Food & Health



စားသုံးရန်မသင့်သော အစားအသောက်များ FDA ကြေညာ

စားသုံးရန်မသင့်သော အစားအသောက်များ FDA ကြေညာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက် အမှတ်စဉ် (၈-၂/၂၀၂၃)

 

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံး နိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

 

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေး တန်းများမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အစားအသောက်များ၌ စားသုံးသူ များ၏ ကျန်းမာရေး ကို ထိခိုက်စေနိုင်သော ခွင့်မပြု တာရှည်ခံ ဓာတုပစ္စည်းများ၊ ခွင့်မပြု ဆိုးဆေးများ ပါဝင်မှုနှင့် ခွင့်ပြု အစားအသောက်ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားသည်တို့ ကြောင့် အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသဖြင့် ယခုဖော်ပြထားသော အစားအသောက် များကို နောက်ထပ်ကြေညာချက် ထုတ်ပြန်သည်အထိ စားသုံးခြင်းမပြုရန် အသိပေးအပ်ပါသည်။

 

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစား အသောက်ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာဆောင်ရွက် ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ကျန်းမာရေးဝန်ကြီးဌာန

 

 

  FB-Unsat-Adress-1-1.jpg

FB-Unsat-Adress-1-2.jpg

 

FB-Unsat-Adress-1-3.jpg


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 12 October 2023 19:22
Rate this item
(0 votes)