Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်နှစ်ပတ်လုံး သုံးလို့ရတဲ့ စားသောက်ကုန်များ

တစ်နှစ်ပတ်လုံးစားလို့ရနေမယ့် အစားအစာများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

အဖျော်ယမကာ

အားလုံးသိတဲ့အတိုင်း ဝိုင်/ အရက်လိုမျိုး ယမကာတွေက အချိန်ကြာလေ တန်ဖိုးတက်လေပဲလေ။ အရသာကလည်း ပိုကောင်းလာတယ်လို့ပြောကြတာပဲ။

 

အသားခြောက်

အသားခြောက်ဆိုတော့ အမဲခြောက်၊ ဆိတ်သားခြောက်၊ ဆတ်သားခြောက်တွေ၊ ဝက်ပေါင်ခြောက်တွေလည်း ရှိကောင်းရှိမှာပါ။ ငါးခြောက်လည်း ကြာရှည်ခံပါတယ်။ မှိုမတက်အောင် သိုလှောင်ထားနိုင်ရင် ပိုကောင်းပါတယ်။

 

Read More >>>>>>   ထိုင်းစတိုင် ဆားငံသီးငါးပေါင်း

 

သကြား

သကြားက အချိန်ကြာလည်း အရသာ ပြောင်းလဲမသွားပါဘူး။ ခြောက်သွေ့အောင်၊ လေလုံအောင်ထားနိုင်သ၍ တစ်သက်လုံး အကောင်းအတိုင်းရှိနေမှာပါ။

 

ဆန်

ဆန်က အနည်းဆုံး အနှစ် ၃၀ လောက် သိုလှောင်ထားလို့ရပါတယ်။ ခြောက်သွေ့တဲ့ နေရာမှာထားဖို့ပဲ လိုတာပါ။ ဆန်လိုမျိုးပဲ ပြောင်းဖူးစေ့ခြောက်တွေကလည်း အထားခံပါတယ်။

 

ပျားရည်

ပျားရည်ကတော့ ကြာရှည်ခံတဲ့ အစားအစာတွေထဲမှာ ဘုရင်ပါပဲ။ ပုရွက်ဆိတ်မတက်အောင် သေချာဖုံးအုပ်ထားရင် တစ်သက်လုံး စားလုံးရပါတယ်။

 

ဆား

အိုင်အိုဒင်းဆားကတော့ သတ်မှတ်ထားတဲ့ ကာလအတွင်းပဲ သုံးလို့ရပါမယ်။ အိုင်အိုဒင်း ဓာတ်ပေါင်းမဟုတ်တဲ့ သဘာဝဆားစစ်စစ်ဆိုရင်တော့ သက်တမ်းလွန်တာတွေ မဖြစ်ပါဘူး။ အရည်မပျော်သ၍ စားလို့ရပါတယ်။

 

ပဲငံပြာရည်

ပဲငံပြာရည်ကတော့ ကြာရှည်မခံတာတွေလည်းရှိပါတယ်။ အထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေပေါ်လည်း မူတည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါကင်မဖောက်ရသေးတဲ့ပုလင်းကတော့ အနည်းဆုံး ၅ နှစ်ခံပါတယ်။ ဖွင့်ပြီးသွားရင်တော့ သက်တမ်းလွန်သွားတတ်ပါတယ်။ ပိုပြီး ကြာရှည်ခံချင်ရင်တော့ ရေခဲသေတ္တာထဲမှာ ထားပါ။


ပဲ

ပဲ အစို မဟုတ်ဘဲ အခြောက်ခံထားတဲ့ ပဲတွေက အနည်းဆုံး အနှစ် ၃၀ ခံပါတယ်။ ပဲပုတ်ကိုလည်း ခြောက်အောင်ထားရင် အထားခံပါတယ်။

 

Ref: Richard Weber

Read times Last modified on Monday, 13 May 2019 17:54
Rate this item
(2 votes)