Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကြာစွယ် စားပေးခြင်း၏ အကျိုးကျေးဇူးများ

ကြာစွယ်ဟာ အရသာလည်းရှိသလို ကျန်းမာရေး အတွက်လည်း အကျိုးကျေးဇူးများစွာရှိနေပါတယ်။ ကြာစွယ်ကို ဟော့ပေါ့၊ ချဉ်ငံစပ်တို့ ဟင်းရည်တို့ ချက်သောက်ရာမှာ ထည့်သွင်းစားသုံးလေ့ရှိသလို အမျိုးမျိုးလည်းချက်စားကြပါတယ်။

 

ဝါးရတာလည်း ထုတ်ထုတ်လေးနဲ့ ချိုတဲ့အရသာလေးလည်းရှိလို့ လူကြိုက်များပါတယ်။ ကြာစွယ်စားပေးရင် ကျန်းမာရေး အတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း

ကြာစွယ်ကို စားပေးတာဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ကြေးနီနဲ့ သံဓာတ်ပါဝင်လို့ သွေးနီဆဲလ်တွေ ထုတ်လုပ်မှုကို မြင့်တက်စေပြီး သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။


 နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း

သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးဖိအားကိုထိန်းပေးသလို နှလုံးသွေးကြော ကျန်းမာရေး ကိုလည်း ကောင်းမွန်စေပါတယ်။ နှလုံးကိုကျန်းမာစေတဲ့ အစားအစာလည်းဖြစ်ပါတယ်။

 

Read More >>>>>  အစပ်ကြိုက်သူများအတွက် ရခိုင်မုန့်တီသုပ်


အစာချေစနစ်ကို ကောင်းမွန်စေခြင်း

အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ပုံမှန်စားပေးရင် အစာချေစနစ်ကို ကောင်းမွန်စေလို့ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဝမ်းလျှောတာမျိုးလည်းမဖြစ်စေပါဘူး။


မျက်လုံးအား ကောင်းမွန်စေခြင်း

ဗီတာမင် A ကြွယ်ဝစွာပါဝင်ပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။


ကိုယ်ခံအားစနစ်မြှင့်တင်ပေးခြင်း

ဗီတာမင် C ပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိ၊ တုတ်ကွေး၊ ဖျားနာအပါအဝင် တခြားရောဂါအမျိုးမျိုးမှလည်း ကာကွယ်ပေးနိုင်ပါတယ်။


ကင်ဆာဖြစ်ပွားမှုကို လျော့ကျစေခြင်း

ဗီတာမင် C ဆိုတဲ့ Antioxidant ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက် သင့်တော်သလို ကင်ဆာရောဂါကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။


Source: Lwinpyin

Read times Last modified on Wednesday, 26 June 2019 11:09
Rate this item
(1 Vote)