Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အာလူးကြော်စားသူတွေက အသက်တိုနိုင်ကြောင်း လေ့လာတွေ့ရှိ

America Journal of Clinical Nutrition ကနေ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ တစ်ပတ်တွင် နှစ်ကြိမ် ထက်ပိုပြီး အာလူးကြော်စားခြင်းဟာ စောစောသေနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

 

ယင်းလေ့လာချက်အရ အာလူးစားရင် စောစောသေမယ်လို့ ဆိုလိုတာမျိုး မဟုတ်ဘဲ သရေစာအဖြစ် စားသုံးနေကြတဲ့ အာလူးကြော်တွေကသာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး စောစောသေစေမှာ ဖြစ်တယ်ဆိုတာကို ပြောဆိုခြင်း ဖြစ်ပါတယ်။

 

သရေစာအဖြစ် စားသုံးကြတဲ့ အာလူးကြော်တွေက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူကြီးလူငယ်မရွေး နှစ်ခြိုက်စွာ စားသုံးနေကြတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

 

၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရဆိုရင်တော့ အမေရိကန်နိုင်ငံတနိုင်ငံတည်းမှာတင်ပဲ အရွယ်ရောက်ပြီးသူ တစ်ဦးရဲ့ အာလူးကြော်စားနှုန်းဟာ ၁၂၁ ပေါင်အထိရှိပြီး အာလူးကိုချက်ပြုတ်စားသုံးတာထက် ကြော်လှော်ထားတဲ့ သရေစာအာလူးကြော်ကိုသာ စားသုံးမှုများပြားနေကြောင်း National Potato Council ရဲ့  စစ်တမ်းအရ သိရပါတယ်။

 

အာလူးက ကစီဓာတ်များတဲ့ အစားအစာတမျိုးဖြစ်တာကြောင့် အပူချိန်မြင့်မြင့်နဲ့ ကြော်လိုက်ချိန်မှာ Acrylamide လို့ခေါ်တဲ့ ဓာတုအဆိပ်တစ်မျိုး ထွက်ရှိလာပြီး အဲဒီဓာတုအဆိပ်ဟာဆိုရင်တော့ ကင်ဆာဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

 

 Read More >>>>>>   အပူချိန်မြှင့်တက်မှုကြောင့် ဒူးရင်းသီးစားသုံးသူများအတွက် သတိပြုရန်သတိပေးထား

 

ထို့အပြင် အသင့်စားသုံးနိုင်အောင် ပြုလုပ်ထားတဲ့ အာလူးကြော်တွေမှာ ဆိုဒီယမ်နဲ့ အဆီဓာတ်တွေ များပြားစွာပါဝင်တာကြောင့် ကယ်လိုရီတက်စေနိုင်ပြီး များများစားသုံးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းဖြစ်စဉ်တွေကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့လည်း သိရပါတယ်။

 

ယင်း သုတေသနလေ့လာမှုကို ပြုလုပ်ဖို့အတွက် အသက် ၄၅ နှစ်ကနေ ၇၉ နှစ်ကြား လူပေါင်း ၄၄၀ ခန့်ကို စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပြီး ဆေးပညာရှင်တွေရဲ့ ကနဦးရည်ရွယ်ချက်ကတော့ အာလူးကြော်စားသုံးခြင်းဟာ အရိုးအဆစ်ရောင်ရမ်းမှုအပေါ် သက်ရောက်ခြင်း ရှိ၊မရှိကို စစ်ဆေးလိုခြင်းပဲ ဖြစ်ပါတယ်။

 

တစ်ပတ်မှာ အာလူးကြော်စားသုံးတဲ့ အရေအတွက်အလိုက် အုပ်စုခွဲလေ့လာခဲ့တာဖြစ်ပြီး တစ်ပတ်ကို အာလူးကြော် နှစ်ကြိမ်ထက် ပိုစားသူတွေဟာ အာလူးကြော် လုံးဝမစားသူတွေထက် သေဆုံးနိုင်ခြေ ပိုမိုမြင့်တက်နေတာကို တွေ့ရှိခဲ့ပါတယ်။

 

လေ့လာတွေ့ရှိချက်အရ အမျိုးသားတွေက အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေထက် အာလူးကြော် ပိုမိုစားသုံးမှု မြင့်တက်နေတာကို တွေ့ရှိခဲ့ရတယ်လို့ လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။

 

Ref: edition-m.cnn.com

Read times Last modified on Saturday, 27 April 2019 11:36
Rate this item
(1 Vote)