Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ထူထောင်သူ ကွယ်လွန်ပြီးနောက် Red Bull ပြန်လည်ဖွဲ့တည်

ထူထောင်သူ ကွယ်လွန်ပြီးနောက် Red Bull ပြန်လည်ဖွဲ့တည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ထိုင်းအစုရှယ်ယာအများစုသည် ကွယ်လွန်သူ Dietrich Mateschitz ကို အစားထိုးရန် စီမံခန့်ခွဲမှုကော်မတီကို ထားရှိဖို့ သဘောတူညီခဲ့ကြသည်။

Red Bull စွမ်းအားဖြည့်အချိုရည် ထူထောင်သူ ဩစတီးယားနိုင်ငံသား အသက် ၇၈ နှစ် ရှိသူ Dietrich Mateschitz ဩစတီးယားနိုင်ငံမှာ ကွယ်လွန်ခဲ့ပြီးချိန်မှာ ကမ္ဘာ့စွမ်းအားဖြည့် အချိုရည် Red Bull ကို မည်သူဦးစီးမလဲ ဆိုသည့် မေးခွန်း ပေါ်ပေါက်ခဲ့ပြီး ဩစတီးယားမှ မီဒီယာတို့က ကုမ္ပဏီတွင် ရှယ်ယာအများစု ပိုင်ဆိုင်သည့် ထိုင်းနိုင်ငံမှ Yoovidhya မိသားစုက ဦးစီးလိမ့်မည်ဟု ထင်ကြေးပေးကြသည်။

အကယ်စင်စစ် Mateschitz မကွယ်လွန်ခင် သီတင်းပတ် ၂ပတ်ခန့်အလိုတွင် Red Bull ကို   ဥရောပအမှုဆောင်အရာရှိ အနည်းငယ်တို့အကြားတွင် စီမံခန့်ခွဲမှုတာဝန်များကို ခွဲဝေပေးခဲ့ပြီး ကုမ္ပဏီ၏ နေ့စဉ် ဦးစီးဦးဆောင်ပြုခြင်းကို ဘီလျံနာထူထောင်သူ Dietrich Mateschitz ၏မိသားစုနှင့် မပတ်သက်တော့အောင် တသီးတခြား ဖြစ်စေခဲ့သည်။
Mateschitz ၏ တစ်ဦးတည်းသော သား Mark Dietrich က အမွေဆက်ခံခဲ့ရာ Red Bull ၏ အစုရှယ်ယာ ၄၉% ကို ပိုင်ဆိုင်သည်။

ကုမ္ပဏီကို ဦးစီးဦးဆောင်ပြုရန်အတွက် စီမံခန့်ခွဲ‌ေရး ကော်မတီ ထားရှိရန် Yoovidhya မိသားစုက သဘောတူကြောင်း Mark Dietrich က ဝန်ထမ်းများကို အသိပေးပြောကြားသည်။
Forbes မဂ္ဂဇင်း၏ အဆိုအရ Chalerm Yoovidhya နှင့် မိသားစု၏ ချမ်းသာကြွယ်ဝမှု အစုစုသည် ကန်ဒေါ်လာ ၂၆.၄ ရှိသည်။ Red Bull တွင် အစုရှယ်ယာ ပိုင်ဆိုင်မှု‌သည့် အဓိကကျသည်။ 

Chalerm Yoovidhya ၏ ဖခင် ဆေးဝါးပညာရှင် Chaleo Yoovidhaya သည် Mateschitz နှင့်အတူ Red Bull ကို ပူးတွဲထူထောင်ခဲ့သူ ဖြစ်သည်။ သူကွယ်လွန်သည့် ၂၀၁၂ တွင် Forbes မဂ္ဂဇင်း၏ အဆိုအရ ထိုင်းနိုင်ငံ၏ တတိယအချမ်းသာဆုံးသူဌေးဖြစ်ပြီး အသားတင်တန်ဖိုး ကန်ဒေါ်လာ ၅ ဘီလီယံ ရှိသည်။

Red Bull ဖွဲ့စည်းပုံအသစ်တွင် အဖျော်ယာမက လုပ်ငန်းလည်ပတ်မှုအတွက် ကဏ္ဍအသီးသီးတွင် ဦးစီးမည့်သူ အသီးသီး ထားရှိသည်။

Mark Mateschitz သည် နေ့စဉ် ဦးစီးဦးဆောင် ပြုခြင်းတွင် ပါဝင်ပတ်သက်မည် မဟုတ်ကြောင်း ပြောကြားသည်။

Red Bull ၏ မူရင်းမူလမှာ  Mr Chalerm ၏ဖခင် ဆေးဝါးပညာရှင် Chaleo Yoovidhya မှ ၁၉၇၆ ခုနှစ်တွင် စတင်ရောင်းချခဲ့ သည့် Krating Daeng ဟုခေါ်သော အဖျော်ယမကာဖြစ်သည်။

Mateschitz က ထိုင်းနိုင်ငံသို့ အလုပ်ကိစ္စဖြင့် ရောက်ရှိခဲ့ပြီး Krating Daeng ကို သောက်ခဲ့ရာမှကဖင်းဓာတ်ပါသော အဖျော်ယမကာသည် အချိန်ဇုန် နေ့နှင့်ည ပြောင်းပြန်ဖြစ်နေသဖြင့် နွမ်းနယ်နေသည်ကို သက်သာစေကြောင်း တွေ့ရှိခဲ့သည်။
သူက Chaleo နှင့် တွေ့ဆုံဆွေးနွေးပြီး Red Bull ကို ၁၉၈၄ တွင် သူတို့နှစ်ဦး ပူးတွဲ ထူထောင်ခဲ့ကြပါသည်။

Red Bull ဖွဲ့စည်းပုံအသစ်တွင် အဖျော်ယမကာလုပ်ငန်းလည်ပတ်မှုအတွက် စီအီးအိုမှာ  Franz Watzlawick ဖြစ်ပြီး   စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများအတွက် စီးအီးအိုမှာ Oliver Mintzlaff ဖြစ်သည်။ ဘဏ္ဍာရေးမှူးချုပ်မှာ Alexander Kirchmayr ဖြစ်ပါသည်။
Source Bangkokpost 
 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)