Food & Health



WHO ဆေးသကြားဘေးဥပဒ် ပြဋ္ဌာန်းချက် Coca-Cola နှင့် PepsiCo ထိခိုက်မှု မရှိ

WHO ဆေးသကြားဘေးဥပဒ် ပြဋ္ဌာန်းချက် Coca-Cola  နှင့် PepsiCo ထိခိုက်မှု မရှိ

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Coca-Cola ၏ Diet Coke တွင် အသုံးပြုသော ဆေးသကြား  အက်စ်ပါတိန်း aspartame အချိုဓာတ်အတုကို ကင်ဆာဖြစ်စေနိုင်သော ကာစီနိုဂျင် carcinogenဓာတုပစ္စည်းအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization WHO က  သတ်မှတ်လျှင် Coca-Cola ထုတ်ကုန်များအပေါ် ထိခိုက်မှု အနည်းအကျဉ်းသာ ရှိမည်ဖြစ်သည်။

 


ယခင်ဖော်ပြချက်

ဆေးသကြားကြောင့် ကင်ဆာဖြစ်နိုင် မဖြစ်နိုင် အငြင်းပွား

https://www.foodindustrydirectory.com.mm/food-industry/food-health/item/6430-aspartame.html


 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကင်ဆာသုတေသနဌာနမှ ဇူလိုင်လတွင် အသုံးများသော အဖြည့်ပစ္စည်း အမျိုးအစားကို ကင်ဆာဘေးဥပဒ် ရှိသည်ဟု သတ်မှတ်ခြင်းသည် စားသုံးသူများ၊ အစားအသောက်ကုမ္ပဏီများ၊ လက်လီရောင်းချသူများနှင့် စားသောက်ဆိုင်များအနေဖြင့် အခြားရွေးချယ်စရာများကို ရှာဖွေပြီး အက်စ်ပါတိန်းကို အစားထိုးကြရမည် ဖြစ်သည်။ 

.

၂၀၂၂ ခုနှစ်တွင် ကိုကာကိုလာ ရောင်းချခဲ့သော စုစုပေါင်းပမာဏ၏ သုံးပုံတစ်ပုံ ရှိသည့် ကယ်လိုရီနည်းသော ထုတ်ကုန်များကို အက်စ်ပါတိန်းအစား သဘာဝအချိုဓာတ် ပြောင်းလဲသုံးစွဲဖို့ လွယ်ကူနိုင်သည်။

 

Coca-Cola သည် ကမ္ဘာတစ်ဝှမ်းတွင် အကောင်းဆုံး ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးစနစ်များထဲမှ တစ်ခုဖြစ်သည်။ အတိတ်က အတားအဆီးများစွာကို အောင်မြင်စွာ ဖြတ်သန်းခဲ့သည်။ သကြားပါသည့်အတွက် ပေးဆောင်ရသည့် သကြားခွန်ပြဿနာကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။

.

အတိတ်ကာလတလျှောက်  Coca-Cola နှင့် PepsiCo ကဲ့သို့သော အဖျော်ယမကာထုတ်လုပ်သူများသည် ပြောင်းလဲလိုက်သော မူဝါဒအပြောင်းအလဲများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ၎င်းတို့၏ ပါဝင်ပစ္စည်း ဖျော်စပ်ပုံများကို အရသာ မထိခိုက်အောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။

.

၎င်းတို့သည် ၂၀၁၂ ခုနှစ်တွင် ၎င်းတို့၏ ကိုလာဖျော်ရည်များတွင် သုံးနေသည့် အရောင်ဆိုးဆေးသည် ကျန်းမာရေးအန္တရာယ် ရှိသည်ဟု ဆိုလာသောအခါ အရောင်ဆိုးဆေး ပြောင်းလဲသုံးစွဲခဲ့ကြသည်။

 

အက်စ်ပါတိန်းကို ဆက်လက်မသုံးစွဲရသည့်အတွက် ကိုကာကိုလာအဖို့ ကာလတိုတွင် အမြတ်ရရှိမှု လျော့ကျနိုင်သော်လည်း ရေရှည်တွင် ပုံမှန်အနေအထား ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။

.

PepsiCo သည် အက်စ်ပါတိန်းကို စွန့်လွှတ်ထားပြီးပြီ ဖြစ်သည်။ sucralose နှင့် acesulfame potassium တို့ ရောနှောပြီး အစားထိုး သုံးစွဲခဲ့သည်။ 

.

PepsiCo သည် ၂၀၁၅ ခုနှစ်တွင် diet soda များတွင် အက်စ်ပါတိန်း သုံးစွဲခြင်း စွန့်လွှတ်ခဲ့သည်။ တစ်နှစ်အကြာတွင် အက်စ်ပါတိန်းကို ပြန်လည် သုံးစွဲခဲ့ပြန်သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်မှစ၍ ယခုအထိ အက်စ်ပါတိန်း သုံးစွဲခြင်း မရှိတော့ချေ။

Source Reuters 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Tuesday, 11 July 2023 18:18
Rate this item
(0 votes)