Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အိမ်ရှင်မတွေ ကိုယ်အလေးချိန် ဘယ်လိုထိန်းမလဲ

မြန်မာမိသားစုတစ်စုမှာ အိမ်ရှင်မတွေက ကိုယ်အလေးချိန်ပိုပြီးများနေတာ တွေ့ရပါတယ်။ 

 

ဒါက သူတို့က အိမ်သားတွေစားပြီး ပိုတဲ့အဆီအနှစ်တွေနဲ့ ထမင်းတွေနယ်ဖတ်စားတဲ့အခါမှာ ဝိတ်တက်တာပဲ ဖြစ်ပါတယ်။ 

 

ဒီအချက်တွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတော့ -

 

-  ဟင်းစချက်ကတည်းက ဆီလျှော့ချက်ပါ။


-  ထမင်းကိုလည်း မိသားစု ကုန်နိုင်သလောက်သာချက်ပါ။

Read More >>>>>>   မန်ကျည်းသီး၏ အကျိုးကျေးဇူးများ


-  တခြားမိသားစုဝင်တွေနဲ့အတူတူ ထမင်းစားပါ။


-  ထမင်းမစားခင် ရေတစ်ခွက်သောက်ပေးပါ။


-  ဟင်းသီးဟင်းရွက်အမည် နှစ်မျိုးလောက်ကို ချက်စားပါ။


-  ပိုတဲ့ထမင်းနဲ့ဟင်းတွေကို နှမြောပြီး မစားပါနဲ့။


-  အိမ်မှာ အဆာပြေစားဖို့ မုန့်ပဲသရေစာဝယ်တဲ့အခါ အသင့်စားမုန့်ထုပ်တွေထက် အသီးအနှံ၊ ဒိန်ချဉ်၊ နွားနို့ စတာတွေကို ဝယ်ထားပါ။


-  ကျန်းမာရေးနဲ့ သင့်လျော်မယ့် မုန့်တွေကို ရွေးပြီး ဝယ်ပါ။


-  ဆီစားတဲ့ ပမာဏကို တဖြည်းဖြည်းနဲ့လျှော့ပါ။


-  အသားတွေဝယ်တော့မယ်ဆိုရင် သုံးထပ်သား၊ ကလီစာ၊ အရေခွံတွေကို တတ်နိုင်သလောက် ရှောင်ပေးပါ။


-  နောက်တစ်ခုက လေ့ကျင့်ခန်းလေးလုပ်ပေးပါ။

 

Source: Dr.Nyi Nyi Kyaw (Nutritionist)

Read times Last modified on Thursday, 04 April 2019 11:38
Rate this item
(1 Vote)