Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချက် (၅)ချက်

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Food Safety World Health Organization မှ တိုက်တွန်းထားတဲ့ 5 Keys to Safer Food အချက် (၅)ချက်ကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

၁။ သန့် ရှင်းစွာထားပါ
မိမိ၏ လက်၊ အိုးခွက်များနှင့် အသုံးအဆောင်များကို သန့်ရှင်းစင်ကြယ်စွာထားပါ။  ဆေးကြောထားပါ။

 

၂။ အစိမ်းနှင့် အကျက် ကို ခွဲထားပါ
အစိမ်း အကျက်သာမက မတူညီသော အသား၊ ငါးနှင့် အခြား အသီးအရွက်များကို သီးခြားစီ သိမ်းဆည်းပါ / ရောမထားပါနှင့်။

 

၃။ သင့်တင့်မျှတစွာ ချက်ပြုတ်ပါ
သင့်တင့်လုံလောက်သော အပူချိန်၊ ကြာမြင့်ချိန်ကို အသုံးပြုပြီး ချက်ပြုတ်ပါ။ (ချက်ပြီးသားများကို ပြန်နွှေးရာတွင်လည်း အလားတူပင် ဖြစ်သည်။)

 

Read More >>>>>   ကလေးတွေအတွက် ဝမ်းချုပ်စေမယ့် အစားအစာများ

 

၎။ သင့်တင့်သော အပူချိန်တွင် သိမ်းဆည်းပါ
အစားအစာများကို အမျိုးအစားအလိုက် သင့်တင့်မျှတသော အပူချိန်တွင် သိမ်းဆည်းထားပါ။ (ဥပမာ၊ အေးခဲစာများကို သာမန် အခန်းတွင်းအပူချိန်တွင် ကြည်ရှည်စွာထားခြင်းမပြုရ)

 

၅။ သန့်ရှင်းစင်ကြယ်သော ရေ နှင့် ကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုပါ
သန့်စင်သော သို့မဟုတ် သန့်စင်အောင် ပြုပြင်ထားသည့် ရေကို ဆေးကြောရာတွင် အသုံးပြုသင့်ပါတယ်။(ဥပမာ၊ အစိမ်းစားမည့် သစ်သီးဝလံများကို ဆေးကြောရာတွင်)

 

ချက်ပြုတ်စီမံပြီးသား အစားအသောက်များ ဝယ်ယူရာတွင်လည်း ဘေးကင်းရေးကို ဦးစားပေးသင့်ပါတယ်။ (ဥပမာ၊ ပိုးသတ်ထားပြီးသား နွားနို့)

 

ထို့အပြင် မည်သည့်အစားအသောက်ကိုမဆို expire date မတိုင်မီတွင်သာ သုံးဆောင်သင့်ပါတယ်။

 

Credit: UN Homepage.

 

Read times Last modified on Tuesday, 18 June 2019 17:20
Rate this item
(1 Vote)