖြစ်စေတဲ့အကြောင်းအရာတွေထဲမှာ ဆေးလိပ်သောက်သုံးခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းနဲ့ ပူလွန်းတဲ့ အရည်နဲ့ အစားအစာတွေ စားသောက်ခြင်းက အဓိက အချက်တွေပဲဖြစ်ပါတယ်။

 

၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရဆိုရင်တော့ တရုတ်နိုင်ငံဟာ အစာပြွန်ကင်ဆာ အဖြစ်အများဆုံး နိုင်ငံတွေထဲက တနိုင်ငံပဲဖြစ်ပြီး အဓိကအကြောင်းအရာကို ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ ပူလွန်းတဲ့ အစားအစာတွေကို စားသောက်ခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

 

အမေရိကန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံတော်တော်များများကသူတွေဟာ အစားအစာတွေ မစားခင်မှာ Microwave ထဲထည့်ပြီးမှ အပူပေးစားသုံးလေ့ရှိကြပြီး ကော်ဖီအပါအဝင် အရည်အများစုကိုလည်း ပူပူနွေးနွေးအခြေအနေမှာ သောက်သုံးလေ့ရှိတာကြောင့် အစာပြွန်ကင်ဆာ အဖြစ်အများဆုံးနိုင်ငံတွေ စာရင်းမှာ ပါဝင်ရပ်တည်နေပါတယ်။

 

Source: Burma.irriwaddy

Read times Last modified on Monday, 01 April 2019 17:41
Rate this item
(2 votes)